lawoonteukoppa

25:6:2016 ကံဆိုးတဲ့နေ့များလားမသိဘူး ဆိုင်မှာ ပစ္စည်းတခုပျောက်သွားတယ် ဘယ်သူလုပ်မှန်းမသိဘူး ဆိုင်ရှင်ကတော့ ပြောပါတယ် ဒီတခါရှိစေတော့တဲ့ နောက်ခါအဲ့လိုဖစ်ရင်လျော်ရမယ်တဲ့ ကိုယ်မလုပ်မှန်းကိုယ်သိတယ် ကိုယ်လိပ်ပြာကိုယ်ယုံတယ် ဒါပေမဲ့ ဆိုင်ရှင်ကတော့ ကိုယ်တွေကို အယုံအကြည်ပျက်တာပေါ့ အဟောင်းတွေကဘာမှမဖစ်ပေမဲ့ အသစ်ဝင်တဲ့ကိုယ်တွေကို သံသယရှိမှာပဲလေ ဘယ်သူလုပ်လို့ပျောက်သွားလည်းဆိုတာ ဘုရားမှတပါးဘယ်သူမှသိမှာမဟုတ်ပါဘူး ကိုယ်ကတော့ကိုယ်ကိုယ် လိပ်ပြာသန့်တယ်ဆိုပေမဲ့ သူတို့အမြင်မှာတော့ သို့လောသို့လောလို့ထင်မှာပဲလေ စိတ်ညစ်တယ်   

lawoonteukoppa

25:6:2016 ကံဆိုးတဲ့နေ့များလားမသိဘူး ဆိုင်မှာ ပစ္စည်းတခုပျောက်သွားတယ် ဘယ်သူလုပ်မှန်းမသိဘူး ဆိုင်ရှင်ကတော့ ပြောပါတယ် ဒီတခါရှိစေတော့တဲ့ နောက်ခါအဲ့လိုဖစ်ရင်လျော်ရမယ်တဲ့ ကိုယ်မလုပ်မှန်းကိုယ်သိတယ် ကိုယ်လိပ်ပြာကိုယ်ယုံတယ် ဒါပေမဲ့ ဆိုင်ရှင်ကတော့ ကိုယ်တွေကို အယုံအကြည်ပျက်တာပေါ့ အဟောင်းတွေကဘာမှမဖစ်ပေမဲ့ အသစ်ဝင်တဲ့ကိုယ်တွေကို သံသယရှိမှာပဲလေ ဘယ်သူလုပ်လို့ပျောက်သွားလည်းဆိုတာ ဘုရားမှတပါးဘယ်သူမှသိမှာမဟုတ်ပါဘူး ကိုယ်ကတော့ကိုယ်ကိုယ် လိပ်ပြာသန့်တယ်ဆိုပေမဲ့ သူတို့အမြင်မှာတော့ သို့လောသို့လောလို့ထင်မှာပဲလေ စိတ်ညစ်တယ်   

lawoonteukoppa

အရင်တုန်းကလို မပြည့်စုံတဲ့ မိသားစုထမင်းဝိုင်းလေးကိုသတိရတယ်
          တအိပ်ယာထဲအတူတူပြန်အိပ်ရတဲ့ မိသားစုဘဝလေးကိုတောင်းတတယ်
          သမီးလို့ခေါ်ပြီး မေမေပြီးရင် အငယ်မလေးကို
          အချစ်ဆုံးလို့ပြောတဲ့ ကိုကြီး ကိုလူလွတ်တယောက်အဖစ်ပြန်လိုခြင်တယ်
          အရင်တုန်းကပျော်ရွှင်ပြီး စိတ်ချမ်းသာတဲ့
          သမီးတို့ မိသားစု ငါးယောက်ဘဝကိုပြန်ရခြင်တယ်
          ဒါကြောင့်ကိုကြီးရယ် သမီးတို့ မိသားစုငါးယောက်ထဲဝင်လာတဲ့
          တစိမ်းတယောက်ကို ဖယ်ထုပ်ပေးပါလား
          သမီးသူကိုမမုန်းပါဘူး
          ဒါပေမဲ့သမီးအရမ်းချစ်ရတဲ့ကိုကြီးကို သမီးတို့မိသားစုထဲက ဆွဲထုပ်သွားတဲ့ သူကိုနာကျည်းတယ်
          ဖေဖေ မေမေ မမ သမီး ကိုကြီးကြောင့်ငိုခဲ့ရတယ်
          ဒါပေမဲ့ ကိုကြီးစိတ်ဆင်းရဲမှာဆိုးလို့ ကိုကြီးရှေမှာ
          ပျော်ရွှင်အောင်နေခဲ့ပါတယ်
          သမီးတို့ မိသားစု ငါးယောက်ထဲကို ဘယ်သောအခါမှတစိမ်းဝင်မှာမဟုတ်ဘူးလို့တစ်ထစ်ချယုံကြည့်ခဲ့တာ သမီးမှားပြီးကိုကြီးရယ်
          မမထက်ကိုကြီးကိုသမီးပိုချစ်ခဲ့တာ 
          ဖေဖေက တနင်္လာ
          မေမေ နဲ့ မမက စနေ
          ကိုကြီး နဲ့ သမီးက သောကြာ
          သမီးတို့ မိသားစု အရင်လိုပျော်ရွှင်တဲ့ဘဝများပြန်လိုခြင်တယ် ကိုကြီးရယ် 
          အချိန်တွေသာနောက်ပြန်ဆုပ်လို့ရရင်
          အရင်လိုဘာမှကိုမသိတဲ့ ကလေးလေးဘဝကိုသမီးပြန်လိုခြင်တယ်
          ဖေဖေက မမကို အချစ်ဆုံး
          မေမေက ကိုကြီးကိုအချစ်ဆုံး
          သမီးက ကြားလပ်နေပေမဲ့
          သမီးကိုးတန်းနှစ်မှာစပြီး ညမလေးလို့ခေါ်ရကနေ
          သမီးလို့စပြီးပြောင်းခေါ်ခဲ့တဲ့ ကိုကြီး က သမီးကိုအချစ်ဆုံးဆိုတာသမီးစသိခဲ့တယ
          သမီးညတိုင်း ငိုခဲ့မိတယ် သမီး ခုနှစ်တန်းနွေရာသီကျောင်း
          ပိတ်ရက်မှာ အလုပ်လုပ်တော့
          ကိုကြီးက မေမေ ညမလေးကိုအလုပ်မလုပ်ခိုင်းပါနဲ့
          သူတနေ့ရတဲ့ ပိုက်ဆံကိုသားပေးပါမယ်
          ညမလေးကငယ်သေးတယ် အလုပ်လုပ်ရင်
          ပညာရေးဘက်အားနည်းမယ်ဆိုပြီးပြောခဲ့တဲ့
          စကားကို ခုထိကြားယောင်နေဆဲပဲ
          သမီးကိုကြီးကို ပြောခဲ့ဆိုခဲ့ရိုင်းခဲ့တဲ့အတွတ်သမီးတောင်းပန်ပါတယ်
          သမီးကိုဗွေမယူပါနဲ့နော်ကိုကြီး
          ဖေဖေနဲ့မေမေကကိုကြီးကြောင့်မျက်ရည်ကျခဲ့ပေမဲ့
          သမီးကြောင့်ဘယ်တော့မှ မျက်ရည်မကျရအောင်သမီး လုပ်ပေးပါမယ်
          ကိုကြီးအရမ်းချစ်ရတဲ့ ညမလေးတယောက်ဖစ်အောင်နေသွားပါမယ်
          သမီး fb မှာ postကို မတင်တာက ဒါတွေကို ကိုကြီးမြင်ပြီးစိတ်ဆင်းရဲမှာဆိုးလို့မတင်တာပါ
          ပြီးတော့ ကိုကြီးမိန်းမကိုသမီး fb ကနေ blockလိုက်တဲ့အတွတ်တောင်းပန်ပါတယ်
          သမီးသူကိုယောင်းမအဖစ်မတော်နိုင်ဘူး
          သူမှမဟုတ်ဘူး ဘယ်သူကိုမှ ယောင်းမအဖစ်လက်မခံနိုင်ဘူး
          မမကိုလည်းယောက်ကျားမယူစေခြင်ဘူး
          အရှင်းဆုံးပြောရရင် သမီးတို့မိသားစု ငါးယောက်ထဲကိုဘယ်တစိမ်းတယောက်မှမဝင်လာစေခြင်ဘူး၊
်