Dear my LOLLIPOP readers,
ပထမဆုံး အကြာကြီးပစ်ထားမိတဲ့အတွက် စာဖတ်သူတွေအကုန်လုံးကိုတောင်းပန်ချင်ပါတယ်။ ဒီလောက်အချိန်တွေကြာသွားတာတောင် စုပ်လုံးလေးကို မမေ့မလျော့ဘဲရှိနေပေးကြတဲ့သူတွေရော ၊ update လာတောင်းကြတဲ့သူတွေရောကို အများကြီး ကျေးဇူးတင်ရပါတယ်။
LOLLIPOP က ကိုယ်စာရေးသူပေါက်စဘဝမှာ ရေးခဲ့တဲ့ ပထမဆုံး fiction လည်းဟုတ်သလို ၊ KookMin ရေးတာလည်း ဒါလေးကပထမဆုံးပါပဲ။ ၃ နှစ်တောင်ကြာသွားပြီမလို့ အခုနဲ့ယှဥ်ရင် အရေးအသားက နည်းနည်းပါးပါးတော့ကွာသွားမယ်ထင်တယ်။ ၃ နှစ်လုံး ရေးထားတာတွေကို ဘယ်လောက်ပြန်ဖတ်ကြည့်ကြည့် ကိုယ့်ဟာကိုယ် စိတ်ကျေနပ်တယ်လို့ မခံစားခဲ့ရပေမဲ့ ပထမဆုံးဖြစ်တာကြောင့် အဆုံးထိရေးမယ်လို့ ဆုံးဖြတ်ထားပါတယ်။
အဲ့ဒါကြောင့် ကိုယ်ဒါလေးကို မနက်ဖြန်ကျရင် unpublish ခဏလုပ်ချင်ပါတယ်။ ဟာကွက်တွေရော ၊ စိတ်တိုင်းမကျတာတွေရောရှိနေတာမလို့ ပြင်စရာရှိတာတွေပြင်ထားတဲ့ version အသစ်လေးကို update မှန်မှန်လေးနဲ့ ကြိုးစားပြီးပြန်တင်ပေးပါ့မယ်။ ပြင်မယ်ဆိုလို့ plot တစ်ခုလုံးကြီးပြောင်းသွားတာမျိုး မဟုတ်ပါဘူးနော်။ အရေးအသားမညီတာလေးတွေရှိလို့ သေချာပြန်စစ်ချင်လို့ပါ။ စောင့်နေပေးပါဦးရှင့်။ ကျေးဇူးတင်ပါတယ်။