hoppiesmile

Single mom???
          	
          	"သူမကအသက်ငယ်ငယ်လေးနဲ့ အိမ်ထောင်ကွဲသွားတာလေ ''
          	
          	"ကျောင်းတောင်မပြီးသေးပါဘူး လင်နောက်လိုက်သွားတာ ။
          	သူ့လိုမနေနဲ့ ''
          	
          	"နောက်ဆုံးတော့လည်း ကလေးတစ်ယောက်ပဲ အဖက်တင်တယ် ''
          	
          	"အဲ့ကလေးကို တခြားလူပေးပစ် ''
          	
          	ပတ်ဝန်းကျင်ကပြောတဲ့စကားတွေကို သူမကြားနေရင်တောင် ပြုံးပြုံးလေးပဲ ။
          	သူမရင်ဆိုင်ရမယ့် ဘဝကနှစ်ခုတောင်မို့လား ။
          	
          	အမှန်တော့ single motherတစ်ယောက်ရဲ့ဘဝက လွယ်ကူမနေခဲ့ဘူး ။ 
          	ဆုံးဖြတ်ချက် ခိုင်မာရမယ် ။သူ့ဆုံးဖြတ်ချက်က သူ့ကလေးအပေါ်သက်ရောက်သလို သူ့ရဲ့ ရှေ့ဆက်ရမယ့် ဘဝကိုလည်း ကိုယ်စားပြုတယ် ။ 
          	
          	ကလေးငယ်က ဖခင်မဲ့? ဟင့်အင်း သူမကြောက်ခဲ့ဘူး ။ 
          	သူမအချစ်တွေကို အဲ့ဒီ့ဖခင်ဆိုသူထက် ပိုပေးနိုင်တယ် ။
          	တစ်ကမ္ဘာလုံးက လူတွေရဲ့အချစ်ထက် သူမအချစ်က ပြောမပြတက်အောင်ပဲ ခမ်းနားလွန်းတယ် ။
          	
          	အမှားတစ်ခုလို့ပြောကြပေမယ့် လူတစ်ယောက်ရဲ့နှဖူးစာဆိုရင် ပိုပြီးစိတ်သက်သာရာရောက်မယ် ထင်တယ် ။
          	
          	
          	"Single mom ''
          	
          	ဒါဟာသူမအတွက် စစ်ပွဲတစ်ခုလို နိဗ္ဗာန် တစ်ခုဆိုလည်းမမှားဘူး ။
          	
          	 #မမအတွက်
          	
          	

S55lyu

အာသာရေeuphoriaလေးမျှော်နေပါတယ်နော် တကယ်သဘောကျတဲ့ဇာတ်လမ်းလေးမို့အာသာဆက်ရေးပေးဖို့စောင့်နေပါတယ်လို့

roommate9495

@Na_Ra_Bia အဲ့အကောင့်ပျက်သွားလို့ဆက်မရေးဖြစ်တော့ပါဘူးနော် အားနာပါတယ်အဲ့ကficတွေဘာတစ်ခုမှဆက်မရေးဖြစ်တော့တာပါ
Reply