alla131

နောင်တတွေ တစ်ပွေ့တစ်ပိုက်နဲ့

alla131

မနက်ခင်းသတိတရနိုးပေးနေကျမို့ မနက်တိုင်းသတိရတယ်။
          
          မနက်စာကို၀အောင်အသေချာလေးစားလို့ မနက်စာစားတိုင်းပြောနေကျမို့ မနက်စာစားတိုင်းသတိရတယ်။
          
          ရေစောစောချိုးပြီး သန့်သန့်ရှင်းရှင်းနေလို့ပြောနေကျမို့ ရေချိုးတိုင်းလည်းသတိရတယ်။
          
          ဘာချက်လဲလို့မေးတိုင်း ချက်တဲ့ဟင်းလေးပြောပြီး ဦးချပြီးယူစားဆိုပြီး ကိုယ်တိုင်တောင်မစားရသေးဘဲ ကျွေးနေကျမို့သတိရတယ်။
          
          ညနေတိုင်းကလေးတေနဲ့အတူဆော့ အတူတူဟိုအကြောင်းဒီအကြောင်းပြောကြနဲ့မို့ သတိရတယ်။
          
          ညဘက်တေမုန့်စားတိုင်း သတိတရနဲ့လာလာကျွေးနေကျမို့သတိရတယ်။
          
          ညအိပ်ခါနီးတိုင်း ၀မ်အန်းလို့ပြောတတ်လို့ အိပ်ချိန်လည်းသတိရတယ်။
          
          ဘာလေးနေနေဖုန်းဆက်ပြီးအသိပေးနေကျမို့သတိရတယ်။
          
          အပြင်သွားစရာရှိလို့မုန့်၀ယ်ခဲ့လို့ပြောတိုင်း သတိတရနဲ့တစ်ခုခု၀ယ်လာပေးနေကျမို့ သတိရတယ်။
          
          ဘာလေးနေနေပြောပြလို့ရတဲ့အနီးဆုံးလူမို့ အချိန်တိုင်းသတိရတယ်။
          
          ချစ်တယ်။သတိရတယ်။အနေဝေးနေမှ အဖိုးတန်ဆုံးလေးဆိုတာပိုသိလာတယ်။❤️