htetsusan
တောင်းပန်ပါတယ် ကိုယ်တကယ်တအားပင်ပန်းနေပြီမလို့ ဆက်တောင့်ခံမနေနိုင်တော့ဘူး ficကို အဆုံးမသတ်ပေးနိုင်တဲ့အတွက်လဲအားနာရပါတယ် ခံစားချက်တွေကရောပြီးတအားထုံနေပြီမလို့ ဘာကိုမှမသိချင်တော့တာမလို့ ထွက်သွားပါရစေ ဒီလအတွင်း ကျန်နေသေးတဲ့လုပ်စရာတွေအပြီးသတ်ပြီးတာနဲ့ အားလုံးကိုဖျက်သွားမှာပါ မရှိခဲ့ဖူးတဲ့အရာလိုပဲဖျောက်ပစ်သွားဖို့ဆန္ဒရှိပါတယ် အားလုံးကိုအနူးအညွှတ်တောင်းပန်ပါတယ်ဗျ
ThinMyat6
@htetsusan ဘာတွေဖြစ်နေတာလဲဟင် ကိုယ့်ရေးတဲ့ fic ဖျက်တာ တောင်းပန်ဖို့ မလိုပါဘူး ကိုယ့်စိတ်နဲ့ကျန်းမာရေးကိုသာ ဂရုစိုက်ပါနော် တခါတလေ အမှောင်ကျတဲ့အခါ ငါ လွတ်မှ လွတ်မြောက်နိုင်ပါ့မလားလို့ တွေးတက်ကြတယ် အာရုဏ်တက်ခါနီး နေထွက်ခါနီး အချိန်ဟာ အမှောင်ဆုံးပါ အချိန်အရမ်းတော့ မကြာပါဘူး အမှောင်ထဲမှာ နည်းနည်း ထပ်တောင့်ခံရင် အလင်းရောင် မြင်ရမှာပါ ဒို့ပြည်မှာ အဘက်ဘက်က ဆိုးဝါး နေတာဆိုတော့ လူတိုင်း လူတိုင်း လူကြီး လူငယ်မရွေး ကိုယ်စီ သောကတွေ ဒုက္ခတွေ ရှိတာပါပဲ ညီမလေး ကြုံရတာ pressure တွေ stress တွေကြောင့် အရမ်းပင်ပန်းနေလည်း နည်းနည်းထပ်ပြီး စိတ်အားတင်းထားပါအုံး ပိုကောင်းတဲ့အရာတွေလည်း ကျန်အုံးမှာ ကြုံအုံးမှာမလို့ fighting အေးချမ်းပါစေ အဆင်ပြေပါစေနော်
•
Reply