
Zhany_105
ကျွန်တော်ဒီညnovelလေးတစ်ပုဒ်ဖတ်လို့ပြီးသွားခဲ့ပြီ။ဒါ ကျွန်တော်အရင်ကတည်းကongoလိုက်ခဲ့ရတဲ့ novelဆိုလည်းမမှားဘူးပေါ့။နောက်ပိုင်းအလုပ်ကိစ္စတွေရှိလာတော့ wpကို ခြေမချနိုင်တော့တာတော်တော်ကြာခဲ့ပြီ။ခုမှသတိတရနဲ့ပြန်ကြည့်မိတော့ ဒါလေးတောင်ပြီးသွားပြီဆိုတော့ ဝင်ဖတ်ကြည့်မိတယ်။တကယ်ကို မျှော်လင့်ချက်မပျက်စေခဲ့ဘူး။mlနှစ်ယောက်လုံးစိတ်ဓာတ်ကို အရမ်းသဘောကျတယ်။အရမ်းဇီဇာကြောင်တဲ့ကျွန်တော်က ကြားထဲမှာသူတို့နှစ်ယောက်ကြောင့် စာဆက်ဖတ်ချင်စိတ်ကုန်သွားတာတွေရှိခဲ့ဖူးတယ်။စိတ်ထဲမှာမချင့်မရဲတွေဖြစ်ပြီး ကိုယ်ဖြစ်စေချင်သလိုမဖြစ်တော့ပေါ့။ဒီလိုနဲ့ပဲမကျေနပ်လည်း ဆက်ဖတ်ခဲ့ရတာကနေ ခုတော့ ပြီးဆုံးသွားခဲ့ပြန်ပြီ။ဇာတ်လမ်းကစိတ်ရှည်ရှည်နဲ့တော်တော်လေးသည်းညည်းခံဖတ်ရမဲ့ဇာတ်လမ်းပါ။လှည့်ကွက်တွေ၊ ဓားတွေ ၊သွေးအပြည့်ပါတဲ့ခွေးစာတွေလည်း ကောင်းကောင်းလေးဖတ်ရမှာမလို့ ရသစုံခံစားရစေမှာကိုတော့ အာမခံပါတယ်။ နောက်ထပ်novelကောင်းလေးတစ်ပုဒ်ကို နှုတ်ဆက်လိုက်ရပြီဆိုတော့ နည်းနည်းတော့စိတ်မကောင်းဘူး။ongoလိုက်တဲ့ထိ တွယ်လာတဲ့သံယောဇဉ်ကလည်းမနည်းဘူးဆိုတော့ နှုတ်ဆက်ရတဲ့ချိန်ရင်ထဲမှာဟာတာတာနဲ့ပေါ့။ဒါကတော့ ကျွန်တော်အခွင့်ကြုံတုန်းလေး ပြီးဆုံးသွားတဲ့novelလေးအတွက် အမှတ်တရရေးတဲ့စာပါ။ တလက်စတည်း ကျွန်တော့်ရဲ့followerတွေကိုလည်း novelကောင်းလေးတစ်ပုဒ်ညွှန်းပေးခဲ့ချင်ပါတယ်။ "ထိုနှစ်များမှာမြတ်နိုးဖွေရှာ"ဆိုတဲ့ novelလေးကို review ပေးခဲ့ပါတယ်။ https://www.wattpad.com/story/244665583?utm_medium=link&utm_source=android&utm_content=share_reading