moewathane

(သတိရခြင်းများစွာဖြင့်)
          	
          	မိုး စာရေးသူအဖြစ် 2019 အစလောက်တည်းက ဝါသနာပါရာဒီလမ်းလေးကို စ လျှောက်ခဲ့တယ်။ ကိုယ်ဖန်တီးတဲ့ဇာတ်ကောင်လေးတွေကို စာဖတ်သူလေးတွေရဲ့ပျော်ရွင်ခြင်း၊ရယ်မောခြင်း၊ဝမ်းနည်းခြင်းတွေကို ဇာတ်ကောင်လေးတွေနဲ့အတူ နစ်မြောရင်း ကိုယ်တိုင်လည်းပိုပျော်ရွင်ခဲ့ရတယ်။ ( အဲ့တုန်းကတော့ လူလွတ်ပေါ့လေ ဟီး )
          	
          	အခုတော့ ဘာလိုလိုနဲ့ 2025 တောင်ရောက်တော့မယ်နော်။ မိုး လည်း အိမ်ထောင်ပြုပြီး ဗိုက်ဗိုက်လေး လည်းရှိလာခဲ့ပြီး မိသားစုဘဝလေးတောင်ရခဲ့ပြီ။ 
          	
          	အခုချိန်ထိတိုင် မိုး ရဲ့ဘဝတစ်ဆစ်ချိုးမှာရှိနေပေးခဲ့တဲ့၊ မိုး ရဲ့ဇာတ်ကောင်ငယ်လေးတွေကိုစောင့်နေပေးခဲ့တဲ့၊ လက်ရှိလည်း စောင့်နေဆဲဖြစ်တဲ့ ငယ်လေးတို့ စာဖတ်သူတစ်ဦး တစ်ယောက်ချင်းစီတိုင်းကို မိုး အများကြီးကျေးဇူးတင်ပါတယ်။
          	
          	မိုး လျှောက်ခဲ့တဲ့လမ်းမှာ မိုး နဲ့ အတူတူရှိနေပေးတဲ့ငယ်လေးတို့တစ်ဦးချင်းစီတိုင်းကို တကယ်ပါ စာမရေးဖြစ်ပေမယ့် မိုး လည်း အများ​ကြီးလွမ်းရပါတယ်။ 
          	
          	အဲ့တာကြောင့်  စာရေးခဏနားထားတဲ့အချိန်လေးမှာ အချစ်တွေပေါ့မသွားပါနဲ့လို့ .. တစ်နေ့မှာ မိုး က မိုး ချစ်တဲ့ ဒီအသိုင်းအဝိုင်း၊ ဒီအသိုက်အမြုံ၊ ဒီမိသားစုလေးဆီ ( စာရေးသူ ) အဖြစ် ပြန်လာနေဦးမှာပါ။ မအားတဲ့ကြားထဲကနေဆိုရင်တောင်၊ တစ်ချိန်မှာ မိုးရဲ့ ကလေးလေးကြီးလာခဲ့ရင်တောင် စာရေးသူတစ်ယောက်အဖြစ်ကနေ အပြီးတိုင်ထွက်သွားတာမျိုးမလုပ်ဘူးမို့ ယုံကြည်ပြီးစောင့်နေပေးနော် ❤

yg83014

@moewathane မမသားဦးဇိုင်းကအချစ်ဦးဗျ ပထမဦးဆုံးဦးဇိုင်းတို့ဖတ်ပြီးWPလောကထဲရောက်ခဲ့တာ
Reply

sdar0833

စောင့်နေပါတယ်ဗျ
Reply

XiaoZhan196

ပျော်ရွှင်ချမ်းမြေ့သာယာသောမိသားစုဘဝလေးရပါစေ
Reply

JasmineJasmine284

သာသာရေ စောနေစေးကလေ ပြောစရာရှိလို့ဘယ်ကနေ ဆက်သွယ်ရမှာလဲ စာအုပ်မရသေးလို့ အော်သာတွေဆက်သွယ်ပါဆိုလို့ပါ

JasmineJasmine284

တိုက်မှာသိမ်းထားပေးဖို့ပြောပါသေးတယ်☹️ စာအုပ်တိုက်က ဆက်သွယ်မရလို့
Reply

srsplyk

နိုင်ငံရေးအခြေနေတွေကမတည်ငြိမ်ဘူးရယ် ကလေးလေးကို‌အန္တရာယ်ကင်းကင်းနဲ့ခေါ်လာနိုင်ပါစေ ဗိုက်ဗိုက်ရေ

moewathane

@srsplyk ပေးတဲ့ဆုနဲ့ပြည့်ပါစေငယ်ရေ ❤❤❤
Reply