Tuan_Hui_Yar
Link to CommentCode of ConductWattpad Safety Portal
The Birthday Letter to My little charming golden prince 31.12.2024 ပထမဆုံးအနေနဲ့လေ Buddhist တစ်ယောက်အဖြစ် ခံယူနိုင်ခဲ့တဲ့အတွက် အများကြီး ဂုဏ်ယူကြောင်းပြောချင်တာပါပဲ။ဒီအကြောင်းကိုလေ ပြောမလို့ပေမယ့် ဒီနေ့မှာ အမှတ်တရလေးဖြစ်အောင်သိမ်းထားခဲ့တာ။ငါတို့ရွှေလုံးလေးက သိပ်တော်တာပဲ။ဘယ်သူဘယ်ဝါရဲ့တိုက်တွန်းချက်၊ဖိအား ဘာမှမပါဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဒီလိုမျိုး ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူနိုင်ခဲ့တာ တကယ်ကို တကယ်ကို အများကြီးတော်တာသိလား။ဒါကလေ နှစ်တစ်နှစ်လုံးမှာ ငါတို့ရွှေလုံးလေးရွေးချယ်နိုင်ဲ့တဲ့ အကောင်းဆုံးတွေထဲကမှ အကောင်းဆုံးတစ်ခုပါပဲ။ရာက အရမ်းတော်တဲ့ ရွှေလုံးလေးအတွက် အများကြီး ဂုဏ်ယူတယ်နော်။ ဆယ့်တစ်ကျော်နေမှ ဆုတောင်းပေးရတာ ဒီဆုတောင်းက ဒီနှစ်အတွက် နောက်ဆုံး wish ဖြစ်မယ်ထင်တာပဲ။ဒီနှစ်ကတော့ပင်ပန်းနေတာမလို့မွေးနေ့အတွက် မနက်ဆွမ်းထကပ်မပေးလိုက်ရဘူး။ဒီတိုင်းဘုရားရှိခိုးပြီး မွေးနေ့အတွက်ဆုတောင်းပေးဖြစ်ခဲ့တယ်။တကယ်တော့မနှစ်ကလဲ ဂိုးကို ရည်ရွယ်ပြီး ဆွမ်းကပ်၊ဘုရားရှိခိုးလုပ်ပေးဖြစ်ပေမယ့် မပြောဖြစ်ခဲ့တာရယ်။ဒီနှစ်တော့ ပြောလို့ရပြီပဲ။အခု ခံစားချက်ကလေ တကယ်ကြည်နူးပြီး ပီတိဖြစ်တယခဆိုတာမျိုးကြီးကွာ။ ခရီးသွားဖြစ်လိုက်တာနဲ့ ဂိုးမွေးနေ့အတွက်တကယ်နောက်ကျသွားတာရယ်။သွေ့ပုချိ သွေ့ပုချိ။ဒါပေမယ့် ခရီးမှာရောက်ခဲ့တဲ့ဘုရားမှာတော့ ဒီဇင်ဘာမွေးနေ့ရှင်သုံးယောက်လုံးအတွက် ဆုတောင်းဖြစ်ခဲ့သေးတယ်ရယ် *giggle* တွေ့ကြတာ နှစ်နှစ်မပြည့်သေးပေမယ့်လဲလေ ဂိုးက တကယ်ကိုမျက်စိအောက်မှာကြီးပြင်းလာတဲ့ကလေးလေးလိုပါပဲ။ဘာလိုလိုနဲ့15တောင်ပြည့်သွားပြီနော်။နေ့ရက်တွေပြောင်းတာ တကယ်ကိုမြန်လိုက်တာ။မွေးနေ့အတွက် ဂုဏ်ပြုပါတယ်နော်။ပျော်ရွှင်တဲ့မွေးနေ့လေးဖြစ်ပါစေ ရွှေလုံးလေးရေ။ဝါး..တကယ်ကို ကလေးတွေ အရွယ်ရောက်တာ မြန်လိုက်ကြတာ။
Tuan_Hui_Yar
ထပ်ပြီးတော့ ပျော်ရွှင်စရာနှစ်သစ်ကူးနဲ့မွေးနေ့လေးဖြစ်ပါစေနော်။ဒီနေ့လဲ အချိန်ကောင်းတွေပိုင်ဆိုင်ခဲ့မယ်လို့ မျှော်လင့်ပါတယ်။ပြီးတော့ ဒီမွေးနေ့ကစပြီး နောက်မွေးနေ့တွေအများကြီးကို ချစ်ရတဲ့မိသားစုနဲ့အတူ ဖြတ်သန်းနိုင်ပြီး ဘဝလမ်းတစ်လျှောက်က်လုံး အောင်မြင်ခြင်းတွေနဲ့ပြည့်နေတဲ့လမ်းတွေသာ ပိုင်ဆိုင်နိုင်ပါစေ။စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့ ဘဝမှာ ကောင်းခြင်းများစွာကိုသာ ပိုင်ဆိုင်ရပါစေနော်။ ဒီနှစ်ကိုလဲ ငါတို့ရွှေလုံးလေးအများကြီးကြိုးစားခဲ့ပါတယိ။အဲ့အတွက်လဲ ဂုဏ်ယူပါတယ်နော်။အများကြီးကြိုးစားပြီး ရလဒ်ကောင်းတွေနဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပါပြီ။တာဝန်ကျေပါတယ်နော်။နောက်နှစ်ကိုလဲ ဒီနှစ်လိုပဲအကောင်းဆုံးတွေနဲ့ပဲ ဖြတ်သန်းကြရအောင်ပါ။ကျန်းမာပြီး ပျော်ရွှင်တဲ့ ကောင်လေးအဖြစ် ကုသိုလ်ကောင်းမှုတွေအများကြီး လုပ်ပြီး လူအများကိုအကျိုးပြုကူညီနိုင်တဲ့ သူတစ်ယောက်လဲဖြစ်ပါစေ။ရှောင်ရာက နိချန်ကို အများကြီးချစ်ပါတယ်နော်။ Happy Birthday & Happy New Year Tuan Hui Yar
•
Reply
Tuan_Hui_Yar
ဂိုးဆိုတာနဲ့လေ ရွှေရောင်မဟုတ်ပဲ အပြာနုနုလေးတွေပြေးပြေးမြင်မိတာသိလား။နည်းနည်းထူးဆန်းတယ်မလား။ဒါပေမယ့်လေ အေးချမ်းပြီးလှပတဲ့နုနုညံ့ညံ့ အပြာလေးတွေကလေ အေးချမ်းပြီးတည်ငြိမ်တဲ့ ဂိုးနဲ့ တအားလိုက်တယ်လို့မြင်တာပဲရယ်။ပြီးတော့လေ အရာအာလုံးမှာ တစ်ဖြစ်နေတဲ့ ငါတို့ ရွှေလုံးလေးကလေ ဆုတောသ်းမပေးရင်တောင်မှ အများကြီးအောင်မြင်မှုတွေပိုင်ဆိုင်တဲ့ကြယ်လေးဖြစ်နေဦးမှာ။အဲ့အချိန်ထိ အတူတူရှိသွားရရင်သိပ်ကောင်းမှာ။ ပြီးတော့လေ အပြာရောင်ကောင်းကင်တွေရယ် တိမ်နုနုလေးတွေရယ်နဲ့လိုက်တဲ့ ဂိုးပိစိကိုလေ မွေးနေ့လက်ဆောင်အနေနဲ့ Baby Breath လေးတွေပေးချင်တယ်။ပန်းလေးတွေရဲ့အဓိပ္ပာယ်က ဂိုးနဲ့အရမ်းလိုက်လွန်းတာပဲ။စကားတွေအများကြီး မပြောဖြစ်ပေမယ့်လေ ဂိုးကို ရာကအများကြီးချစ်တယ်နော်။ပြီးတော့ အများကြီးပျော်ရွှင်ရပါတယ် ရာတို့ဆီကို ရောက်လာပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။အခုလိုလေးပဲ ဆက်ပြီး ကောင်းကောင်းမွန်မွန်နဲ့ကြီးပြင်းလာပေးနော်။ စသိတဲ့နေ့လေးကို မှတ်မိသေးတယ်ရယ်။အဲ့နေ့က ဘာသာစကားပေါင်းစုံနဲ့ မင်္ဂလာပါကနေ မတက်ကြတော့တာလေ နှစ်ယောက်လုံးတိုင်ပတ်နေရောပဲ။နှစ်ယောက်လုံးမှာ topic မရှိကြဘူးလေ *giggle*ဒါမယ့်လဲနောိ နောက်တော့လဲ တကယ်ဟိုးငယ်ငယ်တည်းကသိလာတဲ့ မောင်နှမတွေကြနေတာပါပဲ။ရာကတော့ ရာ့ဘဝတစိတ်တစ်ပိုင်းရဲ့ ပျော်ရွှင်မှုလေးဖြစ်ပေးလို့ကျေးဇူးသိပ်တင်တာပဲ။မင်းတို့သာမရှိခဲ့ရင်လေ ဒီအချိန်ထိတစ်ယောက်တည်းဖြစ်နေမှာမလို့ မင်းတိုါကို တအားတန်ဖိုးထားတယ်ရယ်။ ပြီးတော့လေ introvert အချင်းချင်းမလို့ စကားသိပ်မပြောဖြစ်ကြပေမယ့်လေ တစ်ခုခုဆို ရာရှိတယ်နော်။တိုင်ပင်စရာရှိရင်ပဲဖြစ်ဖြစ်၊လိုအပ်လို့ပဲဖြစ်ဖြစ် အစ်မအရင်းတစ်ယောက်လိုပြေးတိုင်ပင်လို့ရတယ်သိလား။ငါတို့ရွှေလုံးလေးက မိသားစုကောင်းတွေရှိတဲ့အပြင် သူငယ်ချင်းတွေလဲရှိသေးတာမလို့ တစ်ခုခုဆို ပြေးသာတိုင်ပစ် သိလား။စိတ်ထဲမထားပဲလေနော်။နောက်ထပ်လေ အားရင် ရာ့ဆီလာပါဦးလို့ ဒီနှစ်ဆို ဂိုးနဲ့တကယ်ကိုစကားပြောဖြစ်တာနည်းတယ်ရယ် "( ရာက အများကြီး လွမ်းပါတယ်နော်။
•
Reply