potato_lynn
Happy New year my readers!!
potato_lynn
knock! knock!! It's potato ^^
အကြာကြီးပစ်ထားခဲ့မိတာ တကယ် အားနာပါတယ် ယောတော်ဘွန်း TT
ဒါပေမယ့် အခုတော့ အကုန်လုံးကို ပြန်ချော့တဲ့အနေနဲ့ ရိုရိုချိုချို wonsoon လေးပါ။
တစ်ခါမှ မရေးဖူးတဲ့ type မလို့ လိုအပ်ချက်လေးတွေရှိရင်လည်း ထောက်ပြခဲ့လို့ရပါတယ်ခင်ဗျ။ အကောင့်ထဲမှာ တင်ထားပြီးပြီမလို့ နီုတီမတက်ရင် ဝင်ဖတ်ဖို့တောင်းဆိုချင်ပါတယ်ခင်ဗျ။
potato_lynn
Hi It's me!! Potato.
အရင်ဦးဆုံး ယနေ့ကျရောက်တဲ့ သင်္ကြန်အချိန်အခါမှာ အကုန်လုံး အခက်အခဲတွေကိုကျော်လွှားနိုင်ပြီး စိတ်နှလုံး ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။
ပထမကတော့ အသိမပေးဘူးလုပ်ထားပေမယ့် အထင်လွဲနေကြမှာစိုးလို့ပါ။
ကျွန်တော်ကိုယ်တိုင်က မန္တလေးမှာနေတာမလို့ ငလျင်ဒဏ်ကြုံခဲ့ရသူအကုန်လုံးကိုနားလည်ပါတယ်။
အဲ့ဒီနေ့က ကျနော်လည်း အဆောက်အဦးပြိုတဲ့ထဲကနေ လွတ်အောင်ပြေးလာခဲ့ရတာပါ။အိမ်မှာကျန်နေခဲ့တဲ့ မိသားစုကိုပူရတဲ့အပူက တကယ်ဆိုးရွားလွန်းပါတယ်။ချစ်ရတဲ့သူတွေကိုဆုံးရှုံးသွားရတဲ့သူတွေရဲ့ခံစားချက်က ဘယ်လောက်ဆိုးရွားမလဲဆိုတာတော့ ကျွန်တော်မပြောနိုင်တော့ပါဘူး။အမွေအနှစ်တွေများစွာရှိတဲ့ ကျွန်တော့်မွေးရပ်မြေကြီး ပျက်စီးသွားတာကိုလည်း အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။
အခုမှ ကျွန်တော်ပေါ်လာတယ်ဆိုတာလည်း အခက်အခဲတွေအများကြီးရှိလို့ဆိုတာ နားလည်ပေးစေချင်ပါတယ်။ကိုယ်ကိုယ်တိုင်က ဒုက္ခရောက်နေတဲ့သူမလို့ အကူအညီလုပ်တာတွေမှာ မပါနိုင်တာကိုလည်း အားနာရပါတယ်။အခုတော့ အခြေအနေအနည်းငယ်ပြန်ကောင်းလာတဲ့အချိန်မို့လို့ ပြန်လာခဲ့တာပါ။
ငလျင်အတွက် အကူအညီပေးဖို့ အော်သာအချို ပါဝင်နေတဲ့ပရောဂျတ်တွေမှာ ပါဝင်ချင်ပေမယ့် social လည်လည်ဝယ်ဝယ်မရှိတာကြောင့်မလို့ ဘယ်လိုပါဝင်ရမလဲဆိုတာလည်းမသိပါဘူး။ ( i don't use Facebook ㅠ)
Update တွေ မတင်ပေးနိုင်တာကိုလည်း အားနာရပါတယ်။
အလှူတွေမှာ လိုက်ပြီးမပါဝင်နိုင်ပေမယ့် အကုန်လုံးဘေးကင်းကြဖို့ကိုတော့ နေ့တိုင်းဆုတောင်းပေးပါတယ်။
နောက်ဆုံးအနေနဲ့ အကုန်လုံး ဘုရားတရားမမေ့ပဲ သဘာဝဘေးအန္တရာယ်တွေကို ဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။
အချိန်ပေးပြီးဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။
potato_lynn
Whisper of the heart
new ep 15!!
notiမကျမှာစိုးလိို့ ^^
potato_lynn
Merry Christmas ပါ ကျွန်တော့်ရဲ့ရီဒါလေးတို့ ^^
Christmas နေ့လေးကို ချစ်ရတဲ့သူတွေနဲ့ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်စေဖို့
ဆုတောင်းပေးပါတယ်ဗျ။
Christmas နေ့လေးမှာ os လေး လက်ဆောင်အဖြစ်နဲ့ရေးပေးဖို့ စဉ်းစားထားပေမယ့် မဖြစ်မြောက်ခဲ့ပါဘူး ㅠㅠ
ဒါပေမယ့်လည်း မရရအောင် လက်ဆောင်ပေးချင်တာမလို့ woth လေးကို နောက်တစ်ပိုင်း ရေးပေးလိုက်ပါတယ် ယော်တော်ဘွန်း~~
//Potato
potato_lynn
Seoksoo အသစ်တစ်ပုဒ်တင်ထားပါတယ် နိုတီမကျမှာစိုးလို့ ς(>‿<.)
/Potato
potato_lynn
Hii
ကျနော်တစ်ယောက်တည်းဖြစ်နေတာလားတော့မသိဘူး
အခုတလော wp က ဝင်လို့ရလိုက် မရလိုက်ဖြစ်နေတယ်
ဝင်လို့ရပြန်ရင်လည်း လိုင်းမကောင်းသလို ဘာမှလုပ်လို့မရဘူးဖြစ်နေတာ ㅠㅠ
အခု ရတုန်းလေး လာမေးကြည့်တာပါ ရီဒါတို့ရောမဖြစ်ကြဘူးလား
potato_lynn
@ver_kijuu အာ တကယ်စိတ်ညစ်နေတာ အကောင့်ပျက်သွားမှာလည်းစိုးနေရသေးလို့ ပြောပြပေးလို့ ကျေးဇူးပါခဗျ ^^
•
Reply
ver_kijuu
@potato_lynn error တွေဖြစ်နေတာပါ။ ကျွန်တော်ဆိုရင် draftထဲ saveထားတဲ့ စာတွေတောင် ပျက်ကုန်လို့ vpn ခံသုံးရတာတွေကြောင့် ဖြစ်မယ် ထင်တယ်ဗျ
•
Reply
potato_lynn
Hii It's potato agn..
အရင်ဆုံးအနေနဲ့ သီတင်းကျွတ်လပြည့်နေ့လေးမှာ အားလုံးစိတ်ကျန်းမာကိုယ်ကျန်းမာပြီး
ပျော်ရွှင်ကြပါစေလို့ ကျနော်က ဆုတောင်းပေးလိုက်ပါတယ်ခဗျ။
အခု ရီဒါလေးတို့ကို အသိပေးချင်တာကတော့လေ
တကယ်ကိုအားနာပေမယ့်လည်း
Whisper of the heart လေးကို Hiatus အဖြစ် ခဏနားပါရစေ။
အပိုင်းအရေအတွက်က အများကြီးမကျန်တော့ပေမယ့် စဉ်းစားစရာတွေများနေတာရော အကောင်းဆုံးဖြစ်ချင်တာကြောင့်ပါ
ဖြစ်သလိုတွေးပြီးမတင်ချင်လို့ အချိန်ယူပါရစေလို့ တောင်းဆိုပါတယ်~
Woth လေးရဲ့ hiatus အချိန်အတွင်းမှာတော့
အရင်ကပလော့ချထားတာရှိတဲ့ shorts လေးတွေဖြစ်ဖြစ် os ဖြစ်ဖြစ် တင်ပေးဖြစ်မယ်ထင်ပါတယ်ဗျ။
ဆိုတော့ သီတင်းကျွတ်အချိန်အခါမှာ အကုန်လုံးပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးပြီးတော့
အားနာနာနဲ့ပဲ woth လေးကိုလည်း အချိန်ယူရမှာမလို့ စောင့်စေချင်ပါတယ် ^^
Byeeyooo
//Potato
potato_lynn
Reader nim တို့
စာမေးပွဲနီးနေတာကြောင့်ရော စာမေးပွဲနီခါမှ projects တွေ activities တွေ လုပ်စရာများနေတာကြောင့်မလို့
Update ကတော့ တော်တော်ကြာနိုင်ပါတယ်နော်
တကယ် တောင်းပန်ပါတယ် T~T
အတတ်နိုင်ဆုံးတော့ အားတဲ့အချိန်လေးတွေကို ရေးပေးနိုင်သလောက်ရေးထားပါ့မယ်ခင်ဗျ ^^
// Potato