mahar_for_thondra
[Zawgyi]Hello
နှစ်သစ်ထဲ ရောက်လာပြီဆိုတော့ ကိုယ့်စာဖတ်သူလေးတွေအတွက် နှစ်သစ်ဆုမွန်ကောင်းလေး ပါးလိုက်ပါရစေရှင်။
ခါးသီးလှတဲ့ သည်သံသရာတစ်ကွေ့မှာ နောက်တစ်ဖန် ပြန်မဆုံကြပဲ
ကံဆိုတာ ကောင်းခြင်းချည်းရှိတာပါဆိုပြီး ခံယူနိုင်တဲ့အထိ အဖြစ်ဆိုး ကံဆိုးကြီးမှ လွတ်မြောက်နိုင်ကြပါစေ။
အခက်အခဲတွေအားလုံးအတွက် ရည်ရွယ်ဆုတောင်းပေးခြင်း ဖြစ်ပါတယ်။ နိုင်ငံရေးအယူ မပါပါ။
စာရေးသက်လည်း တစ်နှစ်ပြည့်ပြီးပြီကွယ်။
ဖြစ်ဖြစ်မြောက်မြောက် ဖန်တီးနိုင်တာလည်း မရှိသေးဘူးဆိုတော့ သိပ်ကို ရှက်မိပါတယ်။
လရိပ်ကိုတော့ အဆုံးထိ ဖန်တီးပြီးဖြစ်ပါတယ်။
အဆုံးထိ ချမပြသေးတာပဲ ရှိပါတယ်။
ကိုယ်လုပ်နိုင်ပါ့မလား စိုးရိမ်နေမိတဲ့အထဲမှာ စာဖတ်သူတွေရဲ့ စိတ်ဝင်စားမှူလည်း ပါဝင်ပါတယ်။
ဒါက ကိုယ့်စိုးရိမ်မှု သပ်သပ်ပါ။
ကိုယ်စာရေး ကောင်းရင် ကောင်းသလို စိတ်ဝင်စားမှု ရမှာပဲလေနော့။
သည်တော့ ကိုယ့်အရေးအသား ကောင်းတယ် မကောင်းဘူးဆို ဝေဖန်အကြံပြုချက်လေးတော့ လိုချင်ပါတယ်။ဘယ်ကပဲ ဖြစ်ဖြစ် လာရောက် အကြံပြုတာမျိုးပေါ့။
Upမမှန်တာမျိုးကတော့ ခြွင်းချက်ထားစေချင်တယ်။
ကိုယ်တွေဘက်မှာ လိုင်းမရဘူး။
Wifiသုံးဖို့ ပိုက်ဆံပေးရတယ်။
ပြီးတော့ လိုင်းစုတ်တယ်။
ဒါ ကျွန်တော်ကြုံနေရတဲ့ ဒုက္ခတွေပါပဲ။
နားလည်မှုနဲ့ အခုထိ ရှိနေပေးရင် ကျေးဇူးပါ...