joey_wony

Did we? 
          	No, we didn't.

joey_wony

အသက်16နှစ်အရွယ်မှာ တွေးခဲ့တယ်။
          အသက်18နှစ်မြန်မြန်ပြည့်ပြီးကြီးပြင်းလာလို့
          18နှစ်ပြည့်ရင်အရာအားလုံးလုပ်နိူင်မယ်လို့‌ထင်ခဲ့တယ်။
          ဘာလိုလိုနဲ့ အသက်23နှစ်ပြည့်တဲ့အခါ
          16နှစ်အရွယ်ကိုပြန်သွားချင်တယ်
          ရောက်ချင်ခဲ့တဲ့18နှစ်အရွယ်မှာလည်း
          ဖြစ်မြောက်အောင်ဘယ်အရာမှမလုပ်နိူင်ခဲ့သလို
          23နှစ်အရွယ်မှာလည်း ငါဟာအသုံးမကျတဲ့သူတစ်ယောက်ဖြစ်နေခဲ့တုန်းပဲ။
          ဒီအတိုင်းအသုံးမကျတဲ့ အမှိုက်တစ်စလိုပါပဲ။
          ရှင်သန်ရတဲ့နေ့ရက်တိုင်းကအဓိပ္ပာယ်မဲ့လာတယ်။
          ဘဝမှာ အနာကျင်ခဲ့ရဆုံး17/18အရွယ်မှာ ကတည်းက အဆုံးသတ်ခဲ့မယ်ထင်ခဲ့တာ။
          အသက်20အရွယ်မှာငါက နောက်ဘဝတစ်ခုကိုရောက်နေလိမ့်မယ်ထင်ခဲ့တာ။
          23နှစ်အရွယ်ထိနေရဖို့မတွေးခဲ့ဖူးဘူး။
          ဒီအသက်အရွယ်မှာဘယ်လိုရှင်သန်ရမှန်းမသိဘူး။
          နာကျင်ရတဲ့ရက်‌တွေရယ်ဘယ်တော့များမှအဆုံးသတ်မလဲကွယ်။
          ဘဝကိုအရိုးရှင်းဆုံးဖြတ်သန်းချင်ရုံပါ။
          ဘာလို့များဒီလောက်ပင်ပမ်းခက်ခဲနေရသလဲကွယ်။
          အရာအားလုံးကိုအရှူံးပေးပြီး
          ဒီအတိုင်းပဲပျောက်ကွယ်သွားချင်ပါတော့တယ်။
          
          

joey_wony

မီ့အဖြစ်ကိုပြောပြဦးမယ်။
          ဟိုတလောကSJ WGMပြန်ကြည့်တော့
          မ‌ီ့အမတော်ဒိတ်တင်းနယူးကောက်ထွက်
          အခုထပ်ကြည့်တော့အကိုတော်ကဒိတ်တင်နယူးထွက်
          မနေ့ကမှဘိုင်အိုမှာmissing bbyu bbyyရေးတုန်းရှိသေး။
          အိုင်အမ်အိုကေပါ။

joey_wony

မီတို့ကိုပစ်ထားပြီးသူက ဇွတ်တွေလေ့ကျင့်ခန်းလုပ်ပြီးအလေးမနေပါတယ်ပျိုတို့ရေ။
          လူကောင်ကြီးကလည်းထွားလာလိုက်တာအရမ်းပဲ။
          ဖက်ကြည့်ချင်လိုက်တာအဇမ်း။
          အာဗန်နိုးရိပေါ် ။

joey_wony

25/21ဇာတ်သိမ်းပိုင်းလေးကြည့်ရင်း မီသတိရမိတာ As your wishကိုပဲ။
          ရှောင်းကျန့်ကသူတရုတ်ပြည်ပြန်ခါနီးမှာဝမ်ရိပေါ်နဲ့လမ်းခွဲခဲ့သလိုပေါ့။
          နာဟီးဒိုအနေနဲ့ ဘဲ့အီဂျင်နဲ့လမ်းခွဲလိုက်တာလည်းအပြစ်ပြောလို့မရဘူး။
          ကောင်းကောင်းမွန်မွန်နဲ့လမ်းခွဲခဲ့လို့လည်း
          နောင်တစ်ချိန်တွေ့တဲ့အခါ တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေတာမျိုးမရှိဘဲ ကောင်းမွန်စွာပြောဆိုဆက်ဆံနိူင်တာပေါ့။
          ဘဲ့အီဂျင်နံနံခြားသွားပြီး ခုနှစ်နှစ်အကြာမှာနာဟီးဒိုက လက်ထပ်လိုက်တာကိုစစချင်းတုန်းကတော့သိပ်သဘောကျခဲ့ဘူး။
          နှစ်ယောက်လုံးကတော့ တစ်ယောက်ကိုတစ်ယောက်ချစ်တယ်ဆိုတာအသေချာပဲ။
          ဒါပေမဲ့သူတို့နှစ်ယောက်ကလမ်းခွဲခဲ့ကြပြီးပြီဖြစ်တယ်။
          နာဟီးဒိုအနေနဲ့ဒီ7နှစ်အတွင်းအခြားတစ်ယောက်ကိုမချစ်မိနိူင်စရာအကြောင်းမရှိဘူးလေ။
          ချစ်တိုင်းလည်းမညားဆိုသလိုပေါ့။