chingumay12
လွမ်းခြင်း
ကိုယ်သဘောကျရတဲ့ စာရေးသူလေးများသို့
စိတ်အပန်းဖြေစရာ
စိတ်သက်သာရာ
စိတ်အေးချမ်းရာ နေရာလေးအဖြစ်
ဖန်တီးပေးခဲ့လို့ အရင်ဦးဆုံး ကျေးဇူးတင်ချင်တယ်
သဘောကျရတဲ့ အကြောင်းလေးတွေလည်း
အများကြီး ပြောချင်တယ်
ဒါပေမယ့်
ကိုယ်ကလေ
အတွေးများတတ်တဲ့သူဆိုတော့
စကားသွားပြောရင်
စိတ်အနှောင့်အယှက် ဖြစ်သွားမလား
အေးဆေးနေချင်တဲ့သူအတွက် အရှုပ်ဖြစ်သွားမလား
အဲလိုတွေးရင်း
မပြောဖြစ်ခဲ့ဘူး။
Update လုပ်ပေးထားတဲ့ စာလေးတွေဖတ်ရင်း
တိတ်တိတ်လေးပဲ နေနေခဲ့တာ။
အကြောင်းအမျိုးမျိုးကြောင့်
စာရေးသူတို့ accountကို အပြီးအပိုင် ဖျက်ပစ်လိုက်တာ
Unpublishedလုပ်လိုက်တာမျိုးဆိုရင်
ကိုယ် အရမ်းဝမ်းနည်းရတယ်။
အမြဲupdate မလုပ်ပေးနိုင်ရင်တောင်
Unpublishedမလုပ်ဘဲ
ဒီတိုင်းလေး ထား ထားပေးရင် ကောင်းမှာပဲလို့
ကိုယ့်တစ်ဖက်သတ်အမြင်နဲ့ တွေးမိတယ်
ဘာ်လောက်ထိ ဝမ်းနည်းမိလဲဆို
ဟိုသီချင်းထဲကလိုပေါ့
ကိုယ်ခံစားရတာ ကိုယ်ကိုတိုင်ပဲ သိတယ် ဆိုသလိုမျိုးပဲ။