juicy_lime
ကိုယ်အပိုင်းသစ်ကို သိပ်မကြာခင်တင်ပေးပါမယ်။အစကတော့ ဇာတ်သိမ်းရေးပြီးမှ တင်ပေးတော့မလို့ပေမယ့် အဆင်မသင့်တော့လို့ တပိုင်းပြီးတပိုင်းဘဲတင်သွားပါမယ်။ ဒါလေးလဲပြောရင်း တကိုယ်ရေလုံခြုံရေးကိစ္စလေးလဲ ဂရုစိုက်ကြဖို့ သတိပေးချင်လို့ပါ။ယောင်္ကျားလေး မိန်းကလေး ညနေ ၅/၆ နာရီကျော်ရင် အပြင်မှာ ရှိမနေသင့်တော့ပါဘူး။ဘယ်လိုအပြင်လဲဆို ကိုယ့်အိမ်အနီးအနားမှာတောင်ရှိမနေသင့်တာပါ။အိမ်ထဲမှာနေတာ အလုံခြုံဆုံးဖြစ်နေတယ်လို့ဆိုရလောက်အောင် သတင်းတွေက ညွှန်ပြနေတာတွေ့ရတယ်။လူပြတ်တဲ့နေရာတွေ မသွားပါနဲ့။လူထူထပ်တဲ့နေရာသွားလာရင်တောင် အမြဲကိုယ့်ပတ်ဝန်းကျင်ကို သတိထားပါ။သတိနဲ့ဘဲသွားပါ။တခြားအာရုံရောက်နေတာမျိုးမဖြစ်ပါစေနဲ့။အထူးသဖြင့် ယောင်္ကျားလေးတွေပါ။လမ်းထိပ်မှာ သူငယ်ချင်းတွေစုပြီး ဘီယာသောက်နေတာမျိုးတို့တောင် လုံးဝမလုပ်သင့်တော့ပါဘူး။ကိုယ်ယုံကြည်ရာ ဘာသာတရားနဲ့ဆိုင်မယ့် ဝတ်ပြုတာမျိုးကို နေ့စဉ်လုပ်သွားသင့်တယ်။အပြင်တခုသွားတိုင်း သွားမယ့်နေရာရဲ့ အချိန်ကာလ လူပြတ် မပြတ် ကားရ မရအမြဲတွက်ချက်ပြီးသွားပါ။ကိုယ်ဘယ်သွားမယ်ဆိုတာ တယောက်ယောက်ကို အမြဲပြောသွားပါ။ဘယ်ချိန်သွားမယ် ဘယ်ချိန်အဒိနေရာကိုရောက်မယ် ဘယ်ချိန်မှာအိမ်ပြန်ရောက်မယ်ဆိုတာမျိုးတွေ တယောက်ယောက်ကို အသိပေးထားပါ။ပိုကောင်းတာကတော့ စီးတဲ့ကားအမျိုးအစားနဲ့ ကားနံပါတ်တွေကိုပါ တောက်လျှောက် အမြဲတမ်းအသိပေးပို့ထားရင် အကောင်းဆုံးပါဘဲ။ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီး ဘေးကင်းရန်ကွာကြပါစေ။