katsuga7
Hello အားလုံးပဲ Katsuga ပါ မတွေ့ရတာတစ်နှစ်တောင်ရှိပြီပဲ။
နိုင်ငံရေးအခြေအနေအရာအားလုံးလည်း stress ပိနေလောက်မယ်လို့ထင်မိပါတယ်။အနီးအနားကလူတွေကိုတောင်ဘယ်လိုနှစ်သိမ့်ပေးရမှန်းမသိလို့မပြောတတ်တော့ပါဘူး။
ဒါကြီးမြန်မြန်ပြီးဖို့ အလှူငွေတွေကိုကြိုးစားလှူကြတာပေါ့။
၁နှစ်တောင်ပျောက်ခဲ့တာကလက်ရှိကတော့ပြည်တွင်းမှာမဟုတ်တာရယ်ကြောင့်ပျောက်နေခဲ့တာပါ။လက်ရှိလည်းပြန်ရောက်လာတာမဟုတ်ပေမယ့် တစ်နှစ်အတွင်းမှာ ရခဲ့တဲ့ stress တွေရဲ့ mental issue တစ်ချို့ကြောင့် စာရေးဖို့လုံးဝ block ဖြစ်သွားပါတယ်။ဘာ idea မှလည်းမထွက်လာသလို ဘာမှလည်းလုပ်ဖြစ်မနေခဲ့ပါဘူး။လက်ရှိမှာတော့ပြန်ပြီးပြင်ဆင်ရအောင်ဆိုတဲ့စိတ်နဲ့ ပြန်ပြီး healing လုပ်နေပါတယ်။
မကြာခင်ပြန်လည်ပြင်ဆင်နိုင်ပြီး ongoing တွေအပြီးသတ်ရင်း idea အသစ်တွေနဲ့ပြန်လာခဲ့ဖို့ကြိုးစားနေပါတယ်။
အားလုံးပဲဂရုစိုက်ကြပါ။
-Katsuga