_venna

Hello everyone! I want to tell you something important about my fiction. (စာနည်းနည်းရှည်နိုင်ပါတယ်)
          	
          	ဟိုတစ်လောက ရေးလက်စတွေ အကုန်ဖျက်ပြီး ပျောက်သွားခဲ့တာအတွက်တော့ အကြောင်းပြစရာရယ်လို့မရှိပါဘူး။ အကုန်ဖျက်ပစ်ခဲ့တာလည်း ဆက်မရေးဖြစ်လောက်တော့ဘူးထင်လို့ပါ။ 
          	
          	စာရေးဖို့အတွက် ပြန်စဉ်းစားလိုက်ရတာတော့ အမှန်ပါပဲ။ ဝါသနာရယ်လို့ အစပြုခဲ့တာမဟုတ်ပေမယ့် တဖြေးဖြေးသဘောကျလာခဲ့တာကြောင့် ရပ်ပစ်လိုက်ဖို့က မလွယ်တော့ပါဘူး။ 
          	
          	အတွေးလေးတွေပေါ်လာသရွေ့ ရေးနေမိဦးမယ် ထင်ပါတယ်။ Our Romance ဆိုတဲ့ one shot လေး တစ်ခုကစပြီး အခုအချိန်အထိ ရေးသမျှ ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်း အများကြီး ကျေးဇူးတင်ကြောင်း ဒီစာလေးနဲ့ပဲ ပြောပြချင်ပါတယ်။
          	
          	အခုစာရဲ့ အဓိကအကြောင်းအရာကတော့ အရင်ဖျက်ပစ်လိုက်တဲ့ fic သုံးခုထဲက နှစ်ခုကို ပြန်ရေးဖြစ်တော့မယ်လို့ မထင်ပါဘူး။ စောင့်နေတဲ့သူတွေရှိရင်တော့ စိတ်မကောင်းစွာပဲ တောင်းပန်ရပါတော့မယ်။ ပြန်ရေးဖြစ်မယ့်တစ်ခုကတော့ My Tattooist ဖြစ်နိုင်ပါတယ်။ သေချာရေးမယ်လို့ ဆုံးဖြတ်ပြီးရင် ပြန်တင်ပေးပါ့မယ်နော်။
          	
          	update ကြာနိုင်ပေမယ့် စောင့်ပေးကြမယ်ဆိုရင်တော့ အတိုင်းအထက်အလွန်ပါပဲ။ စာအဆုံးထိ ဖတ်ပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
          	
          	Thank you guys!
          	With love ♡

_venna

@Iris-Berry မကျေနပ်ရင် ဂျောင်ဟိုဆော့နဲ့ စာရင်းပေးရှင်းပါ စောင့်နေပါတယ်လို့
Reply

Iris-Hobaring

@_venna ဒီမိုကရေစီရမှာ ယူ့ကိုတရားစွဲပစ်မယ် ဂျောင်ဟိုဆော့ကောင်မလေးကိုဘွိုင်ကော့ရဲ‌တယ်ပေါ့
Reply

_venna

@_BlackByul ဘလက်ခ်‌ဗြောရဲ့ အသည်းကိုခွဲဖို့ရာ ဒလန်လုပ်မှရပါတော့မယ် XD
Reply

meothh

Hello: ဗန်နာရေ လာပူဆာတာပါတကယ်က။
          Falling ကopenendingလည်းမဟုတ်ပဲCloseendingလိုလေးဖြစ်သွားတာဆိုတော့လေ anotherlifeလေးထပ်tryကြည့်ပါလားအဲ့လိုလေးစိတ်ကူးမိလို့လေ upအတွက်ကဘယ်လောက်ကြာကြာစောင့်နိုင်ပါတယ်ခင်ဗျ။
          

meothh

အခုမှvoteတွေပြန်ပေးနေရတဲ့အကြောင်းကဒီလိုနော် ဗန်နာရေးသမျှကို2021ထဲကonလိုက်ပြီးဖတ်လာတာ အခုမှအကုန်ပြန်ဖတ်ပြီးအစအဆုံးပြန်voteနေရတာကအကောင့်အသစ်မို့လို့။ဒီကြားထဲလည်းအသစ်လေးတွေမျော်နေတယ်နော်။

meothh

@_venna ဝမ်းနည်းသွားပြီတကယ်မျှော်နေတာဗျာ
Reply

_venna

@meothh စာစရေးတည်းက reader အဟောင်းလေးတွေကိုတော့ မှတ်မိစမြဲ မှတ်မိပါတယ်နော် အသစ်လေးတွေတော့ မမျှော်ပါနဲ့ဦးရှင်
Reply

meothh

Fallingကဖတ်တိုင်းရင်ကွဲအခမ်းအနားပဲficဖတ်ပြီးငိုရတာလက်ချိုးရေစရာမရှိပေမဲ့ဒီFallingထဲကကင်မ်ထယ်ယောင်းနဲ့ဂျွန်ဂျောင်ဂုတို့ရဲ့အချစ်တွေကိုမခံစားနိုင်ဘူးဖတ်တဲ့လူတွေနှလုံးသားရောမျက်လုံးတွေပါဖူးယောင်ကြတာဒီညပဲပြန်ဖတ်တာပြီးတယ်မျက်လုံးနှစ်လုံးကမပွင့်တော့ဘူးပိတ်နေပြီတော်တော်ကိုရင်ထဲထိတယ် ပြန်ဖတ်တိုင်းအသစ်လိုပဲ ဗန်နာတကယ်ကိုတော်တာပါ။နောက်ထပ်လာမဲ့အသစ်အသစ်တွေလည်းမျှော်နေပါမယ်နော်။

_venna

@meothh စာဖတ်သူတွေကို အသည်းခွဲခဲ့တဲ့ ဗန်နာကို ထပ်တူလွမ်းမိပါတယ်
Reply

kvjrm23

အချိန်မပေးနိုင်ရင်လည်း မရေးပါနဲ့လား
          အသစ်မျှော်ရတာ လချီကြာတယ်
          ဝါသနာအရရေးတာဆိုလည်း note နဲ့ရေးပြီး အကုန်ပြီးမှ တင်ပေးတာမျိုး လုပ်ပါလား 
          ဖတ်တဲ့သူတွေကိုအားနာတဲ့အနေဖြင့်