ali5on04
Link to CommentCode of ConductWattpad Safety Portal
စာဖတ်သူလေးတွေ အားလုံး အဆင်ပြေကြဖို့ သာသာမျှော်လင့်ပါတယ်ရှင့်။ 28ရက်နေ့က ဖြစ်သွားခဲ့တဲ့ မြေငလျင်လှုပ်ခပ်မှုကြောင့် သာသာ အားလုံးနဲ့ထပ်တူ ဝမ်းနည်းရပါတယ်။ သာသာလည်း မန္တလေးဇာတိဖြစ်တာကြောင့် ဒီအဖြစ်အပျက်ကြီးကို လက်တွေ့ခံစားခဲ့ရပြီး လက်ရှိမှာ နေအိမ်အဆောက်အဦးက ဘာမှဖြစ်မသွားပေမယ့် အတွင်းမှာရှိတဲ့ ပစ္စည်းအများအပြား ပျက်စီးဆုံးရှုံးမှုတော့ရှိခဲ့ပါတယ်ရှင့်။ ဒါ့အပြင် သာသာ့အတွက် ကျေးဇူးရှင်ဆရာတစ်ယောက်ဖြစ်တဲ့သူက Sky Villa ပြိုကျပျက်စီးမှုမှာ ပါဝင်သွားပြီး အခုချိန်ထိ သတင်းအစအန မရသေးတဲ့အခြေအနေမှာရှိပါတယ်ရှင့်။ ဒါကြောင့် သာသာတို့ အလှည့်ကျသွားရောက်ပြီး အခြေအနေကို စောင့်ကြည့်နေရပါတယ်ရှင့်။ ဆရာ့ရဲ့တပည့်တွေအားလုံးစုပေါင်းပြီး သာသာတို့တတ်နိုင်သလောက် အလှူအတန်းတွေလည်း လိုက်လုပ်နေသလို ဆရာ့ကိုလည်း အမြန်ဆုံးပြန်တွေ့နိုင်အောင် ဆုတောင်းနေကြရပါတယ်ရှင့်။
အခုလို သာသာလာပြီး အသိပေးရတာကတော့ သာသာ့အနေနဲ့ စိတ်အခြေအနေပြန်ကောင်းအောင် ကြိုးစားပြီး updateလေးကို ပေးမယ်ဆိုတာလေး ပြောချင်လို့ပါရှင့်။ မကြာခင်မှာ သာသာ updateအသစ်လေးနဲ့အတူ ပြန်လာခဲ့ပါမယ်ရှင့်။ စာဖတ်သူလေးတွေအားလုံးကို စောင့်ခိုင်းမိတဲ့အတွက်လည်း စိတ်မကောင်းဖြစ်သလို တောင်းပန်ပါတယ်ရှင့်။ သာသာရဲ့ storyလေးတွေကို သဘောကျပေးကြလို့လည်း သာသာကျေးဇူးအထူးတင်ပါတယ်ရှင့်။ အားလုံးဘဲ အထူးဂရုစိုက်ကြပါရှင့်။ ဘုရားတရားလေးလုပ်ပြီး ကျန်းကျန်းမာမာနဲ့ ဘေးကင်းအောင် နေကြပါရှင့်။
လက်ရှိအချိန်မှာ သာသာလိုဘဲ စိတ်အဆင်မပြေနေတဲ့ စာဖတ်သူလေးတွေလည်း ရှိကောင်းရှိနိုင်တယ်ဆိုရင် အားတင်းထားပါလို့ သာသာပြောချင်ပါတယ်ရှင့်။ ကိုယ့်နောက်မှာ ကိုယ်ကြည့်ရမယ့်သူတွေလည်း ရှိသေးတာကြောင့် အားမလျှော့ဘဲ ဆက်ကြိုးစားကြပါ။ မနက်ဖြန်မပြောနဲ့ ခဏနေတောင် ဘာဖြစ်မယ်မှန်းမသိရတဲ့ အချိန်ကြီးမှာ မိသားစုကို အချိန်ပေးပြီး ချစ်ချစ်ခင်ခင်နေကြပါလို့ သာသာစကားပါးချင်ပါတယ်ရှင့်။ အားလုံးဘဲ stay safe and strong!!!
KhaingWintThu
သာသာရေ
We waiting for you
KhaingWintThu
သာသာရေ
We waiting for you
KhaingWintThu
မျှော်နေပါတယ်
SN series ရတဲ့အနေနဲ့2ပိုင်းလောက် မအပ်ပေးချင်ဘူးလား သာသာ
magicaura_
ပစ်ထားလိုက်တာများ
magicaura_
Update လေးေတွေမျှာ်နေပါတယ် သာသာ
KhaingWintThu
Update လေးမျှော်နေပါတယ်ရှင်
KhaingWintThu
Part 26 ဖတ်လို့မရဘူးရှင့်
Fail Load ဖြစ်နေတယ်
ali5on04
စာဖတ်သူလေးတွေ အားလုံး အဆင်ပြေကြဖို့ သာသာမျှော်လင့်ပါတယ်ရှင့်။ 28ရက်နေ့က ဖြစ်သွားခဲ့တဲ့ မြေငလျင်လှုပ်ခပ်မှုကြောင့် သာသာ အားလုံးနဲ့ထပ်တူ ဝမ်းနည်းရပါတယ်။ သာသာလည်း မန္တလေးဇာတိဖြစ်တာကြောင့် ဒီအဖြစ်အပျက်ကြီးကို လက်တွေ့ခံစားခဲ့ရပြီး လက်ရှိမှာ နေအိမ်အဆောက်အဦးက ဘာမှဖြစ်မသွားပေမယ့် အတွင်းမှာရှိတဲ့ ပစ္စည်းအများအပြား ပျက်စီးဆုံးရှုံးမှုတော့ရှိခဲ့ပါတယ်ရှင့်။ ဒါ့အပြင် သာသာ့အတွက် ကျေးဇူးရှင်ဆရာတစ်ယောက်ဖြစ်တဲ့သူက Sky Villa ပြိုကျပျက်စီးမှုမှာ ပါဝင်သွားပြီး အခုချိန်ထိ သတင်းအစအန မရသေးတဲ့အခြေအနေမှာရှိပါတယ်ရှင့်။ ဒါကြောင့် သာသာတို့ အလှည့်ကျသွားရောက်ပြီး အခြေအနေကို စောင့်ကြည့်နေရပါတယ်ရှင့်။ ဆရာ့ရဲ့တပည့်တွေအားလုံးစုပေါင်းပြီး သာသာတို့တတ်နိုင်သလောက် အလှူအတန်းတွေလည်း လိုက်လုပ်နေသလို ဆရာ့ကိုလည်း အမြန်ဆုံးပြန်တွေ့နိုင်အောင် ဆုတောင်းနေကြရပါတယ်ရှင့်။
အခုလို သာသာလာပြီး အသိပေးရတာကတော့ သာသာ့အနေနဲ့ စိတ်အခြေအနေပြန်ကောင်းအောင် ကြိုးစားပြီး updateလေးကို ပေးမယ်ဆိုတာလေး ပြောချင်လို့ပါရှင့်။ မကြာခင်မှာ သာသာ updateအသစ်လေးနဲ့အတူ ပြန်လာခဲ့ပါမယ်ရှင့်။ စာဖတ်သူလေးတွေအားလုံးကို စောင့်ခိုင်းမိတဲ့အတွက်လည်း စိတ်မကောင်းဖြစ်သလို တောင်းပန်ပါတယ်ရှင့်။ သာသာရဲ့ storyလေးတွေကို သဘောကျပေးကြလို့လည်း သာသာကျေးဇူးအထူးတင်ပါတယ်ရှင့်။ အားလုံးဘဲ အထူးဂရုစိုက်ကြပါရှင့်။ ဘုရားတရားလေးလုပ်ပြီး ကျန်းကျန်းမာမာနဲ့ ဘေးကင်းအောင် နေကြပါရှင့်။
လက်ရှိအချိန်မှာ သာသာလိုဘဲ စိတ်အဆင်မပြေနေတဲ့ စာဖတ်သူလေးတွေလည်း ရှိကောင်းရှိနိုင်တယ်ဆိုရင် အားတင်းထားပါလို့ သာသာပြောချင်ပါတယ်ရှင့်။ ကိုယ့်နောက်မှာ ကိုယ်ကြည့်ရမယ့်သူတွေလည်း ရှိသေးတာကြောင့် အားမလျှော့ဘဲ ဆက်ကြိုးစားကြပါ။ မနက်ဖြန်မပြောနဲ့ ခဏနေတောင် ဘာဖြစ်မယ်မှန်းမသိရတဲ့ အချိန်ကြီးမှာ မိသားစုကို အချိန်ပေးပြီး ချစ်ချစ်ခင်ခင်နေကြပါလို့ သာသာစကားပါးချင်ပါတယ်ရှင့်။ အားလုံးဘဲ stay safe and strong!!!
ggggghjjhhhg
Gemini fourth ရေးပေးပါမမ