chou-cc
ကိုယ် ဒီ fic လေးကို ခဏရပ်ထား ချင်ပါတယ်။
နားလိုက်တာ ၊မရေးတော့တာမျိုးမဟုတ်ပါဘူး။
ဆက်ရေးမှာပါ။မနေ့ညအထိ ရေးနေသေးပါတယ်။
ရပ်ထားရတဲ့ အကြောင်းအရင်းကတော့ စာရေးဖို့
အရည်အချင်းမမှီဘူးလို့ ခံစားရလို့ပါ။
ရှေ့တစ်ညက အသိတစ်ယောက်နဲ့ စကားပြောတော့
ကိုယ့်ficအကြောင်းလေး ပြောဖြစ်တယ်။
"သူများတွေက ကိုယ့်စာကို ငိုရတယ်လို့ ပြောနေကြတယ်'ဆိုတော့ သူက 'ဆယ်ကျော်သက်လေးတွေ ဖြစ်မှာပါ'တဲ့။
ဒန့်ခနဲ ချက်ချင်း အသိဝင်သွားတယ် 'ကိုယ့်စာက
အဲလောက်ထိ ပေါ့တယ်'ဆိုတဲ့ အသိ။
သူပြောတာ မမှားပါဘူး ကိုယ်က
စာဖတ်မနာဘူး။ ဟုတ်ပါတယ်။
စာအုပ်၄၀ကျော်လောက်လေး ဖတ်ဖူးရုံနဲ့
စာရေးတယ်ဆိုတော့ အွန်း...ဒီလိုပါပဲ။
ဒါကြောင့် စာတွေပြန်ဖတ်ဦးမယ်။လက်လျှော့လိုက်တာ မဟုတ်ပါဘူး။ ဒီကြားထဲ
ရေးရတာ ချောရင်၊ကိုယ့်စာကိုယ်ဖတ်ရတာ အဆင်ပြေခဲ့ရင်ချက်ချင်း up ပေးမှာပါ။စိတ်ကူးရတိုင်းလဲ ရေးဦးမှာပါ။plotအသစ်တွေလဲရှိပါသေးတယ်။ကိုယ့်ကိုယ်ကိုယ် ယုံကြည်လာတဲ့တစ်နေ့ ရေးမှာမို့ စောင့်ပေးပါဦးနော်။
ဒီficရေးတဲ့အတောအတွင်းမှာ စိတ်မပျက်ဖို့် အားပေးခဲ့တဲ့သူတွေကို တကယ်ကျေးဇူးတင်ပါတယ်။
ူဒိficလေးကို ကြုံကြိုက်လို့ ဖြစ်ဖြစ်၊တကယ် စိတ်ဝင်စားလို့်ဖတ်ခဲ့တာဖြစ်ဖြစ်၊အတင်းဖတ်ခိုင်းလို့
အားနာနာနဲ့ ဖတ်ပေးခဲ့တာဖြစ်ဖြစ်
ဖတ်ပေးတဲ့သူ တစ်ဦးတစ်ယောက်တိုင်း ရင်ထဲကနေ
လှိုက်လှိုက်လှဲလှဲကို ကျေးဇူးတင်ပါတယ်။
Lbထဲမထုတ်လိုက်ပါနဲ့။ဆက်ရေးမှာမလို့ပါ။
Rlထဲထည့်ပေးထားတဲ့ ခလေးတွေကိုလဲ
တကယ် ကျေးဇူးတင်ပါတယ်။အခု follower
73ယောက်စလုံးကိုလဲ အရမ်း အရမ်းကို
ကျေးဇူးတင်ပါတယ်။အရမ်းလဲ ချစ်ပါတယ်။
အားနာခြင်းများစွာဖြင့် chou....။
HanYuJin614
@chou-cc ပြောစရာရှိတယ်... ဘယ်သူပြောလဲမသိပေမယ့် ဖတ်တယ်...ငိုတယ်ကောင်းလို့ငိုတာပေါ့ ခံစား ချက်ရှိလို့လေ... သူကကြတော့ရော...အိုကြီးအိုမကြီးမို့လို့မငိုတာနေမှာပော့dဝင်စရာအကြောင်းမရှိလို့ရေးစရာရှိတာရေးဖတ်စရာရှိတာဖတ်တယ်........
•
Reply
chou-cc
@chou-cc ဟုတ် မရီတာ လက်မလျှော့ပါဘူး ။ ကိုယ်ဘာသာကိုယ်လဲ အားမရလို့ပါ။ မ ကို ကျေးဇူးအများကြီးတင်ပါတယ် ။ မကြောင့်သာမဟုတ်ရင် ဒီficကို ရေးဖြစ်မှာတောင်မဟုတ်ဘူး ❤
•
Reply
reta-nan
@chou-cc အော်... ဝေဖန်ချက်တစ်ခုကြောင့်နဲ့တော့ ဒီလိုမရွေးချယ်ပါနဲ့ ။ တခါတလေ တဖက်လူက အဆိုးဝေဖန်တာမဟုတ်ဘဲသူ့စိတ်ထဲပေါ်တဲ့အတိုင်း ဝေဖန်မိလို့် နားလည်မှုလွဲသွားတာမျိုး ရှိတတ်ပါတယ်။ ရီတာဆိုလည်း အဆိုးဆုံးဝေဖန်မှုတွေ ကြုံဖူးပါတယ် ။ စာပြန်ဖတ်မယ်ဆိုတာကို အားပေးပါတယ် ။ အကြာကြီးတော့ ပစ်မထားနဲ့နော် ။ ချောဆုံးဖြတ်ထားတဲ့အတိုင်းလုပ်ပါ ။ ဒါပေမယ့် စိတ်ထဲ အရမ်းမတွေးနဲ့ ။ အစဆိုတော့ လူတိုင်းမှာ အဆင်မပြေတာလေးတွေ ရှိမှာပဲ ။♥♥ waiting for u
•
Reply