cloudy_shuji13
( နှုတ်ဆက်စာ ) ကလောက်ဒီစာရေးတာဒီလောက်နဲ့ပဲနားပါပြီရှင့်။ အစက seventeen myanmar fanfiction လေးတွေတအားမရေးကျသေးခင်၊ အခုလောက်အရမ်းမများခင်က ကိုယ့်အိုတီပီ fic လေးတွေလည်း ဖတ်စရာကုန်အောင်ဖတ်လို့ရတဲ့အထိနည်းခဲ့လို့ sdsmsn လေးနဲ့ အစပျိုးပြီးမတောက်တခေါက်ရေးကြည့်လိုက်တော့ ထပ်ပြီးရေးချင်လာတဲ့ပလော့တွေအများကြီးပေါ်လာခဲ့လို့ ဆက်ပြီးစာရေးဖြစ်တာပါ။ စာရေးတယ်ဆိုတာလည်း အပျော်တမ်းသဘောမျိုးပါပဲ။ အခုလက်ရှိ ရေးနေကြတဲ့အာသာတွေလို နှံ့နှံ့စပ်စပ်ရေးတတ်တဲ့အထဲမှာ ကလောက်ဒီ မပါပါဘူးရှင်။ အခုဖြစ်နေတဲ့ လက်ရှိနိုင်ငံရေးအခြေအနေကိုလည်း အားလုံးသိကြတာမလို့ ထွေထွေထူးထူးကလောက်ဒီမပြောတော့ပါဘူး။ အားလုံးပဲဂရုတစိုက်နဲ့နေကြပါရှင်။ လက်ရှိ commission လေးတွေဖွင့်ထားတဲ့ အာသာတွေကလည်း တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီအားဖြည့်ပေးနေကြတာမလို့ ကိုယ်တွေအနေနဲ့လည်း အတတ်နိုင်ဆုံးပါဝင်သင့်ပါတယ်လို့တော့ ကလောက်ဒီထင်ပါတယ်။ ကလောက်ဒီပြောတာ အားလုံးနားလည်လောက်ကြမယ်ထင်တာမလို့ အထဲတစ်ဝင်တော့ ရှင်းမပြတော့ပါဘူးနော်။ commission ဖွင့်ဖို့ အသိအစ်မတွေက လာပြောကြပေမယ့် အဲ့လိုဖွင့်လို့ရလောက်အောင်ထိ မလုပ်နိုင်မှန်း ကလောက်ဒီ သိလို့ ဒီတစ်ခါမှာတော့ စာဖတ်သူအနေနဲ့ပဲ ပါဝင်ဖြစ်ပါတယ်ရှင့်။ ဒါကတော့ ကလောက်ဒီစာရေးနားတာပြောရင်း တစ်ထောင့်တစ်နေရာကနေပါဝင်အောင် လှုံ့ဆော်တာပါရှင်။ တစ်နှစ်တာအတွင်းမှာ မကောင်းမကန်း၊ကိုယ်ဖတ်ချင်လို့ကိုယ့်ဘာကိုယ်တောင်ရောက်မြောက်ရောက်ရေးတဲ့စာတွေကို ဖတ်ပေးခဲ့ကြတဲ့ စာဖတ်သူတို့ကိုလည်း ကလောက်ဒီ တကယ်ကိုစိတ်ရင်းနဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ အစကတော့ဘာမှမပြောဘဲ အကောင့်ကြီးပဲဖျက်ပစ်လိုက်ရင်ကောင်းမလားဆိုပြီးတွေးပေမယ့် မပြောမဆိုပျောက်သွားတတ်တဲ့သူတွေကိုအမုန်းဆုံးမို့ ကလောက်ဒီ ပြောပြောဆိုဆိုလေးနဲ့ တကယ်လာပျောက်တာပါရှင့်။ ဒါမယ့် ကလောက်ဒီ ဘာမှမဖျက်ပါဘူးနော် အကောင့်လည်းမဖျက်ဘူး work တွေလည်းဖျက်မသွားပါဘူးရှင့်။ ဖျက်လိုက်ရင် နောက်ကျ တကယ်နောင်တရမိမယ်ထင်လို့ပါ ပြီးတော့ အာသာအစ်မတွေက ဖျက်ရင်ဆွမ်းကြီးဝိုင်းလောင်းမယ်ဆိုလို့ ဗြဲ TwT ဒီလောက်နဲ့ပဲ ကလောက်ဒီနှုတ်ဆက်ခဲ့ပါတယ်ရှင် take care ပါကားရက်တို့♡ - @cloudy_shuji13
Sweeti3_Maung
@cloudy_shuji13 ဘာဘဲဖြစ်ဖြစ်ကြိုက်ရတဲ့အာသာတွေထဲကတစ်ယောက်ဆိုတော့မနားစေချင်တာတော့အမှန့်ဘဲရယ်
•
Reply
lamin-pann-laung
@cloudy_shuji13 မတောက်တခေါက်မှ မဟုတ်ဘဲ၊ နင်အများကြီးရေးတတ်တာကို။ ဒါနဲ့ နောက်ဆုံးက ဖြုတ်သွားသေးတယ်ㅠㅠ။ အစစအရာရာဂရုစိုက် ဂလောက်ဒီအစ်စ့် အော့လဝေ့ ဂလောက်ဒီရင်း ယူနိုး ယူနိုး
•
Reply
HansolMintchoco
@cloudy_shuji13 Wish u all the best on ur new chapters :] EX Changeကိုအများကြီး သဘောကျခဲ့ပါတယ် ။ လုပ်စရာတွေအများကြီးရှိတဲ့အထဲကမှ Sebongsတွေကို သဘောကျပေးတဲ့ caratအနေနဲ့ရော ဒီတစ်နှစ်တာအတွင်း စာရေးသူ အနေနဲ့ရော ဖြစ်ပေးခဲ့တာအတွက် ကျေးဇူးတင်ပါတယ် ။ U may get out of author life but Ig author life won't never get out of you .( ပြန်လာမယ်ဆိုရင်လည်း အချိန်မရွေး warmly welcomeပါ) ကျန်းမာရေးဂရုစိုက်ပြီး ပျော်ရွှင်ရတဲ့နေ့တွေပိုများပါစေ Fighting!
•
Reply