notaqueen13

အကောင်း‌တွေမတွေးနိုင်တော့တဲ့အထိကိုအဆိုးတွေဖြစ်လာရင်လည်း အဆိုးတွေဖြစ်လာတာ ကောင်းဖို့အတွက်ပါပဲ ပြီးသွားမှာပါဆိုတဲ့စိတ်နဲ့ကျော်ဖြတ်ရင်း မ‌နေပျော်တဲ့ဘဝကြီးမှာ ပျော်အောင်နေနိုင်ဖို့ကြိုးစားရတာပါပဲ

notaqueen13

အကောင်း‌တွေမတွေးနိုင်တော့တဲ့အထိကိုအဆိုးတွေဖြစ်လာရင်လည်း အဆိုးတွေဖြစ်လာတာ ကောင်းဖို့အတွက်ပါပဲ ပြီးသွားမှာပါဆိုတဲ့စိတ်နဲ့ကျော်ဖြတ်ရင်း မ‌နေပျော်တဲ့ဘဝကြီးမှာ ပျော်အောင်နေနိုင်ဖို့ကြိုးစားရတာပါပဲ

notaqueen13

ရှင်သန်ချင်စိတ် 
          
          လူတွေရဲ့အဓိကအကြောင်းရင်းက ရှင်သန်ဖို့ပါပဲ အခြေခံလိုအပ်ချက်ဖြစ်တဲ့စား ဝတ် နေ‌ ရေး ဆိုတာကလည်းရှင်သန်ဖို့ပဲဖြစ်ပြီး ဒါကြောင့်ရှင်သန်ခြင်းကိုထိခိုက်တဲ့အကြောင်းရာတွေအပေါ်မှာလူတွေဟာ ကြောက်စိတ်ဝင်မိကြတယ် တကယ်အန္တရာယ်ထဲကျလာတဲ့အခါ သဘာဝကိုကရှင်သန်ဖို့ရုန်းကန်မှာမို့ အန္တရာယ်ကိုတွေးကြောက်နေတာထက် ဒီနေ့အတွက် အရင်ရှင်သန်လိုက်ပါ
          

notaqueen13

လူတွေအတွက် control လုပ်နိုင်ပြီးပြောင်းလဲလို့ရတဲ့ကိုယ့်ကိုယ်ကိုထက် သူတစ်ပါးကိုပဲပြောင်းလဲဖို့မျှော်လင့်တတ်ကြတယ် အဲ့ဒီအရာက လွယ်ကူပြီး သက်သာလို့ပဲ ဒါဝန်မခံချင်တောင်ဝန်ခံရမဲ့အရာတစ်ခုပဲ 
          
          ကိုယ့်အတွက် အနာကြဉ်ရဆုံးအချိန်ကဘယ်အချိန်ဖြစ်မလဲ ကိုယ့်အမှားကိုဘယ်သူ့ခေါင်းပေါ်မှတင်မချပဲ ကိုယ်တိုင်ခံယူရတဲ့အချိန်လို့ထင်တယ် ကိုယ့်ကိုယ်ကိုတိုက်ခိုက်ရတာကသူများအပြစ်ဖို့ရတာလောက်ဘယ်လွယ်မလဲလေ 
          
          တချို့ကိစ္စတွေက နှလုံးသားလေးဖွင့်ပြီး ကျေကျေနပ်နပ်လက်ခံလိုက်တာက ဆေးခါးကြီးလိုခါးပေမဲ့ အစွမ်းတော့ထက်သား အများကြီးတိုးတက်ဖို့လမ်းစတွေပေါ်လာတာမို့ ဘယ်အရာဖြစ်ဖြစ်အရင်ဆုံးလက်ခံလိုက်ပါ 
          
          
          

notaqueen13

မန္တလေးကမာလာဟင်းနဲ့ဖက်ထုတ်စားချင်နေတာ တကယ်အိမ်ရောက်လာလို့ ပျော်သွားတာပဲ အိမ်ကိုထည့်ပေးလိုက်တဲ့လူလည်းကျေးဇူးတင်လိုက်တာ 

notaqueen13

ကောင်းကောင်းကန်းကန်းစာရေးမယ်ဆိုပြီး ideaတွေလည်းထွက်တယ် ချမရေးဖြစ်တာ အရမ်းပျင်းနေတယ် 

notaqueen13

နေချင်စရာမကောင်းတဲ့လောကကြီးမှာ ဘာအတွက်ကြောင့်ရှင်သန်နေတာလဲဆိုတဲ့အကြောင်းရင်း အကြောင်းပြချက်ခိုင်ခိုင်မာမာတွေ့ပြီးနောက်ပြီး လက်လျော့ဖို့ဆိုတာ ဖြစ်မလာတော့ဘူး နောက်ကိုယ်တိုင်တွေ့ရှိတာမကြာသေးတဲ့ အကန့်သတ်မဲ့တဲ့ လုပ်နိုင်စွမ်း ယုံကြည်တယ် ကိုယ့်ရဲ့လုပ်နိုင်စွမ်းအားက ကိုယ်ထင်ထားတာထက်များတယ် နောက်ပြီး universe always has my back မငိုအောင်ထားတယ် နည်းနည်းစိတ်ညစ်ရရင် များများပျော်ရမဲ့အရာတွေပေးတယ် လူကောင်းတွေပဲဘဝထဲကိုခေါ်လာပေးတယ် မကောင်းတဲ့လူတွေကကိုယ့်နားကြာကြာမနေနိုင်ဘူး သူ့စရိတ်နဲ့သူထွက်သွားကြစမြဲပဲ တော်ရုံလည်းမကောင်းတဲ့လူဆို ကသိကအောက်energy ကိုခံစားမိပြီးသား  ဘယ်နေရာသွားသွားကူညီမဲ့လူရှိတယ် ကိုယ့်လူဆိုတဲ့လူမျိုး‌တွေရှိတယ် နည်းနည်းကြိုးစားရင်တောင်များများရတတ်တဲ့ အထုံပါပြီးသားမို့ ကြိုးစားသမျှအရာထင်တယ်