ဘုရားသခင်ကပြောသည်-"အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော်၏ နက်နဲရာရှိသမျှကို ထုတ်ဖော်ရန် ဝိညာဉ်တော် ခုနှစ်ပါးကို ကိုယ်တော်၏ ပလ္လင်မှ အသင်းတော်အားလုံးထံသို့ စေလွှတ်ခဲ့လေပြီ။ ကိုယ်တော်သည် ဘုန်းတော်ပလ္လင်ပေါ်၌ ထိုင်၍ မိမိ၏ နိုင်ငံတော်ကို စီမံခန့်ခွဲခဲ့ကာ တရားအတိုင်း ဖြောင့်မတ်စွာ စီရင်၍ အမြဲတည်စေပြီ။ ကိုယ်တော်၏ရှေ့တွင် အပြည်ပြည်တို့ကို နှိမ့်ချလေပြီ။ အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ရှင်ဘုရင်တို့၏ တန်ဆာကို ကိုယ်တော်ချွတ်လေပြီ၊ နှစ်ရွက်ရှိသော မြို့တံခါးတို့ကို နောက်တစ်ဖန် မပိတ်စေခြင်းငှာ ကိုယ်တော်ဖွင့်ခဲ့ပြီ။ အကြောင်းမူကား ကိုယ်တော်၏အလင်း ရောက်လာပြီးဖြစ်၍ ကိုယ်တော်၏ ဘုန်းတော်သည် ထွန်းတောက်လျက်ရှိ၏။ မှောင်မိုက်သည် မြေကြီးကို ဖုံးလွှမ်း၍ ထူထပ်သော မှောင်မိုက်သည် လူများကို ဖုံးလွှမ်းလေသည်။ အို ဘုရားသခင်။ သို့သော်လည်း ကိုယ်တော်သည် ငါတို့ထံ ကိုယ်တော်၏ အလင်းကို ထွန်းလင်းစေ၍ငါတို့အပေါ်၌ ထကြွလာခဲ့၍ ကိုယ်တော်၏ ဘုန်းတော်ကို ငါတို့အပေါ်၌ မြင်ခဲ့ရလေပြီ။ ခပ်သိမ်းသော လူအမျိုးမျိုးတို့သည် ကိုယ်တော်၏ အလင်းသို့လည်းကောင်း ရှင်ဘုရင်တို့သည် ကိုယ်တော်၌ ထွန်းလင်းတောက်ပခြင်းသို့လည်းကောင်း လာကြလိမ့်မည်။ ကိုယ်တော်သည် အရပ်ရပ်သို့ မျှော်ကြည့်လေသည်။ ကိုယ်တော်၏ သားတို့သည် အဝေးက လာကြ၍ ကိုယ်တော့်ရှေ့တွင် စုရုံးကြ၏။ ကိုယ်တော်၏ သမီးတို့သည် ပွေ့ချီခြင်းကို ခံရလေပြီ။ အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော်၏ ကြီးစွာသော ချစ်ခြင်းမေတ္တာသည် ငါတို့ကို ဖမ်းဆုပ်မူ၏။ ကိုယ်တော်၏ နိုင်ငံတော်သို့ သွားရာလမ်းတွင် ငါတို့၏ ချီတက်မှုကို ဦးဆောင်သူမှာ ကိုယ်တော်ဖြစ်ပြီး ငါတို့၌ စိမ့်ဝင်ပျံ့နှံ့သည်မှာ ကိုယ်တော်၏ သန့်ရှင်းသော နှုတ်ကပတ်တော်များဖြစ်သည်။ "
- Ayeyarwady Region
- JoinedDecember 18, 2019
- website: my.kingdomsalvation.org/
Sign up to join the largest storytelling community
or
Stories by အနန္တတန်ခိုးရှင်ဘုရားသခင်၏ စကားတော်သည် ကျွန်ုပ်ကို ကယ်တင်ပြီ
- 10 Published Stories

ရုပ်ရှင်
490
2
175
အလျှံပယ်ဖြစ်သော ဧဝံဂေလိရုပ်ရှင်များသည် နောက်ဆုံးသောကာလ အမှုတော်များကို ဆောင်ရွက်ရန် ပေါ်ထွန်းလာသော သခင်ယေရှုအ...

ဓမ္မသီချင်းများ
519
0
143
ကျွန်ုပ်တို့ ခရစ်ယာန် အသင်းတော်မှ နိုင်ငံတော်ခေတ်အတွက် ဧဝံဂေလိ ဓမ္မတေးများကို နားဆင်ရန် အဆွေတို့အား ကြိုဆိုပါ...

ကောင်းကင်နိုင်ငံတော်သီချင်း
29
0
7
အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ဧဝံဂေလိ သံစုံမှ အမျိုးမျိုးသော ဗွီဒီယိုများ။ ဘုရားသခင်၏ ရွေးကောက်ခြင်းကိ...