dannaryi_nway
ကိုယ့်စိတ်ကတခုခုကိုအလိုမကျလို့ ရင်ဖွင့်မိပြီဆို ကတည်းက အတင်းပြောခြင်းတမျိုးပဲ အလိုမကျ အောင်ပြုလုပ်သူကို ရင်ဖွင့်ခြင်း ခံရသူက အနည်းနဲ့ အများတော့စိတ်ခုပြီ တဖက်နား ပေါက်တဲ့သူဆို အမြင်စောင်းပြီ ကိုယ်ပြောမှတော့ ကိုယ့်စကားပေါ့ ကိုယ်ရင်ဖွင့်လိုက်ရလို့ အနည်းငယ်နေသာထိုင်သာ ရှိသွားပေမယ့် နားထောင်ပေးတဲ့သူ ရင်ထဲ ဖုသွားပြီ ကိုယ့်အပူကိုသူ့ကိုပါပေးရာရောက်တယ် အတွေးကောင်း အကြံကောင်းပေးနိုင်သူရှားမယ် ရေလိုက်ငါးလိုက်ပေါမယ် နားထောင်ပေးတဲ့သူဖက်ကကြည့် ရင်လည်း ကိုယ်ကစာနာပေးမိပါတယ် တခါတခါ သူ့စကားကြောင့် ကိုယ်ပါစိတ်ဆိုးပေးမိတတ်တယ် သူတို့ပြေလည်သွားရင် ကိုယ်ငပေါကြီးဖြစ်ကျန်ခဲ့ တယ် အခါခါကြုံတယ် ဒါကြောင့် ရင်ဖွင့်သည်ကို အတင်းပြောခြင်းအနုပညာတမျိုး ဟုသတ်မှတ်သည်