dalkomhan_shots

https://ngl.link/dalkomhan1 
          	
          	
          	Link အသစ် လုပ်လိုက်ရပါတယ် ㅠㅠ အရင်တစ်ခုက သုံးလာတာ ၈ လလောက်တောင် ရှိပြီဆိုတော့ message ပေါင်း ထောင်ချီပြီး အမှတ်တရတွေ ပြည့်နေတာပါ။ အဲတာကြောင့် မဖျက်ဘဲ ထားပေမဲ့ message expired ဖြစ်မယ်ဆိုပြီး NGL က ခဏခဏ notice ပေးနေတာကြာပါပြီ။ 
          	
          	အခုတလောလည်း သံယောဇဉ်တွယ်နေတာနဲ့ မဖျက်ဘဲ ပေတေပြီး နေနေတာကို got a new question ဆိုတဲ့ noti တက်ပြီး ဝင်ကြည့်လိုက်ရင် စာကို မမြင်ရတဲ့ ပြဿနာ ဖြစ်နေပါတယ် (⁠。⁠•́⁠︿⁠•̀⁠。⁠) နောက် ၄ နာရီ လောက်မှ ပို့ထားတဲ့စာကို မြင်ရတာမျိုးကျ dalkomhan လည်း သိပ်အဆင်မပြေ၊ စာပို့ထားတဲ့သူကိုလည်း အားနေလျက်နဲ့ အကြာကြီး စာမပြန်ရတာ အားနာ‌လို့ link အသစ်လုပ်လိုက်ပါတယ်နော်။ Number 1 ကနေပဲ ပြန်စကြတာပေါ့ ဟိဟိ။ 

dalkomhan_shots

73. topic အကြီးကြီးတွေ ပါလာပြီကော ဟဲဟဲ။ ဟန်ယူဂျင်းရဲ့ ကာရိုက်တာတွေက မထင်မှတ်ဘဲ တူကုန်တာ ၊ တိုက်ဆိုင်ကုန်တာတွေပေါ့လေ။ အမူအကျင့်တွေ မတူတာမျိုးတော့ နောက်ပိုင်း ကာရိုက်တာတွေထဲပါပါတယ်။ သို့ပေမဲ့ ရှင်လေး ပြောသလိုပဲ၊ တော်တော်ခရီးရောက်ပြီးသား fic နှစ်ခုမှာ ယူဂျင်းရဲ့ ကာရိုက်တာတွေက စွန့်လွှတ်အနစ်နာခံပြီး တစ်ဖက်သတ်ချစ်ကြတာချင်းတော့ တူနေသားလေ။ ရေးတဲ့ komhan အတွက်ကတော့ အပေါ်မှာလည်း အကြမ်းအားဖြင့် ဖော်ပြထားပြီးသားပဲပေါ့။ အချစ်က ရယူခြင်းလို့ ဘယ်တုန်းကမှ မတွေးဖူးတဲ့သူပါ။ ပေးဆပ်ခြင်းလို့ ပြောရတဲ့အထိတော့ လက်တွေ့ဘဝမှာ လေးလေးနက်နက် မချစ်ဖူးသေးပါဘူး။ komhan အတွက်တော့ အချစ်က ထူးဆန်းပါတယ်။ လူတစ်ယောက်ကို သဘောကျသွားမယ်ဆိုရင်တောင် တော်ရုံ ယုံကြည်ဖို့ ခဲယဉ်းတတ်လို့ သူ့ဘေးမှာနေရင်း .. သူ အဆင်ပြေမယ့် ကိစ္စတွေကိုပဲ အစစအရာရာ ဖန်တီးပေးရင်း .. သူ့ကို စောင့်ကြည့်ချင်တာမျိုးရယ်။ တစ်ဖက်သူအမြင်မှာတော့ ကိုယ်က ' အဖြည့်ခံ ' သဘောပေါ့။ အဲစကားလုံးကို ကိုယ် စိတ်မဆိုးပါဘူး။ ကိုယ်တိုင်ကလည်း လိုလားလို့ သဘောကျရတဲ့သူတွေ့ရင် အဲလိုမျိုး အရင်လေ့လာပြီး အချိန်ယူဖြစ်မယ်ထင်တယ်။ komhan ခံယူထားတဲ့အချစ်မှာက နည်းနည်း ရိုမန့်တစ်မဆန်ဘူးရယ်။ အကြာကြီး အတူရှိသွားမယ်တို့ .. ဆိုတဲ့စကားတွေကို fic ထဲမှာသာ ထည့်ပြောဖြစ်နိုင်ပေမဲ့ အပြင်မှာကတော့ တခြားစီပါ။ ကိုယ် ဖန်တီးချင်တဲ့ အချစ်မှာက ချစ်ရတဲ့သူ ပြီးပြည့်စုံအောင်၊ ပျော်အောင်၊ အဆင်ပြေအောင်၊ မငိုရအောင် ထားပေးဖို့ပါပဲ။ အပေါ်မှာ စောင့်ကြည့်မယ် ဆိုတဲ့ ကာလမှာ ကိုယ်တိုင်ကလည်း ကြိုးစားနေရမှာပေါ့။ ချစ်တော့လည်း ဖြည့်ဆည်းပေးချင်တယ်လေ။ ကိုယ်တိုင်ကမှ မပြည့်စုံရင် ဘယ်လိုလုပ် ချစ်တဲ့သူ ပျော်အောင် ထားနိုင်မလဲ။ ဒါကြောင့် နှစ်သက်ရတဲ့ တစ်ယောက်ယောက်ရှိခဲ့ရင်တောင် relationship တစ်ခုခုရဲ့ ခေါင်းစဉ်အောက်ကို ဝင်ချင်တဲ့ အခြေအနေအထိ ရောက်ဖို့ ကိုယ့်မှာ လိုအပ်ချက်တွေရှိပါသေးတယ်။ ကြိုးစားရအုံးမယ် .. အိုး မေးတာက တိုတိုလေး၊ အဖြေက အရှည်ကြီး ဖြစ်ကုန်ပါပြီ။
Ответить

dalkomhan_shots

72. dalkomhan ရဲ့ ဇာတ်ကောင်တွေက တကယ် အချစ်ရူးလေးတွေပါ။ အများစုကလည်း တစ်ယောက်ဆိုတစ်ယောက် တစ်သက်လုံး သဘောကျသွားတဲ့ အချစ်မျိုးပဲ ဖြစ်သွားတာ စဉ်းစားကြည့်မှပဲ သတိထားမိတော့တယ်။ အဲလိုပဲ ပြောရမလားရှင် ဟိဟိ၊ လူတစ်ယောက်ကို သဘောကျပြီဆို တကယ် နှစ်အကြာကြီး သဘောကျပါတယ်။ ဒါပေမဲ့ အဲဒီလောက် နှစ်နှစ်ကာကာ ကြိုက်ခဲ့တဲ့သူတော့ မရှိဖူးသေးပါဘူး။ လူတစ်ယောက်ကို အာရုံထဲရောက်သွားရင် အဲဒီလူက ကိုယ့်ဆီ အများဆုံး သုံးနှစ် / လေးနှစ် လောက်အထိတော့ စိတ်ထဲယူထားတတ်ပါတယ်။ ဘာမှဆက်ဖြစ်မလာတာကလည်း ကိုယ်တိုင်က relationship ဆိုတဲ့ ခေါင်းစဉ်အောက်ကို ဝင်ဖို့ မရဲတာ၊ ကြောက်နေတာကြောင့် ရှေ့မတိုးဖြစ်တာကြောင့်ပါပဲ။ ဖွင့်ပြောဖို့ဆိုတာ ဝေးပါတယ်၊ ဒီအတိုင်း ဘေးက ကြည့်နေရုံ .. ဘေးမှာ ရှိနေရုံတင် ကျေနပ်ပါတယ်။ အဲလိုနဲ့ အဲဒီလူတွေက သူတို့ သဘောကျတဲ့သူတွေရှာတွေ့သွားပြီး အချစ်နဲ့ တွေ့သွားကြတဲ့အချိန်အထိ komhan ကတော့ ပုံမှန်နေရာမှာပဲ ကျန်နေခဲ့တာ ဆယ်စုနှစ်နှစ်ခုစာလုံး တစ်ယောက်တည်း ဖြစ်နေတုန်းရယ်။
Ответить

dalkomhan_shots

71. ကွယ် .. ငိုက်နေတဲ့ မျက်လုံးလေးတွေတောင် ပြူးသွားတယ်။ ဘာရယ်ဟုတ်ပါဘူး အားနာလို့ပါရှင်လေးရယ်။ Be Red ကလေ အလွန်ဆုံး ၆ ပိုင်းလောက်တော့ ကျန်တယ်ရယ်။ အမြန်ဆုံး တင်ချင်ပါပြီ၊ ဒါအမှန်ဆုံးစကားပါ။ ဒါပေမဲ့ စာရေးတဲ့ဆီကို မရောက်ဘဲ အလုပ်တွေပုံ,ပုံလာတော့ Be Red mood ဝင်ပြီ ရေးတော့မယ်ဆို ကံတရားက ကိုယ့်ဆီ အလုပ်တွေ auto ပို့ပြီပဲ။ ဒါကြောင့် ကြာနေရတာရယ်။ အများကြီး အားနာပါရဲ့ရှင် ^^
Ответить