im_lilou_bee

ပိန်ခြင်း ဝခြင်းကို
          	ဂရုမစိုက်ဘူး သူ့ရဲ့
          	နေကောင်းခြင်း မကောင်းခြင်းကိုတော့
          	စိတ်ပူတယ်
          	သူရဲ့ လှခြင်း မလှခြင်းကို
          	အလေးသာမထားဘူး
          	သူ့ရဲ့ ချစ်ခြင်း မချစ်ခြင်းကိုတော့
          	အမြဲ နားစွင့်ထားတယ်
          	လောကမှာ
          	သူက သူ ဖြစ်နေလို့ကို ချစ်တာပါ
          	ဘာအကြောင်းပြချက်မှ မရှိဘူး ။
          	
          	ကျေးကို

im_lilou_bee

ပိန်ခြင်း ဝခြင်းကို
          ဂရုမစိုက်ဘူး သူ့ရဲ့
          နေကောင်းခြင်း မကောင်းခြင်းကိုတော့
          စိတ်ပူတယ်
          သူရဲ့ လှခြင်း မလှခြင်းကို
          အလေးသာမထားဘူး
          သူ့ရဲ့ ချစ်ခြင်း မချစ်ခြင်းကိုတော့
          အမြဲ နားစွင့်ထားတယ်
          လောကမှာ
          သူက သူ ဖြစ်နေလို့ကို ချစ်တာပါ
          ဘာအကြောင်းပြချက်မှ မရှိဘူး ။
          
          ကျေးကို

im_lilou_bee

အင်း...နေသားကျသွားမှာပေါ့ ။ ဒီနေ့လား ။
          မနက်ဖြန်လား။ ဒါမှမဟုတ်ခဲ့ရင်လည်း တရက်ရက်ပေါ့။ ‌‌
          အစကပြန်ပြီးမှတ်မိနေတတ်တဲ့ မှတ်ဉာဏ်အပိုင်းအစတချို့နဲ့ အမှတ်တရတချို့ ၊အတူတူနားထောင်ခဲ့ဖူးတဲ့ သီချင်းတချို့နဲ့ အတူတူရယ်မောခဲ့ကြတဲ့ နေ့ရက်တချို့၊
          ပြန်လည်ပြင်ဆင်ခွင့်မရှိတော့တဲ့ လမ်းလွဲမှုတချို့နဲ့
          ပြန်မရနိုင်တော့တဲ့ နေ့ရက်တချို့။ အကုန်လုံးဟာ
          သူ့နည်းသူ့ဟန်နဲ့ နေသားကျသွားမှာ ။
          
          - ခက်နှောင်

im_lilou_bee

လွမ်းတယ်လို့တော့ ပြောလို့ရတယ်မလား ။
          ပြောခွင့်ရှိတယ်မလား ။ ငါလည်း အမြဲတမ်း
          ခေါင်းမာ မပြနိုင်သလို အဆင် ပြေပါတယ်
          လို့လည်း အမြဲတမ်း ညာ မနေနိုင်ပါဘူး။
          ဒါပေမယ့် အဆင်မပြေရင်တောင်
          အဆင်မပြေတဲ့ အတိုင်းလေးပဲ ၊ လွမ်းတယ် 
          ဆိုတော့လည်း လွမ်းတယ်ဆိုတဲ့ နေရာလေးမှာပဲ
          ထားထားလိုက်တယ်နော်။ စိုးရိမ်စရာတော့
          မရှိဖူးမလား ။
          
          - ခက်နှောင်

im_lilou_bee

စိတ်ကုန်သွားရင်
          သံယောဇဉ်တွေလဲမကယ်နိုင်တော့ဘူး အမှတ်တရတွေလဲမကယ်နိုင်တော့ဘူး နောက်ဆုံးတစ်လမ်းပဲရှိတယ် အဲ့တာဝေးဖို့ပဲ

im_lilou_bee

အချိန်တန်ရင် အားလုံးဟာနေသားတစ်ကျဖြစ်သွားမှာ။
          သတိရရင်လဲ သတိရတဲ့အတိုင်း နေသားတစ်ကျ။
          မခေါ်တော့ရင် မခေါ်တဲ့အတိုင်း နေသားတစ်ကျ။
          အားလုံးဟာသူ့နည်းသူ့ဟန်နဲ့ နေသားကျသွားလိမ့်မယ် ထင်ပါတယ်။
          
          -ခက်နှောင်

im_lilou_bee

လူတွေဝင်လာတယ် နောက်ပြီးပြန်ထွက်သွားတယ်
          အရာအားလုံးဟာပုံမှန်ပါပဲ ဒါပေမယ့်
          အမှတ်တရတွေကျန်နေခဲ့တယ်
          သိတယ်မလား 
          အမှတ်တရဆိုတာမေ့သွားတယ်ရယ်လို့မရှိဘူး
          အဲ့ဒီအမှတ်တရတွေနဲ့နေသားကျသွားတာမျိုးပဲရှိပါတယ်။
          
          -ခက်နှောင်

im_lilou_bee

တကယ်လို့သာ ငါတို့
          "လမ်းလွဲ သွားရင် ဝမ်းနည်းစရာ ကြီး" နော်။
          ကျော်ဖြတ်လာတဲ့ အမှတ်တရတွေနဲ့ 
          အတူတူ ထွေးဖက်ထားတဲ့ အဲ့ဒီရက်တွေ။
          တသက်လုံးစာ ငါတို့ နှမျောတသသ
          ရှင်သန်သွားရမယ် ထင်တယ်။
           #tarmhyuunge

im_lilou_bee

ကိုယ်တို့ တစ်သက်လုံး
          တစ်ယောက်ယောက်ကို တစ်ယောက် ပြန်တွေ့ရချင်မှတွေ့ရမယ်။
          ဒါမှမဟုတ် ပြန်တွေ့ရချင်လည်း ပြန်တွေ့ရနိုင်တယ်။
          နှစ်ခုလုံး ထပ်တူထပ်မျှ ကြောက်စရာ ကောင်းပါတယ်။
          
          ဏေသစ်