puppy_jenjen
ပျော်ရွှင်စရာ နှစ်သစ်ကူးလေးဖြစ်ပါစေရှင်။ နှစ်သစ်မှစ နောက်နှစ်ပေါင်းများစွာတိုင်သည်အထိ ပျော်ရွှင်စရာတွေနဲ့ပဲကြုံရပါစေနော်။ ကောင်းမွန်တဲ့စိတ်နဲ့ဆုတောင်းသမျှတိုင်းလည်းပြည့်ပြီး ကျန်းမာရေးလည်းကောင်းမွန်၊ အသိပညာလည်း အရင်ကထက်ပိုပြီးကြွယ်ဝပါစေနော်။ ၂၀၂၅မှာ ဖြစ်ခဲ့တဲ့ မကောင်းတဲ့အရာတွေကို မေ့ထားပြီးတော့ ၂၀၂၆ ဆိုတဲ့ နှစ်သစ်လေးကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းကြပါစေ။ ဂျန်ကနဂိုထဲက ဒီလိုမျိုးတွေ ဆုတောင်းပေးတတ်တဲ့သူမျိုး မဟုတ်တော့ ဒီလောက်လေးပဲပြောပါတော့မယ်ရှင်။ ပြောပြီးသားပေမဲ့လည်း ထပ်ပြောပါ့မယ် ပျော်ရွှင်စရာ နှစ်သစ်ကူးလေးဖြစ်ပါစေ။