naoya0
Hello
cakehoii
နေကောင်းကျန်းမာကြရဲ့လား
cakehoii
Bello
YanShinn5
Hello..
cakehoii
ကြားထဲမှာ ခနခနနှုတ်ဆက်စာတွေရေးခဲ့ပေမယ့် ပြန်ပြန်လာခဲ့မိတာ ဒီတစ်ခါတော့တကယ်ပဲနောက်ဆုံးပါပဲ။စိတ်ပင်ပန်းတိုင်း real life ထဲကနေခွာပြီး ဒီနေရာမှာ ရင်ဖွင့်၊ အကြံဥာဏ်တောင်းခဲ့တာတွေကို အရေးတယူလုပ်ပြီး အကြံပေးကြ၊နားထောင်ပေးတဲ့လူတွေကိုကျေးဇူးအများကြီးတင်ပါတယ်နော်။အိုင့်အတွက်ကျ ကိုယ့်ကိုမသိတဲ့လူကို ရင်ဖွင့်ရတာပိုပြီးသက်တောင့်သက်သာရှိခဲ့တာမလို့ တကယ်ပဲနားထောင်ပေးခဲ့တာတွေကိုကျေးဇူးတင်ပါတယ်။
2022 ကနေ2024 အထိ ရှိခဲ့တဲ့ကောင်းတဲ့အမှတ်တရတွေရော ၊ မမှတ်မိချင်တော့တဲ့အမှတ်တရတွေရော ဒီ dec မှာcakehoiiနာမည်နဲ့အကုန်လုံးကို ချန်ခဲ့ထားပါပြီ။
Wattpad accက de မရဘူးလို့လည်းပြောကြတာမလို့ deဖို့တော့ ဒီရက်ပိုင်းကြိုးစားကြည့်ပါဦးမယ် မရရင်တော့ အပြီး logout မှာပါ။Zangi acc လည်း de ဖို့တွေးထားတာမလို့ စာတွေမပို့ပါနဲ့တော့။
Ngl မှာ ရေးလက်စ "Where Our Flames Could Never Touch" အကြောင်းလည်းမေးထားကြလို့ အဲ့စာကသူနဲ့အပြီးသတ်ဖို့လုပ်ခဲ့တုန်းကရေးထားတာပါ။ ပြန်ဆက်သွယ်ကြတော့ အိုင့်ဘက်က မတော်တဆ chat deleteမိတော့ အဲ့တုန်းကအိုင်တို့ပြောထားတာတွေမရှိတော့တာကြောင့် ပြန်ရေးဖို့ကလည်း အဲ့ mood နဲ့ ဘယ်လိုမှ မတူတော့တာမလို့ဆက်မရေးတော့တာပါ။
ဆိုတော့ အားလုံးပဲ နေကောင်းကျန်းမာပြီးပျော်ရွှင်ပါစေ။ပျော်ရွှင်စရာနှစ်သစ်ပါလို့ ကြိုဆုတောင်းရင်း နှုတ်ဆက်ခဲ့ပါတယ်။
cakehoii
2နှစ်ခွဲလောက်တွဲခဲ့တဲ့ ex နဲ့အခုမှပဲ တကယ်ကြီးပြီးသွားပြီ လို့ခံစားလိုက်ရတော့တယ်။နှစ်ယောက်သားလမ်းခွဲတာကကြာပြီ ပေမယ့် ကြားထဲနှစ်ယောက်သားလုပ်ထားတဲ့ကိစ္စတစ်ခုကြောင့် အဆက်အသွယ်ကရှိနေတာ။ဒီနေ့မှ သူ့ဘက်က"အဆက်အသွယ် လုပ်တာရပ်ချင်တယ် ကိစ္စကလည်းပြီးသွားပြီမလို့ သူအဆင်မပြေ တော့လို့"ဆိုပြီးစာလာပို့တယ်။တကယ်တော့ သူကကိုယ့်အပေါ် ခံစားချက်ရှိနေတုန်း ပြန်တွဲချင်နေတာ။ဖြတ်တာကအိုင့်ဘက်က သူ့ အပေါ်ခံစားချက်မရှိတော့ဘူးထင်လို့ဖြတ်ခဲ့တာ။အခုလည်း သူ့အပေါ်ချစ်တဲ့စိတ်မရှိဘူးထင်တာပဲ အဲ့တာကြောင့် သူ့ကိုဘေးနားထား ရတဲ့အထိရက်မစက်နိုင်ဘူး။၂နှစ်အတွင်း အိုင်မကြိုက်တာတွေ အကုန်သူ့ဘက်ကစည်းစောင့်ပြီး အိုင့်အပေါ်အရမ်းကောင်းခဲ့တာ။ အိုင်ကတော့သူနဲ့တွဲတုန်း ကောင်လေးငယ်ငယ်လေးကိုလည်းကြိုက် ဖူးတယ် အဲ့တာသူ့ပြောပြတော့ အိုင့်ကိုအချိန်ပေးတယ် သူနဲ့တွဲဖြစ် သွားရင်လမ်းခွဲပေးမယ်ဆိုပြီး ဘာမှလည်းမဖြစ်တော့ စိတ်ကစား တာဆိုပြီး နှစ်သိမ့်ပေးတယ်။အဲ့တာကြောင့်ပိုပြီးဘေးနားမထားချင်ဘူး အိုင်နဲ့မတန်လို့။အိုင်လုပ်တာတွေမှန်တယ်မလားဟင်။
ဒီတိုင်း လုပ်နေတဲ့လုပ်ရပ်တွေမှန်နေလား မှားနေလားမသိလို့ ရင်ဖွင့်တာ။တကယ်ပြီးသွားပြီဆိုတော့လည်းရင်ထဲမကောင်း။သူ့လောက်အိုင့်အပေါ်ကောင်းတဲ့လူလည်းသိပ်မရှိတော့ဘူးထင်တယ်။
Soepaygyi
@cakehoii သက်တမ်းကြာရင်ခံစားရတယ်ဗျ၊မချစ်ဖူးပြောလည်း သံယောဇဉ်ကြောင့်တော့ ခံစားရတာပဲ
•
Reply
cakehoii
https://ngl.link/cakeii နှစ်သိမ့်တာထက် ဒီအခြေအနေနဲ့ပတ်သတ်ပြီးအကြံဥာဏ်လိုချင်တာမလို့ anonymous နဲ့ပို့ချင်လည်းရပါတယ်
•
Reply
cakehoii
အားလုံးပဲ ဟတ်ပီးတဲ့သီတင်းကျွတ်ပါနော်။
ပျော်ရွှင်စရာတွေနည်းသထက်နည်းနေတဲ့လောကကြီးထဲ ကိုယ့်နေရာတစ်နေရာစာလေးမှာအပြည့်အ၀ပျော်ရွှင်ရပါစေ✨