ဟိုင်း ယော်ရောဘွန်းတို့
မမေးဘူး ကြံပြီးကာမှ မေးချင်လာပြန်လို့ရယ်
တစ်ခုလောက် မေးကြည့်ချင်လို့ပါ
Aki အခု fanfic လေး တစ်ပုဒ်ရေးတင်ဖြစ်နေတယ်
ရေးတင်ဖြစ်မှတော့ ဖတ်လည်း ဖတ်စေချင်တာပေါ့
ဒါပေမဲ့ ဖတ်တဲ့လူက နည်းနေတယ်ရယ်
ဖြစ်နိုင်တာတွေ စဥ်းစားကြည့်လိုက်တော့
1. လုံးဝမသိတာ
2. အစအဆုံး ပြီးမှ ဖတ်မယ်ဆိုပြီး တေးထားတာ
3. ဖတ်ကြည့်ပြီး မကြိုက်တာ (အရေးအသား/ fanfic ဖြစ်နေလို့)
အောက်နှစ်ချက်ကို လက်ခံနိုင်ပေမယ့် နံပါတ်တစ်အချက်ဖြစ်တဲ့ လုံးဝ မသိတာမျိုး ဆိုရင်တော့
ကျွန်တော်မျိုးမ ပလုံပလုံဆင်းဖို့ တာဝန်ရှိသွားပြီ
ဘာ feedback, ဘာ like မှ မပေးရင်တောင်
ရေးထားတာလေးတွေ ဖတ်စေချင်တယ်လေလို့
အပေါ်သုံးချက်ထဲက ဘယ်အချက်လဲဆိုတာ အပန်းမကြီးရင် ဖြေသွားကြပါဦး
နေကောင်း ကျန်းမာကြမယ်လို့ မျှော်လင့်ပါတယ်
ကျန်းမာရေး ဂရုစိုက်ကြပါနော်
စိတ်ကျန်းမာရေးရော၊ ကိုယ်ကျန်းမာရေးရောပါ <3