Yolo_Y20
ငါက များသောအားဖြင့် အိပ်မက်တွေထဲမှာ စိတ်မချမ်းသာစရာတွေချည်းပဲ မက်လေ့ ရှိတဲ့သူ။ ငါကြောက်တဲ့ trauma တွေက whirl pool တွေလိုပဲ မလွတ်မြောက်နိုင် ၊ အမြဲတမ်း နောက်ကွယ်ကနေ သတိပေးနေသလိုပဲ အဲ့ဒါတွေပဲ တဝဲလည်လည် ရစ်ငင်နေတာ ။ ဒီနေ့ နေ့ခင်းအိပ်တော့ အိပ်မက်ထဲမှာ ဘုံဘုံက ကြောင်ပေါက်လေးတွေ မွေးထားတာ၊ ကြောင်ပေါက်လေးတွေ ကုတင်ပေါ်ကပြုတ်ကျနေတာကို အသာလေးကောက်ပြီး ပြန်ထားပေးနေတာ၊ ဘုံဘုံက ပြေးလာပြီး လာလုတာ .... အဲ့ဒါကိုပြန်တွေးပြီး ပျော်နေတာဆိုတာ ။ ငါသတ်မှတ်တဲ့ အပျော်ဆိုတာ ဒါမျိုးလေးပဲပေါ့ဆိုပြီးတွေးမိတယ်။ငါ့မှာ တခါတလေ ဒီလိုလေး အိပ်မက်လေးတွေကိုပဲ ထွေးပိုက်ထားချင်ပါတယ်။