berry_meow

exam ပြီးသွားပြီကွ ဝါးဟားဟားဟားးးးး

berry_meow

အကျက်ရော အတွက်ရော project ရောနဲ့ ဖြေပြီးသွားတာတောင် ခုထိမယုံနိုင်သေး
Reply

berry_meow

@berry_meow နောက်ဆုံး paper ဖြေတဲ့နေ့ကတော့သေမလိုပဲ ၂ နာရီပဲအိပ်ရတယ်
Reply

berry_meow

exam ပြီးသွားပြီကွ ဝါးဟားဟားဟားးးးး

berry_meow

အကျက်ရော အတွက်ရော project ရောနဲ့ ဖြေပြီးသွားတာတောင် ခုထိမယုံနိုင်သေး
Reply

berry_meow

@berry_meow နောက်ဆုံး paper ဖြေတဲ့နေ့ကတော့သေမလိုပဲ ၂ နာရီပဲအိပ်ရတယ်
Reply

berry_meow

တော်တော်လေးကို လူရောစိတ်ရော ပင်ပန်းရတဲ့ ရက်တွေပဲ

berry_meow

@berry_meow ပြီးသွားပါပြီ
Reply

berry_meow

ကျော့်ကို ကျော့် အိုတီပီ မ စပါစေ ><
Reply

berry_meow

imina skynani
Reply

berry_meow

ရန်ကုန်မိုး အဲ့အပြင်ကို စနေမှာရွာတဲ့ စနေမိုးဖြစ်နေသေးတာ

berry_meow

မိုးကသူ့ဘာသာသူ လွမ်းစရာကောင်းအောင်ရွာနေပေမယ့် တကယ်တော့ လူက ဘယ်သူ့ကိုမှ လွမ်းမနေဘူး ။ အိမ်အပေါ်ထပ်မှာကျ ခေါင်မိုးနဲ့နီးတာ နားငြီးလွန်းလို့ အောက်ထပ်ဆင်းလာထိုင်နေရတယ် စာလဲဆက်ကြည့်လို့မရတော့ဘူး 
Reply

berry_meow

လွမ်းစရာကောင်းအောင်ကိုရွာနေတော့တာပဲ
Reply

berry_meow

@berry_meow လူတွေပြောကြသလိုပဲ ရန်ကုန်မိုးက တကယ်လွမ်းစရာကြီးပါကွာ
Reply

berry_meow

HSF ပြန်လွှင့်တဲ့နေ့ ~~~~~

berry_meow

@berry_meow ကိုကိုက ချစ်စရာကောင်းအောင် story လေး လာတင်ပေးသွားသေးတာဗျာ လိမ္မော်သီးလေးလားပဲနော် သူ့လက်ထဲက ကတ်ပီဘာရာလေးပဲ ဖြစ်ချင်တော့တယ်
Reply

berry_meow

" ကမ္ဘာအဆက်ဆက် ဘယ်ဘဝရောက်ရောက် သူနဲ့ပဲဆုံချင်တယ် " တဲ့ ။ ဘဘဦးတိမ်ညွန့် ပြောခဲ့တဲ့စကား ။

berry_meow

@berry_meow ချစ်မိတော့လည်း လူတွေဟာ.. ။
Reply

berry_meow

ဘယ်သူ့မှ မရှိတဲ့ ဒီနေရာမှာ ပြောချင်တာတွေ အစိုင်အခဲတွေ ဖြေချရတာ တကယ်ကောင်းတာပဲ ။ ငါပဲရှိတဲ့ လျှို့ဝှက်သစ်လုံးအိမ်လေးထဲက နေရာလေးတစ်ခုလိုမျိုး ။ အိုက်ယားးး မိုက်လိုက်တာကွာ

berry_meow

တစ်ခါခါ တွေးမိတာတစ်ခုရှိတယ် ။ အဲ့ဒါက ဘာလဲဆို တစ်ယောက်ယောက်က " ငါ့ကို ဂရုစိုက်နော် ၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့မမေ့နဲ့ " အဲ့လိုမျိုးတွေ ပြောလာခဲ့ရင် ငါတစ်ချက်ချက် တွေဝေသွားတတ်တာပဲ ။ အသက် ၂၀ ထဲဝင်နေပြီဖြစ်တဲ့ လူတစ်ယောက်အနေနဲ့ ငါ့ကိုယ်ငါ ဘယ်လိုဂရုစိုက်ရမယ်ဆိုတာမှန်း ငါတကယ်မသိသေးဘူး ။
          
          ပြောတဲ့သူက ငါ့ကိုချစ်တဲ့သူ ဂရုစိုက်တဲ့သူဖြစ်နေရင် ငါကသူတို့ကို ပိုအားနာရတယ် ။ ငါသူတို့ပြောသလို မလုပ်နိုင်ခဲ့သေးလို့ပဲ ။ " ကောင်းကောင်းဂရုမစိုက်ပေးခဲ့ဘူး ထပ်ဖြစ်ပြန်ပြီ " အဲ့လိုမျိုး ထပ်ခါ"ဖြစ်နေတဲ့ ငါ့ပုံစံကို ပြရတာလည်း တကယ်ကို အားနာစိတ်ဝင်မိတာပဲ ။
          
          အချိန်တိုင်းအဆင်ပြေအောင် လိုက်ရောညီထွေဖြစ်အောင် နေတတ်တဲ့သူဆိုပေမယ့်လည်း ကိုယ့်ကိုယ်ကို ဂရုစိုက်နေတဲ့လူတော့ ဟုတ်မနေပြန်ဘူး ။ အဲ့လိုဆိုတိုင်းလည်း ငါက တစ်ခြားတစ်ယောက်ယောက်ကို အချိန်ပြည့်အားကိုးနေတတ်တဲ့သူလည်း မဟုတ်နေဘူး ။ လူတစ်ယောက်အနေနဲ့ နည်းနည်းတော့ ရူးကြောင်​ကြောင်နိုင်နေပေမယ့် အဲ့တာတကယ်ဖြစ်နေတာ ။ တကယ်မသိဘူး လို့ပြောရင် ဒါအပိုစကားမဟုတ်ဘူး ။ ငါတကယ်မသိဘူး ။ နည်း"ချင်းစီ ကြိုးစားနေပေမယ့် အပြည့်အဝကြီးထိ မရောက်နေသေးဘူး ။
          
          နေ့တိုင်း ငါ့ကိုယ်ငါဂရုစိုက်ရမယ်ဆိုတဲ့ အတွေးက ဖြတ်ခနဲ ခေါင်းထဲဝင်လာရင် ငါပိုပြီးတော့ ငါ့ကိုယ်ငါသတိထားတယ် ၊ ဂရုစိုက်တယ် ။ မေ့နေတတ်တာ တစ်ခါတလေကျ ။ အဲ့လိုမျိုး ခဏခဏတွေးမိအောင်လည်း လေ့ကျင့်ယူနေရတုန်း ။ ခက်တာပဲ ။ ဒါပေမယ့် ရှေ့ဆက်ပြီး ဘဝကိုရှင်သန်သွားဖို့အတွက်ဆို ဒီကိစ္စက မေ့ထားလို့မရတဲ့ နံပါတ်တစ်မို့ ။

berry_meow

@berry_meow စာအရှည်ကြီးပဲဟ ဘယ်လိုတောင်ရေးခဲ့တာငါ ಥ‿ಥ
Reply

berry_meow

@berry_meow သူများကိုဆို ဂရုစိုက်တာက လွယ်ကူနေပေမယ့် ကိုယ်တိုင်အတွက်ဆိုရင် ဘယ်ကစလုပ်ရမလဲမသိတော့ဘူး ။ ဘယ်လို စဂရုစိုက်ရမလဲကိုလည်း မသိဘူး ။ အဲ့ဒါက ငါအခုလက်ရှိဖြစ်နေတဲ့ ပြသာနာ ။ 
            
            အောက်စဖိုဒ်ဆရာတော်ကြီးဟောကြားတော်မူထားတဲ့ တရားတစ်ပုစ်ကို ဒီနှစ်အစောပိုင်းတုန်းက နားထောင်ဖြစ်လိုက်သေးတယ် ။ ဆရာတော်ဘုရားဟောသွားတာ တအားကောင်းတာပဲ ။ သူပြောသွားတဲ့စကားက " ကိုယ့်ကိုယ့်ကို သနားပါ ၊ ဂရုဏာထားပါ " တဲ့ ။ ပြီးတော့ မုဒိတာထားပေးဖို့ ။ စိတ်ဆိုးရတာ ဝမ်းနည်းရတာ စိတ်တိုရတာ စတဲ့အရာတွေကို ငါဆိုတာကပဲ ခံစားနေတာတဲ့ ။ အရမ်းသနားဖို့ကောင်းတယ် ။ အဲ့တာကြောင့် တစ်ပါးသူထက် အရင် ကိုယ့်ကိုယ်ကိုသနားပါတဲ့ ။ ကိုယ့်ကိုယ်ကို အရင်မေတ္တာထား ဂရုဏာပွားပေးဖို့ ။ ကိုယ့်ကိုယ်ကိုအရင် ဂရုဏာထားမှ တစ်ပါးသူကိုလည်း အစစ်အမှန် ဂရုဏာပေးနိုင်မှာတဲ့ ။ ဆရာတော်ဘုရားဟောသွားတဲ့ ဒီစကားတစ်ခုကို ငါ့ခေါင်းထဲအချိန်အတော်ကြာတဲ့ထိ သတိရနေမိတုန်းပဲ ။ ငါ့ကိုယ်ငါသနားဖို့ ။ သတိရတိုင်း အဲ့စိတ်ကို နှလုံးသွင်းတယ် ။ ကြိုးစားတယ် ။ ဒါပေမယ့် အခုထိလေ့ကျင့်ယူနေရတုန်းပဲ ။ ခက်ခဲတယ်အရမ်း ။
Reply