moeswaemaung_fool
2025 က ဘာမှမလုပ်နိုင်လောက်အောင် ပင်ပန်းတဲ့နှစ်တစ်နှစ်ပါပဲ
စာရေးဖို့အချိန်လုံးဝမပေးနိုင်လောက်တဲ့အထိ အချိန်တော်တော် ဆင်းရဲသွားခဲ့ပါတယ်
လူတွေနဲ့လည်း ဝေးသွားသလို အပိုင်းသစ်တွေဆိုတာ ဘယ်ကနေ ခြေပြန်လှမ်းရမယ်မသိအောင်ပဲ
လုံးလုံးရပ်ပစ်လိုက်မှာတော့မဟုတ်ပါဘူး
ကျွန်တော် မိုးစွေ ပြီးတဲ့အထိ ရေးပေးမှာပါ
ကိုယ်တိုင်လည်း စာဖတ်သူတစ်ယောက်မို့ တစ်ခန်းရပ်နေတာ ကြာနေခဲ့ရင် ရင်နာရတာ အသိဆုံးမို့ အများကြီး မပြောတော့ပါဘူး
မျှော်နေပေးတဲ့လူတွေအတွက် ကျွန်တော်ကြိုးစားပြီး ပြန်လာခဲ့ပါမယ်
ကျေးဇူးတင်ရှိပါကြောင်း။