Second lifeကိုupdateမပေးတာကတမင်ကိုမပေးတာပါဗျ။
အဆုံးသတ်ကိုကျွန်တော်ဟိုးတစ်လောကတည်းကရေးပြီးသားပါ။ ဒါပေမယ့်တမင်အခုထိဒီအတိုင်းဆက်ထား,ထားတဲ့အကြောင်းကတော့တစ်ယောက်တစ်မျိုးပြောဆိုမှုတွေကြောင့်လို့ပဲပြောရမှာပါပဲ။ အရင်ကလည်းဒီလိုပဲဆိုပေမယ့်ကျွန်တော်ကပုံမှန်ဆိုသိပ်ဂရုမစိုက်သလိုနေတတ်တာသိမှာပါ။ အဆုံးသတ်ကိုလည်းဖြစ်သင့်တာရောဖြစ်နိုင်တာရောပဲတွေးပြီးရေးတယ်။ ဒါပေမယ့်ကျွန်တော့်life styleနဲ့personalတွေပါထိခိုက်ပြောဆိုချင်တာတော့လွန်တယ်ထင်လို့ပါ။ အခုကတစ်ယောက်လည်းမက ၊ နှစ်ယောက်လည်းမဟုတ်။ ဇာတ်သိမ်းနားနီးလာလေအမျိုးမျိုးပြောဆိုတာတွေကများလာလို့ကျွန်တော်တမင်ရပ်ထားပါသေးတယ်။ ဟိုးအရင်ကလည်းအကြာကြီးရပ်ထားခဲ့သေးတာမှတ်မိကြမယ်ထင်ပါတယ်။ ပြန်ရေးတဲ့အခါပြန်ဖြစ်လာပြန်ပါပြီ။ အခုကတော့စောင့်နေကြတဲ့သူလေးတွေကစိတ်ဆိုးနေပုံရလို့လာပြောပြတာပါ။
ပြောချင်တာကsecond lifeကိုဝေဖန်ထောက်ပြလို့ရတယ်။ စိတ်ခံစားချက်နဲ့ခံစားရသမျှcommentရေးခွင့်ရှိပါတယ်။ နယ်ပယ်လွန်ပြီးတိုက်ခိုက်မလာစေဖို့ပါပဲ။ ပြီးတော့နောက်တစ်ခုက ' သုံးစားမရတဲ့ပေါပေါပဲပဲဦးနှောက် ' ဆိုတဲ့စကားနဲ့ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုတာကျွန်တော်မကြိုက်ဆုံးလို့ပြောထားပြီးသားပါ။ ဒီတော့အဆုံးသတ်ကိုလက်ခံပေးကြဖို့မျှော်လင့်ပါတယ်။ အခုနောက်ပိုင်းFacebook accountကိုဖြစ်စေ ၊ telegramကိုဖြစ်စေအကြောင်းရေရေရာရာမရှိဆဲဆိုရိုင်းပြလာမယ်ဆိုရင်ကျွန်တော်ကလည်းအမေးအမြန်းမရှိတန်းblockပါမယ်ဗျ။ တိတ်ဆိတ်ပြီးသည်းခံနေတော့မှာလည်းမဟုတ်ပါဘူး။ သည်းခံနိုင်တဲ့နယ်ပယ်အဆင့်ကိုလည်းကျော်လာပြီလို့ထင်ပါတယ်။
မပြည့်မစုံအရေးအသားလေးတွေကိုအခုထိဖတ်ရှုပေးနေကြသေးတဲ့သူလေးတွေကိုတော့အားနာရသလို ကျေးဇူးလည်းတင်ပါတယ်ဗျာ။