Cyrus_Hmue

မင်းမွေးနေ့တုန်းက ဆုတောင်းလေးလာပြောချင်ခဲ့တာ။ ငါ့ရဲ့ account ကို ပြန်ယူမရခဲ့ဘူး။ ဒီနေ့မနက်မှ account ကပြန်ယူရခဲ့တယ်လေ။ ၁၈နှစ်ပြည့်အတွက်ရော နှစ်သစ်အတွက်ရော ဘာမှမပြောခဲ့ရဘူး။ ဘာပြောရမယ်လို့လည်း ငါသေချာမသိခဲ့ဘူးလေ။ ပုံမှန်ဆိုရင် ၁၈ပြည့်ပြီဆိုတော့ လုပ်ချင်တာလေးတွေ လုပ်ရပါစေဆိုပြီး ဆုတောင်းပေးမှာမလား။ နှစ်သစ်ကစပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေ ဆိုပြီးတော့ပေါ့။ အခုငါအဲ့လိုဆုတောင်း ပေးလို့မှမရတာ..။ ပြန်လည်မွေးဖွားရာမှာ အခက်အခဲမရှိဘဲ လူဘဝကိုပြန်ရောက်ပါစေလို့ပဲ ဆုတောင်းပေးဖြစ်တယ်။ ၁၀လ.. ၁၀လောက်ရှိပြီဆိုတော့ မင်းပြန်မွေး‌ဖွားတော့မှာပေါ့။ ကောင်းကောင်းမွန်မွန်လေး ရှင်သန်ပေးနော်။ Mi amor..♡

Cyrus_Hmue

သွဲ့က update ပေးသွားတယ်တဲ့။ ငါလည်းမအားခဲ့တော့ မသိခဲ့ဘူး ပိုနီရ။ ကျန်းမာပြီးအဆင်ပြေပေမဲ့ စာရေးဖို့ကို ဒီနှစ်ကုန်လောက်အထိ မလုပ်နိုင်သေးဘူးတဲ့။ အဲ့တာကြောင့် အသွဲ့စာပြန်ရေးခဲ့ရင် ငါလာပြောပေးပါ့မယ်။ လွမ်းတယ် ပိုနီ။ နောက်ပြီး ဒီရက်ပိုင်း မနှစ်ကလိုပြန်ဖြစ်နေလို့ စိတ်ဓာတ်တွေပါကျနေမိတယ်။ တစ်ခါတစ်လေ မင်းဆီလိုက်လာချင်လိုက်တာ။ ဒါပေမဲ့ ငါအဆင်ပြေပါတယ် ကြိုးစားရှင်သန်ပါ့မယ်။ တစ်ခါလောက်တော့ မင်းအုတ်ဂူဆီ ရောက်ဖူးချင်သား။ အင်း တိတ်ဆိတ်တဲ့ ညတွေတိုင်းမှာ မင်းကိုအမြဲလွမ်းနေမိတယ်။

Cyrus_Hmue

တိတ်ဆိတ်နေတဲ့ညတွေက မင်းကိုလွမ်းဆွတ်မှု ဖြစ်စေတယ်။ ပြိုလဲသွားမဲ့အချိနိတွေမှာ မင်းအကြောင်းပဲတွေးနေမိတယ်။ ဘဝတစ်ပါးမှာ အဆင်ပြေအောင်နေနော် အေးချမ်း။ ဘယ်ဘာသာအဖြစ် ပြန်လည်မွေးဖွားသည်ဖြစ်စေ ဘုရားတရားလုပ်။ ကောင်းမွန်တဲ့မိဘတွေနဲ့ လှလှပပလေး ကြီးပြင်းလာခဲ့နော်။ ချစ်တယ်။ သူငယ်ချင်းအချင်းချင်းမို့ ချစ်တယ်လို့ ပြောရမှာအတော်ခက်ခဲ ခဲ့ကြတာပဲနော်။ မင်းမရှိတော့မှ ချစ်တယ်ဆိုတဲ့အကြောင်း တသွင်သွင်ပြောနိုင်ခဲ့တယ်။
          မင်းမိဘတွေက ငါ့ကိုအဆက်ဖြတ်သွားတယ်ကွ။ မင်းဖုန်းနံပါတ်ကို လှမ်းဆက်ရင်တောင် သူတို့ကမကိုင်ကြတော့ဘူး။ မင်းရဲ့ Facebook account ကိုလည်း ဖျက်ပစ်သွားတယ်လေ။ password ကို သူတို့ဘယ်လိုများ သိကြပါလိမ့်။ ဘယ်နေရာကနေ လွမ်းတယ်ဆိုတဲ့အကြောင်း ပြောရမယ်မသိချိန်မှာ ဖျက်ထားတဲ့ ဒီwp‌ကိုပြန်downပြီး စကားပြောရုံကလွဲရင် မရှိတော့ဘူးပေါ့။ နောင်မကြာမကြာ လာပြောရင်ရော ဒီစာတွေ မင်းဆီရောက်လောက်မယ်ထင်လား။ ဟင့်အင်း အဆင်ပြေပါတယ်။ ရောက်မှာပါလေနော်...။