Tuan_Hui_Yar

The Birthday Letter to the cherished treasure, Ugly duck penguin charming  and essential part of my life
          25.12.2024
          
                      ဘဲရုပ်ဆိုး ပင်ဂွင်းရုပ်ဆိုး XP ဘဲရုပ်ဆိုး ပင်ဂွင်းရုပ်ဆိုး နောက်ဆုံးတော့ ထိပ်စီးပြောင်းသွားခဲ့ပါပြီ ရေး!!! ပျော်စရာကြီး ပျော်စရာကြီး! တကယ်တော့ ဘာကနေဘယ်လိုစပြောရမှန်းတောင်မသိဘူးရယ် *giggle* အော...ဒီနှစ်က ဒုတိယအကြိမ် ဆုတောင်းပေးရတဲ့ မွေးနေ့ပေါ့နော်။ခနလေး လို့ထင်ခဲ့တာ နှစ်နှစ်နီးပါးတောင်ရှိပြီပဲ အချိန်တွေကုန်တာ မြန်လွန်းတယ်နော်။မနှစ်ကတစ်နှစ်လုံးနီးပါးရော ဒီနှစ်တစ်နှစ်လုံးရော လေးယောက်လုံး အတူတူရှိခဲ့ကြပြီးပြီ။ဒီနှစ်ရဲ့ ယံပေါင်ပေါင်းမွေးနေ့အတွက်ပထမဆုံး ဆုတောင်းကိုတော့ နောက်နှစ်ပေါင်းများစွာအထိ ဒီလိုမျိုးလေးပဲ အကြာကြီး လေးယောက်အတူတူရှိသွားကြရပါစေ။ရှိသွားကြရအောင်နော်။
          
                     နည်းနည်းလောက် မန်မိုရီအစအနလေးတွေကို စမြုံ့ပြန်ကြရအောင် ဟဲ"။စစတွေ့တဲ့နေ့ကိုလဲမှတ်မိသေးတယ် အဲ့နေ့က ရာစိတ်ကူးပေါက်ပြီး လာနှုတ်ဆက်ခဲ့တာ အဲ့လိုသာမနှုတ်ဆက်ရင် ဒီလို ချစ်စရာ စကွက်သေးသေးလေးရှိလာပါ့မလားနော်။စစတွေ့ထဲက အာ ဒီတစ်ယောက်က ငါနဲ့ ဓာတုမိတာပဲလို့ စဉ်းစားမိတဲ့အထိ ရှားရှားပါးပါး စကားပြောဖော်လေးပါပဲ။အဲ့ကနေ အများကြီး အများကြီးချစ်ရတဲ့ အစ်ကိုကြီး[20ပြည့်ပြီဆိုတော့ အစ်ကိုကြီးရာထူးကို တရာဝင်အပ်နှင်းပါသည်] အနေနဲ့ အများကြီးခင်လာကြပြီ။ဒီလိုမျိုး ပုံစံလေးကို တအားသဘောကျတာပဲ။ဒီလို friendship မျိုးကလေ ဟိုးငယ်ငယ်လေးတည်းက အကြာကြီး အကြာကြီး စိတ်ကူးယဉ်ခဲ့တဲ့ ပုံစံမျိုးနဲ့တစ်ထပ်တည်းကျနေတာရယ်။အဲ့တာကြောင့်မလို့ Triple YJက တစ်ကယ်ကို အများကြီး ချစ်ပြီးတော့ အများကြီးတန်ဖိုးထားရတဲ့ ကလေးလေးတွေပါပဲ။အများကြီးချစ်တယ်နော်။
          
                    မနှစ်က သာ့ကောမွေးနေ့မှာ ည၁၂ထိစောင့်တာကိုမေမေမိသွားလို့ဖုန်းသိမ်းခံလိုက်ရတာလေ မှတ်မိသေးတယ် အဲ့မှာ 11ခွဲလောက်ကြီးသိမ်းသွားရော ဆုတောင်းစာက postမတင်လိုက်ရ မနက်ကျတော့ ညအိပ်ရာဝင်နောက်ကျတာနဲ့မထနိုင် လုံးဝတစ်ယောက်တည်း ဂယက်ကိုဖြစ်ပြီး ဆွမ်းတော်ကိုကိုယ်တိုင်မကပ်ပေးလိုက်ရတာလေ။ဒီနှစ်တော့ ရအောင်ကပ်မယ်ပေါ့ဆိုပြီး ကြုံးဝါးထားတာကို ဒီနှစ်လဲ တိုက်တိုက်ဆိုင်ဆိုင် ခရီးသွားရတဲ့ရက်ကြီးဖြစ်နေတော့ မနက်ဆွမ်းလေးပဲရအောင်ကပ်သွားတော့တယ် "(  အမှန်အတိုင်းပြောရရင် တကယ်ဝမ်းနည်းနေတာပါ။တကယ်ဆို အများကြီးစီစဉ်ထားတာကို ရုတ်တရက်ကြီး ဒီလိုအစီအစဉ်ဖြစ်သွားလို့ရယ်။

Tuan_Hui_Yar

ဒီဇင်ဘာလရဲ့ပန်းလေးတွေဖြစ်တဲ့ Narcissus ပန်းလေးတွေရဲ့အဓိပ္ပာယ်လိုမျိုး ကောင်းမွန်တဲ့အနာဂတ်မှာ ​ငြိမ်းငြိမ်းချမ်းချမ်းရှိပြီး အခုလိုမျိုး အမြဲတမ်းပျော်ရွှင်မှုကိုရရှိပါစေနော်။Narcissus တွေကလေ Greek Mythology ကလာတယ်လို့အဆိုရှိတဲ့အတိုင်းပဲ ကိုယ့်အမြင်ပေါ်မူတည်ပြီး အဲ့ဒီ့ mythology က အမြင်အမျိုးမျိုးပြောင်းလဲသွားမှာပဲ။self-obsession လို့သူများတွေက ဆိုပေမယ့် ရာကတော့ self-loveလို့ပြောရင် တစ်အား positive thinking ဆီရောက်သွားလောက်မယ်။ဒါပေမယ့်လေ လှပတဲ့ ဒဏ္ဍာရီလေးတစ်ပုဒ်လို့ပဲ သတ်မှတ်ကြရအောင်။
            
                      ဒါဆို အဝါရောင် Narcissus ပန်းစည်းတစ်စည်းကိုတော့ သာ့ကောအတွက် ရာ့ရဲ့ ဒီနှစ်အတွက် မွေးနေ့လက်ဆောင်လို့သတ်မှတ်ကြရအောင်။new beginning ကိုရည်ရွယ်ပြီး Friendship ကို ကိုယ်စားပြုတဲ့ အနေနဲ့ပေးတဲ့ ဒီပန်းစည်းလေးက ဒီfriendshipကို eternal ဆိုတဲ့အတိုင်း ထာဝရမဟုတ်တောင် နှစ်ကာလအကြာကြီး တည်မြဲဖို့ ရည်ရွယ်ပါတယ်။
            
            ​        နောက်ဆုံးအနေနဲ့ မွေးနေ့ကိုနောက်ထပ်တစ်ကြိမ် ဂုဏ်ပြုပါတယ်။ဒီနေ့တစ်နေ့လုံးလဲ မိသားစုနဲ့အတူ အများကြီးပျော်ရွှင်ပြီးရစိတ်ချမ်းသာစရာကောင်းတဲ့ အချိန်တွေနဲ့အမှတ်တရတွေအများကြီးရှိတဲ့ထူးခြားတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေ။နောက်တစ်နှစ်မှာလဲ ဒီနှစ်လိုအများကြီးကြိုးစားပြီး အကောင်းဆုံးတွေဆီကိုသွားကြမယ်နော်။သာ့ကောကို ရာက အများကြီးချစ်ပါတယ်။
            
            Happy Birthday & Merry Christmas Yan
            25.12.2024
Reply

Tuan_Hui_Yar

            စကားများပြီးသွားတာတော့မဟုတ်ဘူးနော် ထပ်ပြောရရင် တစ်ထောင့်တစ်ညနဲ့တောင်ပြီးမှာမဟုတ်လို့ တော်လိုက်တော့မယ် ဟီး" နောက်နေ့ကျမှ ထပ်တော်ကီပွားကြတာပေါ့ သိတယ်မလားရှောင်ရာ ပွစိပွစိနိုင်ရင် တစ်အားကြာတာဆိုတာ။
            
                       ဒီနှစ်အတွက်လဲတာဝန်ကျေခဲ့ပြီနော် အများကြီးပင်ပန်းသွားပါပြီ။ပြီးတော့ ငါတို့ယံပေါင်ပေါင်းက အကောင်းဆုံးလုပ်နိုင်ခဲ့တာမလို့ ရာက အများကြီးဂုဏ်ယူပါတယ်။ပြီးတော့ ဒီနှစ်မှာလဲ ရာ့ကိုအမြဲဘေးနားမှာရှိနေပေးတဲ့အတွက်လဲ ကျေးဇူးအများကြီးတင်ပါတယ်နော်။သာ့ကောဆိုတာနဲ့ လုံခြုံသွားတဲ့ခံစားချက်ကိုရတဲ့အထိ များကြီးနွေးထွေးပေးတဲ့ အစ်ကိုကြီးတစ်ယောက်ကို ကောက်ရလိုက်သလိုမျိုးပဲ။ဒါကလေ ရွှေထုပ်ကောက်ရတာထပ်ကို ရာ့အတွက်တန်ဖိုးရှိတယ်ရယ်။သာ့ကောက ရာ့ထပ်ငယ်တာတောင်မှလေ ရာ့အတွက်တကယ်ကို warming အများကြီးဖြစ်တဲ့ အစ်ကိုကြီးတစ်ယောက်လိုပါပဲ။
            
                      မွေးနေ့အတွက်ကတော့ ပထမဆုံးအနေနဲ့ မွေးနေ့ကို ဂုဏ်ပြုပါတယ်။နှစ်တစ်နှစ်ကို အများကြီးကြိုးစားခဲ့သလို အကောင်းဆုံးတွေကိုပဲ အရယူခဲ့ပြီး ဖြတ်သန်းနိုင်ခဲ့တဲ့အတွက်လည်း ဂုဏ်ယူပါတယ်။မွေးနေ့ဆုတောင်းအနေနဲ့ကတော့ အခုလိုမျိုးပဲ အမြဲတမ်းစနောက်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ နေ့ရက်တိုင်းကိုဖြတ်သန်းပြီးတော့ အကြာကြီး အကြာကြီး ချစ်ရတဲ့မိသားစု ပြီးတော့ သူငယ်ချင်းတွေနဲ့  ဘဝကို ခလုတ်မထိဆူးမညိပါပဲ ကောင်းမွန်ပြီးကြင်နာတတ်တဲ့ ဆရာဝန်ကောင်းလေးတစ်ယောက်အဖြစ် နှစ်ပေါင်းကြာရှည်အောင်နေသွားနိုင်ပါစေ။တီတီ့ကိုလဲအများကြီးချစ်ပြီး အများကြီး ကျေးဇူးသိတတ်တဲ့သားလိမ္မာလေးလဲဖြစ်ပါစေနော်။
            
                       ပြီးတော့ ကျန်းမာပြီး ပျော်ရွှင်တဲ့ ကောင်လေးအဖြစ် ကုသိုလ်ကောင်းမှုတွေအများကြီး လုပ်ပြီး လူအများကိုအကျိုးပြုကူညီနိုင်တဲ့ သူတစ်ယောက်လဲဖြစ်ပါစေ။အများကြီး ပိုတောက်ပလာဦးမှာသေချာတာမလို့ ကောင်းကင်က ကြယ်တွေထက်ပိုပြီး လင်းလက်တဲ့ ကြယ်လေးတစ်ပွင့် ဖြစ်လာဦးမှာပါ။
            
                       တစ်ကယ်တော့ သာ့ကောကိုရည်ရွယ်ပြီးပေးချင်တဲ့ မွေးနေ့လက်ဆောင်ရှိပေမယ့် အခြေအနေအရတော့ ပေးလို့အဆင်မပြေသေးဘူးရယ်။အဲ့တာမလို့ ဒီနှစ်လဲပဲ မနှစ်ကလို အချစ်တွေပဲ အကြိုလက်ဆောင်အနေနဲ့ ယူထားပါဦးနော်။
            
Reply

Tuan_Hui_Yar

ရှောင်ရာရာ့ သာ့ကောကောရဲ့ 19နှစ်ပြည့် မွေးနေ့ဆုတောင်းလွှာ
          25.12.2023
          
          သာ့ကော သာ့ကော ရှောင်ရာရာ့ သာ့ကောကောရေ မွေးနေ့အတွက် အများကြီး အများကြီးဂုဏ်ယူပါတယ်။အဟမ်း! အခုမှ 19နှစ်ပြည့်တာမလို့ ဘေဘီယံယံကို ဒီနေ့တော့ ဘေဘီယင်းပါမယ် ဟီးဟီး။
          
          ဒီနှစ်မွေးနေ့မှစပြီးတော့ နောက်နှစ်ပေါင်းများစွာအထိ ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်ဖြင့် ဘဝကိုချစ်ရတဲ့သူတွေနှင့် ဖြတ်သန်းပြီး အေးချမ်းတဲ့ ဘဝတစ်ခုကိုပိုင်ဆိုင်ရပါစေ။ဝါသနာအရင်းတည်တဲ့ ငါတို့ ရှောင်ယံယံလေးက အများကြီးတော်တဲ့ ဆရာဝန်ကြီးဖြစ်လာဦးမှာ။အဲ့ဒီ့အတွက်လည်း ရှောင်ရာရာက အများကြီး ဂုဏ်ယူရပါတယ်။
          
          ဒါက Triple YJပထမဆုံးအတူရှိဖူးတဲ့ မွေးနေ့နော်။ခရစ္စမတ်နေ့မှာမလိူ့ ပိုပြီးအမှတ်တရဖြစ်တာပါပဲ။ဒီနှစ်အတွက် မွေးနေ့လက်ဆောင်ကတော့ ရှောင်ရာရာအချစ်တွေအများကြီးကို ပါဆယ်ထုတ်ပေးလိုက်ပါတယ် xp.
          
          ရှောင်ယံယံ ရှောင်ယံယံ ဒီနှစ်အတွင်းမှာ အများကြီး ပင်ပန်းသွားပါပြီ။အများကြီးကြိုးစားပြီး အကောင်းဆုံးလုပ်နိုင်ခဲ့တဲ့ ငါတို့ရှောင်ယံယံလေးက အများကြီးပင်ပန်းသွားပါပြီ။ပြီးတော့ ဒီလောက်အချိန်တိုတွင်းလေးမှာ ရှောင်ရာရာ့ကိုအများကြီးချစ်ပေးခဲ့တာမလို့ အများကြီးကျေးဇူးတင်ပါတယ်။Triple YJက အမြဲအတူရှိနေကြမယ်နော်။
          
          ​အကြောင်းအမျိုးမျိုးကြောင့် မွေးနေ့ဆုတောင်းက နောက်ကျသွားတယ်ကွယ်။ပျော်ရွှင်စရာမွေးနေ့လေး ပိုင်ဆိုင်ခဲ့တယ်ဟုတ်။မားမားကားနားထောင်နော်။ငါတို့ယံယံက လိမ္မာပြီးသားပါ။အဲ့ ပြီးတော့ ရှောင်ရာရာ့ကိုတော့ဒီ့ထပ်ပိုပြီးအလိုလိုက်ပြီးချစ်ပေးပါ ဟီးဟီး။
          
          ကံကောင်းခြင်းတွေပိုင်ဆိုင်ပြီး လှပတဲ့နေ့ရက်တွေရှိတဲ့နှစ်တစ်နှစ့်ဖြစ်ပါစေ။ပြောစရာတွေက သိတဲ့အတိုင်းပဲ ကုန်မှာမဟုတ်ပေမယ့် ဒီနေ့တော့ ဒီလောက်အထိပါပဲ။မွေးနေ့အတွက် နောက်တစ်ကြိမ် ထပ်ပြီးဂုဏ်ယူပါတယ်။ရာက ငါတို့ ယံပေါင်ပေါင်းကို အများကြီးချစ်ပါတယ်နော်။
          
          Happy Birthday & Merry Christmas Yan .
          
          Tuan Hui Yar.
          
          စာကြွင်း: ရှောင်ယံယံ ဘေ့စ်တီးတာနားထောင်ချင်။

LinnTainYan

✨"25.12.2004 To 25.12.2023"✨
          
          " Happy Birthday Par ငါတို့ဇေဇေ‌ေလးရေ "
          
          "ငါတို့သာ့ကော 19နှစ်ပြည့်သွားလို့ ဂုဏ်ယူပါတယ်ဗျာဟီး"
          
          "18နှစ်ကာလကြီးကိုအကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ပါပြီဟီး"
          
          (19နှစ်ပြည်သွားရင်လဲညီလေးကညီလေးပဲနော် မရဘူး )
          
          "‌မွေးနေ့မှာအများကြီးအများကြီးပျော်ရွှင်ပါစေဗျာ"
          
          "အရင်ဆုံးပြောချင်တာကတော့ အခုလို Triple YJ squadကြီးနဲ့ အတူရှိနေပေးလို့လဲ အများကြီးကျေးဇူးတင်ပါတယ်လို့ငါတို့ဇေဇေလေးကို ဟီး။
          ‌နောက်လဲငါတို့တွေအကြာကြီးအတူရှိသွားကြမယ်နော်
          ဇေဇေက ငါတို့အတွက်တဂယ်အဖိုးတန်လေးပါ။စစသိချင်းတုန်းက ချေတယ်ထင်ထားတာ။ပေါင်းကြည့်တော့ တဂယ်ကိုခင်ဖို့ကောင်းပြီး စလို့ကောင်းတဲ့သူငယ်ချင်းလေးပါဟီး။တဂယ်ဇေဇေကို စရတာပျော်စရာတဂယ်ကောင်းတယ်။အရမ်းကိုပျော်တတ်တဲ့သူငယ်ချင်းလေးပါ။ဘယ်လိုပဲကြည့်ကြည့်အမြဲလန်းဆန်းပြီးတက်ကြွနေတာ ဇေဇေနဲ့စကားပြောလိုက်ရင် တဂယ်ပျော်မြူးသွား‌ေရာ။ အမြဲအားပေးခဲ့တာတွေရော စိတ်ညစ်တိုင်းနှစ်သိမ့်ပေးခဲ့ပြီး စိတ်ပူပေးတာတွေရောတဂယ်ကို‌ကျေးဇူးတင်ပါတယ်ဗျ။ ဇေ‌ဇေလဲစိတ်ညစ်တဲ့အခါရှိရင် ငါ့ကိုပြောလို့ရတယ်နော် ငါ‌က‌ေဇ‌ေဇအတွက်အားပေးဖို့အသင့်ရှိနေမှာဗျ ။ဇေဇေကိုသူငယ်ချင်းလေးတစ်ယောက်လိုရော အစ်ကိုတစ်ယောက်လိုရော အများကြီးခင်တယ်နော်။ရှေ့လျှောက် တူတူဆိုးပြီးတူတူပျော်ရအောင်မိုင်ဖရန့်။ အငယ်လေးနှစ်ယောက်စနောက်ပြီး စိတ်ကောက်ခံရတဲ့အခါလည်း အတူချော့ရအောင်ခွီးးး(တစ်ယောက်တည်းထားသွားရင်ဖရိုက်အာလူးမ‌ေကျွး‌တော့ပါဘူး)။ပြီးတော့ အစအရာရာအတွက်ကျေးဇူးတင်ပါတယ်ဗျ။‌ကဲကဲ လေပေါတာနည်းနည်းများသွားပြီမို့ မွေးနေ့ဆုတောင်းလေးဆုတောင်းပေးပါတော့မယ်ဗျာဟီး။"
          
          "ငါတို့ဇေဇေလေး မွေးနေ့မှာအများကြီးပျော်ရွှင်ပါစေ‌ဗျာ"
          
          "လိုအင်ဆန္ဒတွေလဲ အကုန်ပြည့်ပါစေဗျ ။"
          
          "ချစ်ရတဲ့သူတွေနဲ့လဲ မခွဲမခွာပဲအတူရှိနိုင်ပါစေဗျာ။"
          
          "အများကြီးထူးချွန်ထက်မြတ်တဲ့သူဖြစ်ပါစေနော်။"
          
          "ဝါသနာပါရာတွေလုပ်ရင်လဲသေချာပေါက်အောင်မြင်ပါစေဗျ"
           
          "ရည်ရွယ်ထားတဲ့အရာတွေလဲအကုန်ဖြစ်ပါစေနော်။"
          
          "ချစ်ရတဲ့သူရှိက သေချာပေါက်ပြန်အချစိခံရတဲ့ သူလေးဖြစ်ပါစေဗျာ။"
          
          "အစစအရာရာလဲအဆင်ပြေပြီး ဘ၀တစ်လျှောက်လုံးအေးချမ်းပျော်ရွှင်ပါစေနော်။"
          
          "ဘ၀မှာအခက်အခဲတွေရှိခဲ့ရင်လဲအကောင်းဆုံးကျော်ဖြတ်နိုင်ပါစေဗျာ။"
          
          "မိဘအပေါ်သိတတ်တဲ့သားလိမ်မာလေးဖြစ်ပါစေဗျာ။"
          
          "ကျန်းမာပျော်ရွှင်တဲ့ဘ၀ကိုပိုင်ဆိုင်နိုင်ပါစေဗျ။"
          
          "ဒီမွေးနေ့မှစပြီး နေ့ရက်တိုင်းအများကြီးပျော်ရွှင်ပါစေလိုဒီကိုကြီးကဆုတောင်းပေးလိုက်ပါတယ်ဗျ"
          
          
          

LinnTainYan

ပြီးတော့ ....ထပ်ပြီး
            
            " Happy Birthday Par လို့ ငါတို့ဇေဇေလေးရေ "
            
            ✨"Sweet 19 par ! ဇေဇေရေ  (⁠≧⁠▽⁠≦⁠)"✨
Reply