myat9988

မမကိုထိရင် ကလေးနဲ့ညှိမှာနော်
          	မမရယ် အစားလေးတော့ သေချာစားပေးပါတို့
          	အစားမစားရင် တစ်ရက်လုံးဘာမှမစားရသေးဘူးဆိုပြီးလုပ်တော့မယ်တို့ စိတ်ပူတဲ့အသံလေးနဲ့ မမကိုပြောပါအုံး
          	မမ စိတ်ကောက်ရင် tele မှာ မမဆိုပြီး အခါခါခေါ်ပြီးချော့ပါအုံး
          	လွမ်းလိုက်တာ ကလေးရယ်
          	ကလေးအဆင်ပြေရဲ့လား
          	ရုံးရောသွားရဲ့လား
          	ဆေးလိပ်တွေပဲ သောက်နေမလား
          	ကလေးအသံ ဩဩလေးကို လွမ်းလိုက်ပါ
          	မမကိုလာချွဲပါအုံး

myat9988

မမကိုထိရင် ကလေးနဲ့ညှိမှာနော်
          မမရယ် အစားလေးတော့ သေချာစားပေးပါတို့
          အစားမစားရင် တစ်ရက်လုံးဘာမှမစားရသေးဘူးဆိုပြီးလုပ်တော့မယ်တို့ စိတ်ပူတဲ့အသံလေးနဲ့ မမကိုပြောပါအုံး
          မမ စိတ်ကောက်ရင် tele မှာ မမဆိုပြီး အခါခါခေါ်ပြီးချော့ပါအုံး
          လွမ်းလိုက်တာ ကလေးရယ်
          ကလေးအဆင်ပြေရဲ့လား
          ရုံးရောသွားရဲ့လား
          ဆေးလိပ်တွေပဲ သောက်နေမလား
          ကလေးအသံ ဩဩလေးကို လွမ်းလိုက်ပါ
          မမကိုလာချွဲပါအုံး

myat9988

@S:မျက်နှာလေးညှိုးသွားရင်
          ပြာပြာသလဲနဲ့
          မေးခွန်းတွေ တရစပ်မေးတတ်တဲ့
          နှုတ်ခမ်းလေး ရှိဖူးသလို
          ကျွန်မ တိတ်ဆိတ်လိုက်မိရင်
          စာတွေ အဆက်မပြတ်ပို့လာမယ့်
          Conservation တစ်ခုကိုလည်း
          ပိုင်ခဲ့ဖူးပါတယ်
          ဘယ်သွားမလို့နော် ...
          ဘာလုပ်မလို့နော် စသည်ဖြင့်
          ဘယ်အရာကိုမဆို
          ပထမဦးဆုံး သိခွင့်ရတဲ့
          မိန်းကလေးတစ်ယောက်လည်း ဖြစ်ခဲ့ဖူးတယ် ။
          ဒီတစ်ကြိမ်တော့ ...
          ကိုယ်ရွေးတဲ့လူ မမှားဘူးဆိုတဲ့
          အတွေးနဲ့
          ပိုချစ်မိသွားတဲ့အချိန်မှာမှ
          ကျွန်မရဲ့ နာကျင်ခြင်းတွေက စခဲ့တာ ။
          သူ ... ဖုန်းခေါ်မလာခင်
          သတိရနေလို့ဆိုပြီး
          ဖုန်းတွေ ခေါ်ခဲ့ရာက
          နောက်ဆုံး ကိုယ်မှ စမဆက်ရင်
          အသက်မ၀င်တော့တဲ့
          ဆက်ဆံရေး တစ်ခုဖြစ်လာတယ်
          မျက်နှာလေး ညှိုးနေရင်
          ပြာပြာသလဲ ဖြစ်ရတဲ့သူ
          ကျွန်မ ဖြစ်လာပြီး
          ကျွန်မ ငိုနေရင်တောင်
          သူက
          နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တတ်လာတယ် ။
          ဘယ်အရာကိုမဆို
          သူ့သဘောကျ ရှင်သန်ရင်းက
          ကိုယ်သဘောကျတဲ့ အရာတွေကို
          မေ့သွားတဲ့လူက
          ကျွန်မဖြစ်လာပြီး
          သူက ...
          ကိုယ် မနှစ်မြို့တာတွေကို
          ပိုနှစ်သက်လာတယ် ။
          ကျွန်တော့်ကို ဘယ်တော့မှ
          ထားမသွားရဘူးနော်ဆိုတဲ့
          စကားလုံးကို
          အရင်စသုံးတဲ့ သူက
          သူဖြစ်ပြီး
          ကျွန်မတို့
          ဝေးတော့ မဝေးကြဘူးမဟုတ်လားဆိုပြီး
          စိုးရိမ်စိတ်နဲ့ မေးနေမိတဲ့သူက
          ကျွန်မ ဖြစ်လာခဲ့တယ် ။
          ဘာများ ... အဆင်မပြေခဲ့တာလဲ လို့
          အတိတ်ကို ပြန်ကောက်ကြည့်ပြန်တော့လည်း
          ကိုယ့်ဖက်
          အဆင်ပြေအောင်
          ပိုကြိုးစားခဲ့တာတွေပဲ တွေ့တယ်
          ဘာလို့ အရင် မချစ်နိုင်ရတာလဲ ဆိုပြီး
          တွေးမိပြန်တော့လည်း
          အရင်ကထက် ပိုချစ်နေမိတဲ့
          ကျွန်မကိုယ်ကျွန်မပဲ တွေ့တယ် ။
          အချစ်ခံနေရပြီလို့ ထင်နေတုန်းမှာ
          တဖြေးဖြေး အပစ်ခံထားရတဲ့
          ခံစားချက်က
          ကောင်းတော့ ကောင်းမနေဘူးပေါ့ ။ #ကျေးကို

myat9988

လွမ်းမိရင်တော့ လွမ်းနေပါ့မယ်
          မဆက်သွယ်တော့ပါဘူး
          ကလေးကို လွတ်လပ်ခွင့်ပေးလိုက်ပါပြီ
          ဘဝမှာတော့ အသက်31မှာ ကလေးနဲ့ခွဲရလို့
          မမ အလူးအလဲခံစားရတာပဲ
          ကလေးက တော်ပြီးသားမို့
          အစစအရာရာ အဆင်ပြေအောင်နေပါ
          လိမ္မာပေးပါ
          အစာအိမ်မကောင်းတော့ beer လည်းလျော့သောက်ပါ
          Vape တွေရောပေါ့
          ကလေးကိုယ်ကလေး ဂရုစိုက်ပါ
          ကလေးအဆင်ပြေနေတာပဲ မမကမြင်ချင်တာ
          တစ်ကောင်ကြွက်လိုမျိုးခံစားရတဲ့ခါလည်း
          မမဆီ မလာတော့မှာ သိပေမယ့် ကလေးအတွက် မမအမြဲ အဝေးကနေရှိပေမယ်
          ကလေးကိုတော့ မမ မပိုင်ပေမယ့်
          ကလေးကို ဆုံးရှုံးထိခိုက်မခံနိုင်မယ့်ထဲမှာတော့ မမပါတယ်
          မမမှားခဲ့ပါတယ်
          အဲ့အတွက် မမ ကလေးရဲ့ မုန်းခြင်း ရွံခြင်း မယုံကြည်ခြင်းတွေက ကလေးပေးတဲ့အပြစ်ပါ
          မမ ကျေကျေနပ်နပ် အဲ့စိတ်နဲ့နေပါမယ်

myat9988

ကလေးကလေ မမကို ပထမဆုံး စတွေ့တော့ taxi သမားကို မြန်မြန်မောင်းပေးပါနော် မမတစ်ယောက်ထဲစောင့်နေတာမို့တဲ့
          ပထမ အခန်းထဲရောက်တော့ မမကိုရေဘူးထဲကရေကို ဖန်ခွက်ထဲထည့်ပြီးလာတိုက်တယ်
          အဲ့ညက မမနားမှာ ဖားလေးလိုကပ်တွယ်နေလိုက်တာအရမ်းပဲ အရမ်းချစ်စရာကောင်းနေခဲ့တာ မမမျက်နှာလေးလည်းကြည့်လို့
          အဲ့နေ့က July 20 ပေါ့
          မမက ကလေးနဲ့ 6လပဲအတူနေချင်တာမဟုတ်ပါဘူး ကလေးဖုန်းကိုလည်း မမ မကြည့်တော့ပါဘူး
          မမဆီပြန်လာနေပါအုံး
          မမက ကလေးဆို မမကလေးတစ်ယောက်ပဲချစ်ချင်တာ
          ကလေးနေရာမှာ ဘယ်သူ့မှအစားထိုးမရလို့ပါ
          

myat9988

နောက်ဆုံးတွေ့တဲ့ညက သူ့ရုံးအစ်မနဲ့ခွဲရမှာမို့ ဖက်ငိုနေလိုက်တာ ငါမူးနေပေမယ့်သိတယ်
          သဝန်တိုမိတယ်
          တခြားသူ့ကို မမလို့မခေါ်ရဘူးပြောရင် အူတိုလိုက်နော်လို့ပြောအုံးလေ
          မမ လိုင်းမမိအရပ်ပြန်ရင် ကလေးကဘယ်လိုနေရမှာလဲဆို
          ကလေးရယ်
          မမဆီတကယ်ပြန်မလာချင်တော့ဘူး
          မမက ကလေး privacy ကိုချိုးဖောက်တာမဟုတ်ပါဘူး
          မမဒေါသအရမ်းဖြစ်ပြီး လုပ်မိသွားတာပါကလေးရယ်
          မမမှာ ကလေးရှေ့ ကလေးတစ်ယောက်လို မမနဲ့နေပါ ပြောနေရတာက မမအရှက်လည်းမရှိတော့ပါဘူး
          မမရဲ့ကလေးလုပ်ပါအုံးကလေးရယ်

myat9988

မမလေ ကလေးကိုလွမ်းလို့ အတူရှိခဲ့တဲ့ပုံလေးကို ကြည့်နေရတယ်
          ကလေးက မမကိုချစ်တယ်လို့ပြောပါအုံး
          မမကို အရင်လို ပွေ့ပါအုံး
          မမကို လာကိုက်ပါအုံး
          ကလေးနောက်ကနေ ခါးကိုဖက်ပြီး ဆိုင်ကယ်လည်းစီးချင်သေးတယ် ဆိုင်ကယ်စီးရင်း နောက်ကနေလည်း ပါးကိုနမ်းချင်သေးတယ်
          မမစိတ်တိုလို့ရိုက်ရင် မမကိုအတင်းဖက်ပြီး ဖက်နမ်းပါအုံး
          စိတ်အရမ်းတိုနေရင် တောင်းပန်ပါတယ် စိတ်ပြေပါတော့လို့ မမကို လာပြောပါအုံး
          

myat9988

မမကလေ မမကလေးကို အရမ်းချစ်ခဲ့မိတာသိလား မမ တစ်ခုခုစားလို့အရသာရှိရင် ကလေးကိုကျွေးချင်တယ်
          Shirtအပြာစင်းလေးနဲ့လှလို့ shirt တွေဝယ်ပေးချင်သေးတာ
          ခေါင်လည်း ဖီးပေးချင်သေးတယ်
          သနပ်ခါးလည်း လိမ်းပေးချင်သေးတယ်
          အနားရှိရင် ဗိုက်ခေါက်လေးကိုလည်း ဆွဲလိမ်ချင်သေးတာ
          အပြစ်လုပ်ထားရင် နောက်လုပ်အုံးမလားဆိုပြီး ဆွဲလိမ်ရင် ခေါင်ညိမ့်ပြရင် ပါးစပ်ကဖြေလို့ပြောရင် အသံလေးသေးသေးနဲ့ မလုပ်တော့ဘူးလို့ဖြေပါအုံး
          နေ့လည်တွေ ထမင်းမစားရင် မမ grab ကနေပို့ပေးချင်သေးတယ်
          လက်ဖက်ထမင်းကြိုက်တဲ့ ကလေးကို
          မမက လက်ဖက်ထမင်းကို မမကိုယ်တိုင်သုပ်ပေးချင်သေးတာ
          မမချက်ကျွေးတာတွေ အားရပါးရစားပြပါအုံးကလေးရေ
          မမအရမ်းလွမ်းနေမိတယ်

myat9988

မကြိုက်တာ တစ်ခုခုလုပ်မိလို့ ပြောရင်
          ဟင့် မမက ဆူတယ် ငိုမှာနော်လို့ပြောတဲ့ကလေး 
          ညအိပ်ရင် ကလေးဘက်ကိုလှည့်အိပ်မှကြိုက်တဲ့ကလေး 
          မမစိတ်ဆိုးရင် မနေတတ်ပါဘူးဆို
          မမအသားနာရင် ကလေးကပိုနာရပါတယ်ဆို
          ဘုရားကနေ ဘားအထိ မမနဲ့အတူရှိမှာဆို
          မမ အနည်းအပါး သောက်တတ်လာပြီလေ
          အစားအချိန်မှန်မစားတဲ့ မမကိုစိတ်ပူပေးအုံးလေ အလုပ်တွေပင်ပန်းနေရင် မမ ပင်ပန်းနေပြီလို့ပြောပါအုံး
          မမ ကလေးကို ရုံးလာကြိုချင်သေးတယ်
          မမ ကလေးကို မမကိုယ်တိုင်ချက်ပြီး ထမင်းလာကျွေးချင်သေးတယ်
          အခုအပတ် ကစားကွင်းသွားမယ်ပြောထားတာလေ ကလေးလိုချင်တဲ့အိတ်လည်း မမဝယ်ပေးရအုံးမယ်လေ မမနဲ့ခရီးသွားမယ်ဆို
          မမကို တကယ်ထားခဲ့ရက်တယ်နော်
          မမက အများကြီးကလေးထက်ပိုချစ်ခဲ့မိတာ
          အမေ့ရေ သမီးကလေးမယူပဲ ကလေးတောင်ရနေပြီလို့ အမေ့ကိုတောင်စနေမိပြီလေ
          

myat9988

ရိုက်ပြီးလို့ ဘယ်သူ့ကလေးလဲ မေးရင် အမှိုက်ပုံက ကလေးတဲ့
          မမက မချစ်ချင်ဘူးနော်လို့ပြောရင်
          ကလေးကအများကြီးတာတဲ့
          မမရေလို့ခေါ်ရင် ရှင့်လို့ထူးရင် ချစ်တယ်ဆို မမ ငါးဖယ်လေးရေ
          မမ အရမ်းလွမ်းတယ်
          မမကို အရင်လိုဆိုးပါအုံး ဂျစ်ပါအုံး
          အရုပ်ကောက်ချင်တယ်လို့ ဂျစ်ပါအုံး
          မမ အရမ်းလွမ်းတယ် မမကလေးလေးရေ
          မမလေ မနက်လင်းရင် မမနားမှာ မရှိတော့တာ သေချာတော့ အဲ့ညကလေ ကလေးကို အတင်းဖက်ထားခဲ့တယ် ကလေးအိပ်နေတာလေး တစ်ညလုံးထိုင်ကြည့်ပြီး မမငိုနေခဲ့တာ
          ကလေးပါးလေးကို တဖွဖွနမ်းမဝခဲ့ဘူး
          ကလေးလက်ပေါ်မှာပဲအိပ်ခဲ့တဲ့မမက ကလေးခေါင်းကို မမလက်ပေါ်အိပ်စေခဲ့တာ 
          မမ လွမ်းလိုက်တာ ကလေးရယ်
          ပြန်မလာမှာ သိပေမယ့် မမကလေးကိုအရမ်းချစ်တယ် မမ ငါးဖယ်လေးရေ