hlwanpanchi

8/12 12:40 am
          	ငါ့မွေးနေ့ရောက်နေပြီး  ငါ ရင်ဘက်ထဲက နာနေတယ် 
          	အမြဲငါကပဲ သည်းခံပြီးတိတ်ဆိတ်နေရမှာလား
          	အဲ့လိုဆို တစ်သက်လုံး တိတ်ဆိတ်ပေးဖို့က တစ်နည်းပဲရှိတယ်မလား (Death)
          	ငါလဲ ခံစားတတ်တဲ့လူသားမို့ ပြန်ပြောချင်တယ်လေ
          	ဘဝက တိုတိုလေးမို့ ပျော်ပျော်နေရမယ်တဲ့ shiballlll
          	ငါ့က ဟန်ဆောင်လို့ပဲရတယ် တကယ်မပျော်ရဘူး 
          	.
          	စကားတွေ ကြမ်းသွားရင် တောင်းပန်ပါတယ် အမိုး
          	ပထမဆုံး အာဘွားမပေးဘဲ ၊ချစ်တယ်လို့မပြောဘဲ ph ချမိလိုက်တယ်
          	တကယ်တော့ အများကြီး တောင့်ခံနေရတယ် 
          	တော်တယ်လို့ ချီးကျူးမယ်သူ့မရှိဘူး လိုတာမရရင် စကားကောင်းကောင်းမပြောပေးကြတော့ဘူး
          	တစ်ခါတစ်လေ ငါသာ ဘာမှ သူံးစားမရတဲ့သူဆို ဘယ်လိုဆက်ဆံပေးမလဲ သိချင်လာတယ်
          	မိသားစုမှာတောင် ပိုက်ဆံက အရေးကြီးမှန်းသိလာတယ်
          	ငါအခု အရမ်းငိုနေပေမယ့် မနက်ရောက်လို့ မိုးလင်းရင် ငါပျော်နိုင်ပါ့မလား မသိပေမယ့် ပျော်ချင်တယ်
          	ငါက အဲ့လိုပဲ ငါ့ခေါင်းထဲ အမှိုက်တွေ လာထည့်လို့မရဘူးဘာလို့ဆို အဲ့အမှိုက်တွေ မရှင်းမခြင်း ငါ ပျော်လို့မရတော့လိုဘဲ ...

hlwanpanchi

8/12 12:40 am
          ငါ့မွေးနေ့ရောက်နေပြီး  ငါ ရင်ဘက်ထဲက နာနေတယ် 
          အမြဲငါကပဲ သည်းခံပြီးတိတ်ဆိတ်နေရမှာလား
          အဲ့လိုဆို တစ်သက်လုံး တိတ်ဆိတ်ပေးဖို့က တစ်နည်းပဲရှိတယ်မလား (Death)
          ငါလဲ ခံစားတတ်တဲ့လူသားမို့ ပြန်ပြောချင်တယ်လေ
          ဘဝက တိုတိုလေးမို့ ပျော်ပျော်နေရမယ်တဲ့ shiballlll
          ငါ့က ဟန်ဆောင်လို့ပဲရတယ် တကယ်မပျော်ရဘူး 
          .
          စကားတွေ ကြမ်းသွားရင် တောင်းပန်ပါတယ် အမိုး
          ပထမဆုံး အာဘွားမပေးဘဲ ၊ချစ်တယ်လို့မပြောဘဲ ph ချမိလိုက်တယ်
          တကယ်တော့ အများကြီး တောင့်ခံနေရတယ် 
          တော်တယ်လို့ ချီးကျူးမယ်သူ့မရှိဘူး လိုတာမရရင် စကားကောင်းကောင်းမပြောပေးကြတော့ဘူး
          တစ်ခါတစ်လေ ငါသာ ဘာမှ သူံးစားမရတဲ့သူဆို ဘယ်လိုဆက်ဆံပေးမလဲ သိချင်လာတယ်
          မိသားစုမှာတောင် ပိုက်ဆံက အရေးကြီးမှန်းသိလာတယ်
          ငါအခု အရမ်းငိုနေပေမယ့် မနက်ရောက်လို့ မိုးလင်းရင် ငါပျော်နိုင်ပါ့မလား မသိပေမယ့် ပျော်ချင်တယ်
          ငါက အဲ့လိုပဲ ငါ့ခေါင်းထဲ အမှိုက်တွေ လာထည့်လို့မရဘူးဘာလို့ဆို အဲ့အမှိုက်တွေ မရှင်းမခြင်း ငါ ပျော်လို့မရတော့လိုဘဲ ...

hlwanpanchi

19/11/24
          အဖိုးက သူ့သမီးသူ့ကို ပြန်ပြောလို့ ခံစားနေရတာ တွေ့ရတယ် အဲ့ဒါက လနဲ့ချီနေပြီး ...
           မိဘတွေက မာန်က ရှိပြီး နောက်ကွယ်မှာတော့ ဝမ်းနည်းနေတာပါလားး ဆိုပြီး သိလိုက်ရတယ်
          အဲ့လို ပြန်မပြောမိဖို့ ကိုယ်ကိုကိုယ့်ဆင်ချင်ရမယ်ဆိုတာ သိလိုက်ရတယ်
          ကိုယ့်ကြောင့်ဝမ်းနည်းနေရရင် အများကြီး အပစ်ကြီးမှာ..
          အကောင်းဆုံးရှင်သန်ပါ ကောင်မလေးးရေ 

hlwanpanchi

10/11 
          အရမ်းနေမကောင်းဖြစ်နေတယ် အိမ်အရမ်းပြန်ချင်ပြီး မိသားစုနဲ့ အတူရှိချင်တယ်
          အရမ်းဝမ်းနည်းပေမယ့် ငိုလို့လည်းမရဘူး
          

hlwanpanchi

ရူးသွပ်မှုတွေကို ခဏထားရအောင် ပျော်ရွှင်မှုနဲ့အတူ ငါ့ရဲ့ အိမ်ကလေးကို အေးချမ်းအောင် လုပ်မယ် 
          ငါအကောင်းဆုံးကြိုးစားမယ် .....
          ကိုယ့်ကိုကိုယ် သနား‌နေတဲ့ စိတ်ကို ရိုက်ချိုးပစ်ရမယ်
          ငယ်သေးတယ်၊ ကျန်းမာနေသေးတာမို့ အရာရာ ကြိုးစားရင် ဖြစ်နိုင်ရမယ်
          လူတိုင်းမှာ ကောင်းတာတွေရော မကောင်းတာတွေရော ရှိနေတာပဲ 
          ငါအရင်လို ကိုယ့်ရဲ့ နာကျင်ဝမ်းနည်းမှုတွေကိုပဲ သူတစ်ပါးကို သွားပေးလို့ မဖြစ်ဘူး အဲ့ဒီအချိန် သူတို့လည်း ငါ့ကို မပြောပြနိုင်တဲ့ အခက်အခဲတွေရှိနေမှာ
          အဲ့တော့ ပျော်ရွှင်တာလေးတွေပဲ ဝေမျှကြတာပေါ့ ...
          10:27 pm
          29/October 
          

hlwanpanchi

28/ October 5:45pm
                အရင်အတိုင်းပါပဲ အချစ်ရယ် ငါမင်းက်ု အများကြီး သတိရနေမိတယ်
            လူတစ်ယောက်ကို သဘောကျတာက ဒီလို ခံစားချက်ပါလားဆိုတာကို မင်းက ငါ့ကို သိစေခဲ့တာပဲ 
          ငါတို့ဘေးချင်းကပ် ဆုံခဲ့ရတဲ့ အဲ့ဒီ အချိန် ခဏလေးကို နောက်ပြန်ဆုတ်လို့ရခဲ့ရင် ငါက အသက်မအောင့်ထားဘဲ မင်းရဲ့ ကိုယ်သင်းနံ့လေးကို ရူရှိုက်မိခဲ့မှာ 
          မင်းမသိပေမယ့် ငါက နေ့ရက်တိုင်း လွမ်းနေပြီး အမြဲ သတိရနေမိတယ် 
          ပိုင်ဆိုင်ချင်လားဆိုရင်လည်း မဟုတ်ဘူး ဒီအတိုင်းလေးပဲပေါ့ အချစ်ရယ် 
          အချစ်ဆိုရင်လည်း အမုန်းက လာဦးမယ်
          ကြိုက်တယ် ဆိုရင်လည်း တစ်ချိန်ချိန် အကြိုက်ဆိုတာ ပြောင်းလဲ သွားနိုင်တာပဲလေ
          ငါက မင်းကို သဘောကျနေမိတာ အချစ်ကလေးရဲ့
          တကယ်ကို မြတ်မြတ်နိုးနိုးပဲ .... 
          သတိရတိုင်း မင်းပျော်ရွှင်ဖို့ပဲ အမြဲဆုတောင်း‌နေမိတယ်
          အချစ်ကလေးရဲ့ နေ့ရက်တိုင်းက အမြဲလှပပြီး ပျော်ရွှင်နေပါစေနော် 
          ငါ..တစ်ခါလောက်တော့ အချစ်ကလေးကို ပြန်တွေ့ခွင့်ရနိုင်မလား ဟင်
          အနက်ရောင်လေးတွေပဲ ဆင်မြန်းနေပါနော် အချစ်ကလေး ....
          
          

hlwanpanchi

25/October, Friday 
                အချိန်တွေ ကုန်တာ မြန်လာသလို ငါလဲတဖြည်းဖြည်းနားလည်လာတာတွေရှိတယ် လူတွေနဲ့ ပက်သက်ပြီးတော့ပေါ့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ခံစားချက်တွေကို နားလည်ပြီး ထပ်တူကျတယ်လို့ ထင်ခဲ့ဖူးတယ်
           တကယ်တမ်းကျ ခဏတာရောက်လာတာပဲ
          ငါကအများကြီး ခံစားချက်တွေကို ထုတ်ပြလိုက်လို့များလား
          ဒါမှ မဟုတ် သူတို့က ငါက အရမ်းသူတို့ကို လိုအပ်တယ်လို့ ထင်နေတာလား
          ငါလည်း အများကြီး ကြုံဖူးပြီးလို့ ထင်တယ် 
          အကျင့်ပါသွားပြီး တဖြည်းဖြည်း ခံစားချက်မရှိတော့ဘူး ဘယ်သူကိုမှ
          ငါ့က စမှ ဖြစ်ပေါ်လာတဲ့ ဆက်ဆံရေးတွေကို မေ့ထားလိုက်တော့မယ်
          ငါအဆင်ပြေပါတယ်ဆိုတာ မင်းတိုကို့ သိစေချင်တယ်
          10:45 Am
          

hlwanpanchi

ငါ နွံထဲကျနေသလို ခံစားချက်မျိုးပဲ  ဆွဲထူမယ့်သူမရှိဘူး တစ်ခါတစ်လေ ငါ့ပတ်ဝန်းကျင်က တိတ်ဆိတ်သွားတယ် တစ်ခါတစ်လေ အော်ဟစ်နေသံတွေ ကြားရတယ် ငါ့ထင်တာက ငါ့ကို ကူညီမယ့်အသံတွေလို့ ထင်ပေမယ့် 
          အဲ့အသံက အပြစ်တင်သံတွေ ဖြစ်နေတယ်
          ငါ အားကိုးတကြီး ငါ့ရဲ့ ဘေးကိုကြည့်လိုက်တော့လည်း 
          အမြစ်မရှိတဲ့  နွယ်ပင်တွေပဲ ရှိတယ် ငါ့ကို ကူညီဖို့နေနေသာသာ သူတို့ဘာသာ မနဲရှင်သန်နေရတယ်
          ငါသေချာပေါက် ရုံးထွက်ချင်ပေမယ့် နှစ်သွားမှာလည်း ကြောက်နေမိတယ် အဲ့တော့ မရုံးရဲဘူး
          စိတ်တွေ အများကြီး ရှုပ်နေတာကြောင့် တစ်ယောက်ယောက်နဲ့ စကားပြေရရင် အဆင်ပြေသွားမယ် ထင်ပေမယ့် စကားပြောချင်စိတ်က ရှိမနေဘူး
          ငါ ခဏလောက် ပျောက်ကွယ်သွားချင်တယ်
          ဘယ်သူမှ မသိခင် ပျောက်ကွယ်သွားပြီး ဘယ်သူမှ မသိခင် ပြန်လာချင်တယ် 
          ငါ့ဆီက ဘာမှမလိုအပ်ဘဲ ငါက အနားရှိပေးရုံနဲ့ အဆင်ပြေပါတယ် ဆိုတဲ့ လူမ်ျုး အဲ့လိုလူမျိုး ပေါ်လာစေချင်တယ် ခဏလေးလောက်ပဲ ဖြစ်ဖြစ်ပေါ့ ......