
myo691789184
စိတ်တွေအရမ်းညစ်တဲ့အခါ ရင်ဖွင့်ဖို့ contact listကိုကြည့်မိတဲ့အခါ ကိုယ့်မှာအဲ့လိုရင်းနှီးတဲ့ လူမျိုးမရှိဘူးလို့တွေ့လိုက်ရတော့ရယ်လိုက်မိတယ်။ contact listကိုပဲ ကြောင်ကြည့်နေရင်းကနေ တစ်ဖြည်းဖြည်းဝေဝါးလာတဲ့ကိုယ်ရဲ့ မျက်လုံးတို့ကို မှိတ်လိုက်ရင်းနဲ့ဖုန်းမျက်နှာပြင်က ရေစက်တို့ကိုပွတ်သပ်လိုက်မိတယ်။ ''စိတ်ပျက်ဖို့ကောင်းလိုက်တာ '' ရယ်မောရင်းပြောလိုက်မိတယ်။ တကယ်ကိုစိတ်ပျက်စရာကြီးရယ်။ အိပ်ယာပေါ်ပြန်လှဲပြီး မျက်နှာကျက်ကို ငေးကြည့်နေမိတယ်။ ပုံမှန်ရပ်တည်နေကျ ရူးကြောင်ကြောင်အပြုံးတွေ ၊အဆင်ပြေသွားမှာပါဆိုတဲ့ ရူးကြောင်ကြောင်စကားေတွနဲ့ ကိုယ့်ကိုကိုယ်နှစ်သိမ့်မိခဲ့ပေမယ့် ၊ အတ္တကြီးစွာတွေးနေမိခဲ့တာ ငါတစ်ယောက်တည်းမဟုတ်ပါဘူးဆိုပြီး လေ။ အဆင်မပြေတဲ့အကြောင်းတွေမိသားစုကိုရင်ဖွင့်ရင်လည်း အမြဲကြားနေကြစကားတစ်ခွန်းပဲ ထပ်ကြားနေရမှာတကယ်ကြောက်နေမိတယ်။ မေမေပြောသလို့ "ပျော့ညံ့လိုက်တာ" တဲ့။ ဖြစ်နိုင်ပါတယ် အရာရာလိုက်ပြီးတွေးနေမိတဲ့ ငါတစ်ယောက်တည်းရဲ့ အမှားမို့။ အရမ်းအထီးကျန်တာပဲ ။ တစ်ခါတစ်လေ အော်ဟစ်မေးလိုက်ချင်မိတယ်။ ဘာလို့လဲ ဘာလို့ငါပဲလဲ ဘာလို့များလဲ ကျေးဇူးပြုပြီး တစ်ယောက်လောက်ငါ့ကိုထွေးပွေ့ပေးလို့ရမလား တစ်ခါလောက်ပဲဖြစ်ဖြစ် ငါအမှားတွေလုပ်မိလဲ ငါ့ကိုနားလည်ပေးမယ်လူတစ်ယောက်လောက် လိုချင်မိတယ်။ ရူးသွားရင်ကောင်းမှာပဲ။ အမြဲ အမြဲတမ်း ဒီလိုကြီး ဖြစ်နေတာကြီးမကြိုက်ဘူး။ ရူးသွားရင်တစ်ကယ်ကောင်းမှာပဲ။ ငါဘေးမှာတစ်ယောက်လောက်အမြဲရှိပေးရင်ကောင်းမှာပဲ။ ငါကိုနားလည်ပေးမယ့်သူထွေးပွေ့ပေးမယ့်သူ ငါ့ကို ချစ်ပေးမယ့်သူ မဖြစ်နိုင်ဘူးဆိုတာသိပေမယ့်လည်း လိုချင်နေမိတယ် ။ ငါ့လိုလူတစ်ယောက်ကို ဘယ်သူက နားလည်ပေးမှာလဲ ချစ်ပေးမှာလဲ ထွေးပွေးပေးမှာလဲ ။ ရူးနေပြီထင်တယ်။ ဘာကိုမှ မခံစားချင်တော့ဘူး ။ အရမ်းကြောက်မိတယ် ။ မငိုချင်တော့ဘူး ။ ခံစားရလွန်းလို့ထုံနေဖို့ဆို ဘယ်လောက်ထိ နာကြင်ပြီးမှ မခံစားနိုင်တော့လောက်တဲ့အထိ လစ်လျူ ရှနိုင်လောက်တဲ့အထိ ဖြစ်မှာလဲ။