မအားလို့ မupတာမဟုတ်ဘဲ ဘာဆက်ရေးရမယ် လုံး၀ မသိတော့လို့ ပျောက်နေတာပါ
Plot ကချပြီးသားရှိတယ်ရယ်။
အစကတော့ ideas block ဖြစ်သွားတယ်ဘဲထင်တာ တကယ် သေသေချာချာ ကိုယ့်ကိုကိုယ် analysis လုပ်ကြည့်လ်ိုက်မှ
ပီ ရေးထားတာတွေကို ဖတ်ပြီး ဘာတွေဝေဖန်ကြမလဲ ဆိုပြီး insecure ဖြစ်နေတာ
နဂိုကတည်းက မသေခင်လေး ကိုယ်ရေးကိုယ်ဖတ်မဟုတ်ဘဲ public ကိုချပြမယ်ဆိုပြီး အားမွေးပြီးတင်တာဆိုတော့ နဖူးတွေ့ ဒူးတွေ့ကြီး အရေးအသားမကောင်းဘူး အပြောခံလိုက်ရတော့ နဲနဲလေး လန့်သွားတယ်။
8တန်းကတည်းက စာစရေးတာကွယ် 8တန်းဆိုတော့ 2017လောက်ဘဲရှိအုန်းမယ် အဲ့ကတည်းက ရေးတာ စာအုပ်တွေစာအုပ်တွေဆိုတာ အပုံလိုက် ငလျင်မှာတောင် အတော်လေးပါသွားသေးတယ်၊ လုပ်နေတာက Digital Marketing, content writer, အဲ့တာကိုမှ video script တွေကို ရေးတဲ့အပိုင်းကို တာ၀န်ယူပြီး podcast တွေ video တွေရေးလာတာ 3နှစ်ကျော်နေပြီ အဲ့မှာ ဝေဖန်ခံရတယ်ဆိုရင် သိတဲ့အတိုင်းဘဲ ပတ်ပတ်စပ်စပ်ကွယ်။
အဲ့တာကို ficလေးရေးတော့မှ idea block တာလိုလို စာဆက်မရေးရဲတော့တာလိုလို၊ motivation ပျောက်တာလိုလို လာဖြစ်နေတာ။
ကိုယ့်ကိုကိုယ်ဘဲ ရိုက်သတ်ပလိုက်ရမလား
ဒီည ရအောင်ရေးမယ် မပြီးမချင်းမအိပ်ဘူးလုပ်လိုက်တာ မနက်ဘဲ 4နာရီခွဲသွားတယ် ဘာဆိုဘာမှ ထွက်မလာဘူး
Video script တွေချည်းရေးနေရတာ နှစ်ချီနေပြီမို့ သေချာပေါက် ရေးတဲ့ fiction က စကားပြောတွေချည်းများမယ်ဆိုတာကိုလဲ ကိုယ့်ကိုကိုယ်သိတယ်၊ အဲ့စကားပြောတွေဖတ်ရတာမကြိုက်တဲ့သူတွေက ပြောမှာဘဲဆိုတာလဲ သိတယ်။ အဲ့သိတဲ့ကြားကနေ ဘာထဖြစ်မှန်း ကိုယ့်ကိုကိုယ် တကယ်နားမလည်တော့တာ
ကိုယ်မှန်နေရင် ကျောင်းအုပ်နဲ့လဲ ရန်ဖြစ်ရဲသလို သူဌေးကိုလဲ တခွန်းမကျန် ပြန်ပြောရဲတယ်။ လူထောင်ဂဏန်းရှေ့မှာလဲ အသံတချက်မတုန်ဘဲ မိုက်ခဲတဲ့ မိန်းမပါ
ခုတော့ အသဲငယ်သွားသလားတောင်အောက်မေ့ရတယ် ခံစားလွယ်နေလိုက်တာဆိုတာ
စောင့်နေပေးတဲ့သူတွေကိုလဲ တကယ်အားနာပါတယ်၊ fear တစ်ခုကို ရင်ဆိုင်နေတာမို့ နားလည်ပေးပါနော်။
ကိုယ့်ကိုကိုယ်လဲ တကယ် ဒေါသထွက်တယ်ရယ်၊ ကိုယ်တိုင်ဘဲ လုပ်မယ်လို့ဆုံးဖြတ်ထားတာကို ခုလိုမျိုးကြီး ပျက်ပျက်နေတာ တကယ့်ကို အဆင်မပြေဘူးရယ်။
တင်ပြီလားတင်ပြီလားဆိုပြီးစောင့်ပေးနေတဲ့သူလေးတွေရှိရင် တကယ်တောင်းပန်ပါတယ်နော်။ အမြန်ဆုံးတင်နိုင်အောင်လို့ ကိုယ့်ကိုကိုယ် push လုပ်သွားပါ့မယ်။