byunpiggy

ဘဝဆိုတာ ပါကင်ပိတ်ထားတဲ့
          	လက်ဆောင်ဘူးလေးတစ်ခုလိုပဲ 
          	လက်ခံရရှိတဲ့ အရာရာတိုင်းအတွက် 
          	ကျွန်တော် ကျေးဇူးတင်တတ်ခဲ့ပါတယ် ။
          	 #ဂန္ဓမာ
          	crd to original photographer

byunpiggy

ဘဝဆိုတာ ပါကင်ပိတ်ထားတဲ့
          လက်ဆောင်ဘူးလေးတစ်ခုလိုပဲ 
          လက်ခံရရှိတဲ့ အရာရာတိုင်းအတွက် 
          ကျွန်တော် ကျေးဇူးတင်တတ်ခဲ့ပါတယ် ။
           #ဂန္ဓမာ
          crd to original photographer

byunpiggy

"ကလေးရေ" သမီးရဲ့ အမေက အပူသည်ပေမယ့် သမီးရဲ့ အဖေကတော့ စစ်သည်တော်ပဲ။ သမီးကတော့ လက်သေးသေးလေးတွေနဲ့ လောကကြီးအကြောင်းကို မျက်စိပွင့် နားစွင့်ပြီး အမြဲတမ်း မေးခွန်းထုတ်နေပေးရင် ဖြစ်တယ်။ ကောင်းတာတွေက သုံးခု ဆက်တိုက် ရောက်လာတတ်ရင် အဆိုးတွေကလည်း အဲ့ထက် လေးငါးဆယ်ခုမက သမီးဆီကို ရောက်ချလာဦးမှာကို‌တော့ မမေ့ထားနဲ့ပေါ့။ အဆိုးအကောင်းတွေ ကြားထဲ အမှားတွေ လုပ်မိတဲ့အခါ တောင်းပန်ဖို့လည်း ၀န်မလေးနဲ့။ ဒါပေမယ့် ဘယ်တော့ ဘယ်သောအခါမှ သမီးရဲ့ မျက်၀န်းတွေကို အမြဲ လင်းလက်သွားစေမယ့် အကြောင်းအရင်းတွေအတွက်တော့ တောင်းပန်ဖို့ မလိုအပ်ဘူး။ 
           
          သမီးရဲ့ အသံက ဘယ်လောက်ပဲ သေးငယ်နေပါစေ ဘယ်တော့မှ အသံတိတ်နေဖို့ စိတ်မကူးနဲ့။ သမီး မှတ်ထားဖို့က သမီးရဲ့ နှလုံးသားကို သူတို့ ခွဲပစ်တဲ့အခါ၊ သမီးရဲ့ အိမ်တံခါး၀‌ရှေ့ကို အမုန်းတွေ၊ အငြိုးတွေ လာပစ်ချတဲ့အခါ၊ သမီးရဲ့ အိပ်မက်တွေ၊ အစွမ်းအစတွေကို ချောင်တစ်နေရာရာကနေ ပျက်ရယ်ပြုနေကြတဲ့ အခါမျိုးတွေမှာ သမီးအမေနဲ့ သူတို့ကို တွေ့ပေးလိုက်ဖို့ပဲ ။ 
          
          B (If I Should Have a Daughter) by Sarah Kay  
          ဘာသာပြန် - ရှင်း
          
          Crd to DotPress

byunpiggy

Crd to DotPress
          
          
          ကျွန်မက သမီးကို ဖန်သားကြမ်းပြင်နဲ့ လှေပေါ်ကနေ ကမ္ဘာကြီးတစ်ခုလုံးကို မြင်စေချင်တယ်။ လူတွေရဲ့ စိတ်ဆိုတာ စကြ၀ဠာ ဂလက်ဆီအငွေ့တန်းတွေလို အဆုံးအစမရှိ ကျယ်ပြန့်ရှုပ်‌ထွေးလွန်းတဲ့အကြောင်းကို မှန်ဘီလူးကနေတဆင့် မြင်ကြည့်စေချင်တာပဲ။ ကျွန်မအမေကတော့ အခုလို သင်ပေးခဲ့တာ။ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် အခုလိုမျိုးတွေ ကြုံရလိမ့်မယ်တဲ့။ အမေက အဲ့လို အမြဲမှာခဲ့တာပဲ။ အခုလို‌နေ့မျိုးတွေ ကြုံရဦးမှာတဲ့။ ရနိုးရနိုးနဲ့ မျှော်လင့်တကြီး ဖြန့်ထားတဲ့ လက်ဖဝါးလေးတွေဟာ အိပ်မက်တွေ ပျော်ရွှင်မှုတွေအစား ဒဏ်ရာ ဒဏ်ချက် မိုးစက်တွေပဲ ဖမ်းဆုပ်မိမယ့် နေ့မျိုး‌တွေ၊ အများသုံးဖုန်း booth ထဲကနေ လူစွမ်းကောင်း၀တ်စုံလဲပြီး မိုးပေါ်ကို အရှိန်နဲ့ ပျံတက်မယ်ဆိုတော့မှ ကိုယ့်၀တ်ရုံကို ဝိုင်းပြီး တက်နင်းထားမယ့် လူအုပ်ကြီးနဲ့ ကြုံရမယ့် နေ့မျိုးတွေပေါ့။ အဲ့လို သူ့ကို တက်နင်းထားမယ့် သူတွေကလည်း သမီးကိုယ်တိုင် ခက်ခက်ခဲခဲ ကယ်တင်ထားရတဲ့ လူတွေပဲဆိုတာကို သိလိုက်ရမယ့် နေ့ရက်တွေပေါ့။ မိုးသည်းသည်းထဲမှာ ပင်ပင်ပန်းပန်း စိတ်ပျက်လက်ပျက် လျှောက်ရင်း သမီးရဲ့ မိုးတွင်းစီးဖိနပ်ပါ ရေမြုပ်နေတဲ့ အချိန်မျိုးမှာတောင် သမီးဟာ ပြုံးပြုံးလေးနဲ့ "အရာအားလုံးကို ကျေးဇူးတင်တယ်" လို့ ပြော‌နိုင်ပါစေလို့ ဆုတောင်းတာပဲ။ ဘာလို့လဲဆိုတော့ ကမ်းစပ်ဟာ ဘယ်လောက်ပဲ လှိုင်းတွေကို သမုဒ္ဓရာထဲ ပြန်ပို့ ပြန်ပို့၊ လှိုင်းလုံးတွေဟာ အမြဲတမ်း ကမ်းစပ်ကို ပြန်လာရိုက်နိုင်တဲ့ သတ္တိမျိုးက တကယ်ကို အလှပဆုံးမို့လို့ပဲ။
          
          
          "လေ" ဆိုတဲ့ စာလုံးကို လေလွင့်ဆုံးရှုံးရခြင်း‌တွေမှာ ထည့်ရေးပြီး စွန့်ပစ်တတ်ရတယ်။ အဲ့လို စွန့်ပစ်ပြီးသွားရင်လည်း ကြယ်တွေလို နောက်ဆုံး‌ကြွေလွင့်ချိန်အထိ အဆုံးအစမရှိ တောက်ပတတ်ရတယ်။ မြေမြုပ်မိုင်းတွေ အများကြီး မြုပ်ထားတဲ့ သမီးရဲ့ဘ၀မှာလည်း သူ နင်းလျှောက်လိုက်တဲ့ ခြေလှမ်းတိုင်းကို သတိထားပြီး ရဲရဲ၀င့်၀င့် ချနင်းရဲတဲ့ သတ္တိမျိုးနဲ့ ဖြစ်နေစေချင်တယ်။ 
          
          
          ဟုတ်တယ်။ ကျွန်မကိုယ်တိုင်လည်း အယုံလွယ်မှု ရေချိန်က ၁ ကနေဆို ဟိုဘက် ၁၀ အထိတောင် လွန်တတ်သူမို့ ခဏခဏ ဒဏ်ရာတွေနဲ့ပါပဲ။ ဒါပေမဲ့ လောကကြီးက တကယ်ကို သကာရည်တွေနဲ့ ဖန်တီးထားတဲ့အ‌ကြောင်း သမီးကို သိစေချင်တယ်။ မြန်မြန် ကျိုးကြေလွယ် အရည်ပျော်‌လွယ်တတ်တဲ့လောကကြီးရဲ့ သကာချိုချို အရသာကို စိတ်ချလက်ချ မြည်းစမ်းကြည့်စေချင်သေးတယ်။
          
          
          
          
           
          
          
          
          

byunpiggy

Crd to DotPress
          
          
          ပြီးတော့ "ကလေးရေ" ကျွန်မ သူ့ကို ဆက်ပြောမယ်။ လေလမ်းကြောင်းကို သိရဖို့ သမီးနှာတံစင်းစင်းလေးကို လေထဲမှာ အမြဲမော့ထားလို့ မရဘူး။ အမေ အဲဒီနည်းကို သိပ်သိတာပေါ့။ အဲ့လေထုထဲက မီးခိုး‌ငွေ့တွေနောက်ကို သမီး ပြေးလိုက်သွားတဲ့အခါ  မီးတဟုန်းဟုန်း တောက်လောင်နေတဲ့ အိမ်ထဲမှာ သူပိုင်ဆိုင်ထားသမျှ အရာအားလုံး ဆုံးရှုံးသွားတာကို ရပ်ကြည့်နေတဲ့ ကောင်လေးတစ်ယောက်နဲ့ ဆုံမိပြီး သူ့ကို ကယ်တင်ချင်လိမ့်မယ်။ မဟုတ်လည်း သူ့အိမ်သူ မီးစရှို့တဲ့ ကောင်လေးမျိုးနဲ့ ဆုံမိတတ်ပြီး သမီးက သူ့ကို တစ်ချိန်ကျ ပြောင်းလဲနိုင်မှာလို့ တထစ်ချ ယုံကြည်နေလိမ့်မယ်။
          
          
          သမီးက ဘယ်သူ့ကိုပဲ ရွေးရွေး အဆုံးသတ်မှာ မွန်းကြပ်လာမှာပဲ။ အဲ့တော့ ကျွန်မက အမြဲတမ်း သမီးအတွက် ချောကလက် အပိုတွေနဲ့ မိုးတွင်းစီးဘွတ်ဖိနပ်တစ်ရံကို အရံသင့် ဆောင်ထားမှာ။ ဘယ်လိုပဲ အသည်းကွဲကွဲ ချောကလက်နဲ့ဆို သက်သာတယ်လေ။ ထားပါတော့။ တချို့ အသည်းကွဲတာတွေက ချောကလက်နဲ့ ကုစားလို့ မရမှန်း ကျွန်မ သိတယ်။ ဒါကြောင့် မိုးတွင်းစီးဖိနပ်ကို ဆောင်ထားတာပေါ့။ ဒဏ်ရာအားလုံးကို မိုးရေတွေနဲ့အတူ ဆေးချပစ်လို့ ရသေးတယ်လေ။
          
          

byunpiggy

Crd to DotPress 
          
          
          ဘီ (ကျွန်မမှာ သမီးတစ်ယောက် ရှိလာတဲ့အခါ)
          
          
          -
          
          
          ကျွန်မကို "‌အမေ" လို့ မခေါ်စေပဲ ဆုံမှတ် "ဘီ" လို့ ခေါ်ခိုင်းမယ်။ အဲ့တော့မှ သမီးဟာ သူ့ဘ၀မှာ ဘာတွေပဲ ဖြစ်လာခဲ့ပါစေ ကျွန်မရှိနေမယ့် ဆုံမှတ်ကို တန်းတန်းမတ်မတ် ရအောင် ရှာပြီး ပြန်လာနိုင်မှာ။ ပြီးရင် "တို့က အရာအားလုံးကို ကိုယ့်လက်ကိုယ့်ခြေ အကုန်သိတတ် လုပ်တတ်တယ်" လို့ အေးအေးဆေးဆေး ပြောတတ်အောင်လည်း သူ့လက်ဖမိုးလေးပေါ်မှာ နေအဖွဲ့အစည်းတစ်ခုလုံးကို ဆေးခြယ်ထားပေးမယ်။ 
          
          
          ဒီဘ၀ကြီးက  သူ့မျက်နှာတည့်တည့်ကို အဆက်မပြတ် ထိုးနှက်နေမှာလို့လည်း ပြောပြထားမယ်။ သူ အားယူပြီး ပြန်ထရင်တောင် သူ့၀မ်းဗိုက်ကို ထပ်‌ဆောင့်ကန်ဖို့ ဘ၀က အဆင်သင့် စောင့်နေဦးမှာလို့ သတိပေးဦးမယ်။ အဲ့လို အသက်ရှုရပ်သွားမတတ် အထိုးခံရတော့မှ သမီးရဲ့ အဆုတ်နှစ်ခြမ်းဟာ မဖြစ်မနေ လေတ၀ကြီး ရှုရတဲ့ အရသာကို သိပြီး ဆက်အားတင်းထားနိုင်မှာမို့လို့ပဲ။ ဒဏ်ရာပြင်းပြင်း‌တွေဟာ ဒီလို နာတတ်မှန်း သမီး သိဖို့လိုသေးတယ်။ ပက်တီးဖြူတွေ ကဗျာတွေနဲ့ ကယ်တင်လို့မရတဲ့ ဒဏ်ရာတွေ ရှိတတ်တယ်ဆိုတာကို သိသွားတဲ့ နေ့မှာ သူ မျှော်လင့်နေတဲ့ Wonder Woman ကလည်း သူ့ဆီကို ဘယ်တော့မှ မလာဘူးဆိုတာကို နားလည်သွားလိမ့်မယ်။ ကျွန်မကတော့ လူစွမ်းကောင်း၀တ်ရုံကို သူ့ဘာသာ တစ်ယောက်တည်း ၀တ်စရာ မလိုတဲ့အကြောင်း သေချာပြောပြထားမှာပေါ့။ ဘာလို့လဲဆိုတော့ ဘယ်လောက်ပဲ ကျွန်မတို့ရဲ့ လက်ဖဝါးတွေကို ကြိုးစားပြီး ဖြန့်ထားပါစေ သမီးရဲ့ လက်တွေဟာ သူကုစားချင်တဲ့ ဒဏ်ရာအားလုံးကို ဖမ်းဆုပ်ထားဖို့အတွက် အမြဲတမ်း သေးငယ်နေမှာမို့လို့ပဲ။ တကယ်ပြောတာ။ ကျွန်မကိုယ်တိုင် ဖမ်းဆုပ်ကြည့်ပြီးပြီ။
          
          

byunpiggy

မနှစ်က spotify မှာ svt နဲ့ဖောက်ပြန်ပြီး 
          ဒီနှစ်လည်း svt ပဲ ဖြစ်မလား boy next door ပြောင်းသွားမလား ရင်ခုန်

byunpiggy

Let's fall in love က ဆာကြီးချန်လုကျိူးရဲ့ ရီးဇား ဆာမကြီးရွှီကို ချန်လုကျိူးရဲ့ ယောက္ခထီးလောင်းကပြောတယ်။ 
          
          သမီးငယ်ငယ်တုန်းက ပူဖောင်းလေးပေးလိုက်ရင်ကို ေပျာ်သွားရော။ မဟုတ်လည်း သကြားလုံးတစ်လုံး။ နောက်ကျ အရုပ်လှလှလေးတွေ။ ကျောပိုးအိတ်လှလှလေးတွေ။ အဲ့ကနေ အင်္ကျီလှလှလေး တဖြည်းဖြည်း ပျော်ရွှင်အောင် ကျေနပ်အောင် လုပ်ရတာ ခက်လာတယ်တဲ့။ 
          
          ရွှီရွှီက မေးခွန်းတစ်ခုမေးလိုက်တာထင်တယ်။ ဘာမေးတာလဲတော့ မသိတော့ဘူး။ 
          
          လူတွေက ကြီးလာတာနဲ့အမျှ ခစားရ ခက်ခဲလာတာပဲနော်။ ပျော်ရွှင်ဖို့လည်း ခက်ခဲလာတာပဲ။ 
          
          

byunpiggy

အီးးး အီးးး အီးးးး မပျော်တော့ဘူး 
          ကတုံးတုံးမယ် သီလရှင်ဝတ်မယ် အားးးး ဟင့် ဟင့်  ငါတယောက်တည်း စစ်ကိုင်းတောင်မှာသွားနေမယ်  
          
          Crh ကလည်း အမြဲ ငါ့ဘက်ကပဲစကားစပြောရတယ် တခြားမိန်းကလေးတွေနဲ့ကျ ဟီးဟီးဟားဟားနဲ့ တခါမှ သူ့စပြောတာမရှိဘူး ငါက ဘာဖြစ်နေလို့လဲ အရမ်းရှက်စရာကောင်းနေလ်ု့လား လူတိုင်းက ငါ့ကို မုန်းနေတာ အတွင်းထဲမှာ ကြိတ်ပြီး ငါ့ကိုအထင်သေးနေတာလေ ငါ ၁၀ တန်းတုန်းက ဂုဏ်ထူးပါမလာတော့ ဝမ်းသာနေကြမှာပေါ့ ဟင့် အဲ့တယောက်ဘယ်လောက်ဆိုးလဲဆို သူများက cmt ရေးတာကိုတောင် မတွေ့ဘူး တခြားကောင်မလေးတွေကျ rp မြန်တယ် အင်းပေါ့ သူတို့က လှတာလေ eeeeee ဟင့် 
          
          မိသားစုတွေမရှိတော့တဲ့နေ့ကျ ငါ စစ်ကိုင်းတောင်သွားမယ် နင်တို့ရန်ကုန်က အရမ်းစိတ်ညစ်ဖို့ကောင်းတယ် eeeeee eeee မော့ဝေးယွီရေရရရ eeeeee သနားစရာငါ့သားလေး 
          
          နေ့ရက်တွေက စီးဆင်းနေတဲ့ရေလိုပဲ ဖမ်းဆုပ်လို့ကိုမရနိုင် 

byunpiggy

ငါ အခုထိ fa ဖြစ်နေတာ သူငယ်ချင်းတွေကြောင့်ပဲနေမယ်။  သူတို့ကြောင့်တင် တော်တော်အသည်းကွဲနေပြီကို ရီးဇားကြောင့် ကွဲစရာအသည်းမရှိတော့လို့လေ။ တကယ်တော့ အားလုံးက ငါရဲ့ တဖက်သတ်အသည်းကွဲမှုတွေပါပဲ။