စိတ်ဝင်စားစရာမရှိတဲ့ ကိုယ့်အကြောင်းပြောမဲ့အစား ... ပထမဆုံး
Wattpad ကြီးကို ကျေးဇူးတင်မိတဲ့အကြောင်း အရင်ပြောရမယ်ထင်တယ်။ ဆယ်ကျော်သက်အရွယ်က ဖတ်ခဲ့ရတဲ့ အချစ်ဝထ္ထုတွေ၊ လူကြီးတွေတားမြစ်တဲ့ ဆရာမဂျူးစာအုပ်တွေ၊ ဆယ်စုနှစ်တွေကျော်လာခဲ့တော့ အချစ်ဝထ္ထုဆိုတာ မူးလို့တောင်ရှုစရာမရှိတဲ့ဘ၀၊ ဆရာမဂျူးကလည်း အားပေးရှာပါတယ်။ အသက်ရလာတော့ အချစ်ဝထ္ထုတွေမရေးနိုင်တော့ဘူးတဲ့။ ဖြစ်နိုင်ပါတယ် ကိုယ်တွေလဲ မဖတ်နိုင်တော့ဘူးထင်ပါရဲ့လို့။ ဘယ်အချစ်ဝထ္ထုကိုမှ ၇င်မခုန်တော့တာ ကြာခဲ့ပြီပေါ့ ။
..
လို့ထင်ခဲ့တာပေါ့လေ။ Wattpad ကမ္ဘာထဲမရောက်ခင်ကပေါ့။ ဘယ်တုန်းကရောက်ခဲ့လဲဆိုရင် ..အင်း အများဆုံးရှိ ၃လ-၄လ ပေါ့။ မေလမှာ EXO အဖွဲ့မြန်မာပြည်လာသွားပြီးတော့မှ စရမယ်ထင်တယ်။ တူမတော်တို့ သူငယ်ချင်းတွေအကြိုက် EXO အဖွဲ့ကို အားပေးရင်း show ကြည့်ပြီးတော့ ဘာတွေးမိလဲဆိုရင် အစကသိသလိုလိုနဲ့ တကယ့်ပွဲနေ့ကြတော့ ဘယ်သူမှမမှတ်မိပဲ။ အဲ .. တူမတော်ကပြောရှာပါတယ်။EXO Showtime ကြည့်တဲ့ ။ သူ့ရဲ့ မကြည်မလင် ရုပ်ရှင်ကို ကြည့်မရ။ အဲဒါနဲ့ သူလဲရေးတဲ့ Fiction တွေ ဖတ်ကြည့်မယ်ပြောပြီး ဒီထဲရောက်လာခဲ့တာပဲ။ အရင်တုန်းက လဲ ဖတ်ပါတယ် သူရေးတာတွေ ပေါ့လေ။ သူ့စာပဲဖတ်တာ ဇာတ်လမ်းတွေဝေဖန်ပေါ့။ ရေးပါတိုက်တွန်းပေါ့။ ဒါပေမဲ့ကိုယ့်အကြောင်းကိုယ်သိတယ်။ member တွေမသိတော့ ဇာတ်လမ်းပဲသိတာ။ သူတို့ power တွေလဲ နားမလည်ဘူး။ ထဲထဲဝင်ဝင် မသိဖူးပေါ့လေ။ အဲဒီကနေ စဖတ်လိုက်တာ မေ၊ဇွန်၊ဇူလိုင်၊သြဂုတ် အခုစက်တင်ဘာလဆိုတော့ (၅)လထဲ ၀င်လာပြီပေါ့။ တွေ့သမျှ အကုန်ဖတ်ပါတယ်။ ဖတ်လို့ရသမျှပေါ့လေ။ အကုန်ကို တကယ်အကုန်ပါ BLတွေ Rated တွေ + တွေ လည်းအကုန်ပဲ။ ဒီထဲအခေါ် Authornim တွေက ကိုယ့်ထက်ငယ်တဲ့ သူတွေ များပါလိမ့်မယ်။ အသက်၁၄နှစ်လောက်ကနေ အကြီးဆုံးမှ (၃၀)လောက်ရှိလိမ့်မယ်ထင်ပါရဲ့ ။ ဖတ်လို့ရသမျှ လို့ရေးထားတာအကြောင်းရှိပါတယ်။ တစ်ချို့စာတွေက လုံးဝကိုဖတ်လို့မရတာပါ။ စာအုပ်တွေ့ရင် ဖွင့် ပထမဆုံး စာမျက်နှာဖတ်၊ မကြိုက်ရင် နောက်တစ်ပုဒ်ပြောင်း၊ တစ်ခါတစ်လေ အခန်းကျော်ဖတ် စိတ်ဝင်စားမယ်ထင်မှ အစကို ပြန်သွား၊ နောက်တော့ EXO stan တွေ၊ HC တွေ သိလာတော့ ကိုယ့်စိတ်ဝင်စားတဲ့ stan တွေ ရှာဖတ်။ အဲလိုနဲ့ ခက်ခက်ခဲခဲ ခရီးဆက်ခဲ့ရတာ။
အမှန်က ကိုယ်ကြိုက်တဲ့ အော်သာတွေရဲ့ စာတွေ အကြောင်းရေးချင်လို့။ အင်း ဒီထဲတော့ အကုန်ရေးလို့ မရလောက်ဘူး။ လောလောဆယ် ဒီလောက်ပဲ ရေးထားပြီး နောက်မှ အခန်းနဲ့ ရေးမှထင်ပါရဲ့။
ဆက်ဦးမယ်လေ ...
P.Win
ExoLMYM
  • Se ha unidoJune 7, 2016



Último mensaje
precisiawin precisiawin Mar 09, 2020 01:27PM
LoveULou ဘာသာပြန်တဲ့ လူစားထိုးသရုပ်ဆောင်  မြန်မာဘာသာပြန်မပြီးသေးလို့ အဂ်လိပ်လိုသွားဖတ်ရတာ  Shui Qian Cheng ရဲ့ Rebirth:Professional Body Double -  Zhiye Tishen 职业替身 職業替身  ကလည်း ကောင်းလိုက်တာ .. မထင်မ...
Ver todas las conversaciones

36 Listas de lectura