purple-lynn

23.4.2022 - 23.4.2023
          	ဒီနေ့ဟာ ကျနော့်ရဲ့ ပထမဆုံးသော fiction ဖြစ်တဲ့ 'ပြည့်တန်ဆာအဖေ' ဆိုတဲ့ fiction လေးကို ဖန်တီးခဲ့တာ တစ်နှစ်ပြည့်ခဲ့ပါပြီ။
          	
          	ဒါ့ကြောင့် ဒီကျေးဇူးတင်လွှာလေးကို ရေးဖြစ်ခဲ့တာပါ။
          	
          	ကျနော် လွန်ခဲ့တဲ့ သုံးနှစ်လောက်က ရင်နှင့်ရင်း၍ ဆိုတဲ့ fiction ကိုဖတ်ပြီးကတည်းက ဇာတ်လမ်းတစ်ခုကို စဉ်းစားမိပေမယ့် အဲ့ဒီဇာတ်လမ်းကိုတော့ ခုထိ ပုံမဖော်ဖြစ်သေးပါဘူး။
          	
          	အဲ့နောက်ပိုင်း Wattpad နဲ့ ခဏအလှမ်းဝေးသွားပြီး ပြန်စဖတ်ဖြစ်ခဲ့တဲ့ ficက ဆရာမအကြင်နာမွန်ရဲ့ ထာဝရပုံပေပါ။ ဒီficလေးရဲ့ စကားလုံး တစ်လုံးချင်စီတိုင်းကို တကယ်သဘောကျရပြီးတော့ အဆုံးထိဖတ်ပြီးသွားတဲ့ နောက်တစ်နေ့မှာ ခေါင်းထဲ ရောက်လာတဲ့ ဇာတ်လမ်းလေးကို အရဲစွန့်ပြီး ရေးဖြစ်ခဲ့ပါတယ်။
          	
          	ရေးတဲ့နေရာမှာလည်း အိမ်က အစ်မနဲ့ညီမရဲ့ အကူအညီတွေလည်း ပါပါသေးတယ်။ သူတို့က ဇာတ်လမ်းရဲ့ အဓိကဖြစ်တဲ့ ဇာတ်ကောင်နာမည်တွေကို စဉ်းစားပေးခဲ့ကြတာပါ။ ကျနော်ကလည်း နာမည်ရတာနဲ့ ရှယ်ကို ရေးခဲ့တာပေါ့။
          	
          	Fic လေးကို စပြီး upတဲ့အချိန်က ဘာနေနေ ဖတ်ပြီးဝေဖန်ပေးကြတဲ့ သူငယ်ချင်းတစ်စုကိုလည်း အများကြီး‌ ကျေးဇူးတင်ပါတယ်။ သူတို့ပေးတဲ့ အင်အားတွေနဲ့ တစ်ပုဒ်ကနေ နှစ်ပုဒ် ၊ နှစ်ပုဒ်ကနေ သုံးပုဒ်အထိ ရေးနိုင်ခဲ့တာပါ။ (အရှည်ကြီးတွေမဟုတ်ပေမယ့်လည်းပေါ့)
          	Rl သပ်"လုပ်ပြီး ဖတ်ပေးလို့ ပိုချစ်တယ်နော် အစ်မကြီး။
          	
          	ဆိုတော့ Wattpad ထဲကို Author အနေနဲ့ ခြေချဖြစ်စေခဲ့တဲ့ အားလုံး"ကို ကျနော် ကျေးဇူးတင်ပါတယ်။ 
          	
          	နောက်ပြီး အရေးကြီးဆုံးကတော့ ကျနော့်ရဲ့ follower တစ်ယောက်ချင်းဆီတိုင်း ၊ ကျနော့် fiction တွေကို ဖတ်ပေးကြသူ တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူး တင်ပါတယ်။ အရှည်ကြီးတွေမဟုတ်ဘဲ short story တွေကိုမှ အရေးအသားလည်း လိုအပ်နေသေးတဲ့ ficတွေကို သဘောကျပေးကြသူတွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ Reading listထဲ ထည့်ပေးကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။
          	စာရေးနေရင်း idea လုံးဝမထွက်တော့တဲ့ အချိန် ယောရောဘွန်းတို့ ပေးတဲ့ အားအင်တွေနဲ့ ရှေ့ဆက်နိုင်ခဲ့တာပါ။ 
          	진짜 많이 사랑해요 여러분  <3
          	
          	လိုအပ်တာတွေကို ပြန်လည်ပြင်ဆင်ပြီး နောက်ထပ် fiction အရှည်လေးတစ်ပုဒ်နဲ့အတူ ပြန်လာခဲ့ပါ့မယ်။ 