redinpeace
Happy New Year
ချစ်ခြင်း၊မုန်းခြင်းတွေအားလုံးကို ၂၀၂၅ မှာ လွှတ်ချခဲ့ပြီး ၂၀၂၆ မှာ ပြန်စကြတာပေါ့
စလည်းစတာ အတည်လည်းပြောတာ လူဆိုတာ ဓာတ်တည့်နေတဲ့အချိန်ရှိမယ်၊ မတည့်တဲ့အချိန်ကျလည်း အတင်းပြောလိုက်ဖို့ ဝန်မလေးဘဲ အတင်းပြောခဲ့သလားမေးတဲ့အချိန်မှာသာ အမှန်တိုင်းဖြေနိုင်ဖို့ သတ္တိရှိဖို့ပဲ လိုပါတယ်
ကိုယ့်ရန်သူဟာ ကိုယ့်အတွက် အကောင်းဆုံးလက်နက်ဖြစ်လာနိုင်သလို ကိုယ့်အပေါ်ကောင်းသူကလည်း ကိုယ့်အတွက် အဆိုးဆုံးရန်သူ ဖြစ်လာနိုင်ပါတယ်
ဒါကြောင့် နှစ်သစ်မှာ လူတိုင်းကို မိတ်ဆွေအဖြစ်နဲ့သဘောထားကြည့်ပြီး ကိုယ့်အတွက်ဘယ်လိုအဆင်ပြေနိုင်သလဲတွေးပြီး မချစ်နိုင်တောင် မေတ္တာနဲ့ရှေ့ဆက်ဖို့လိုပါမယ်
ကိုယ်လည်း လူကောင်းမဟုတ်ကြောင်း ကိုယ့်ကိုယ်ကို အတန်တန်သတိပေးပြီး လူတိုင်းကလည်း ကိုယ်မဟုတ်ကြောင်း အသိလေးကပ်နေရင် စိတ်အခန့်မသင့်တာ၊ ဒေါသထွက်ရမယ့် ကိစ္စတွေက ကြီးရာကနေ သေးလာမယ်လို့ ထင်ပါတယ်
လေကြီးလေကျယ်ပြောတတ်တဲ့ သူငယ်ချင်းကိုလည်း အဲ့လိုဆက်ပြောနေရင် အဆင်မပြေကြောင်း ပွင့်လင်းစွာပြောလိုက်ပြီး ဆက်ခင်ပါ။ အနာပေါ်တုတ်ကျလို့ သူကမခင်လည်း သောက်ဂရုမစိုက်ပါနဲ့။
နေရာတစ်ခုရောက်ပြီး သူ့ကိုယ်သူ အဲ့နေရာမှာမွေးလာတဲ့သူလို ပြုမူနေသူကိုလည်း နင့်သောက်ချိုးမပြေဘူးလို့ ပြောလိုက်ပြီး ဆက်ခင်ပါ။ အနာပေါ်တုတ်ကျလို့ သူကမခင်လည်း သောက်ဂရုမစိုက်ပါနဲ့။
ကိုယ်သောက်ချိုးမပြေရင် အပြောခံရမှာကိုလည်း အမြဲသတိပေးပြီး ပြင်ပေးတဲ့သူတွေကို ကျေးဇူးတင်ပါ
ဒီတိုင်း အချိန်အားနေလို့ ပို့စ်တင်စောင်းမြောင်းအတင်းပြောနေသူတွေကို "lee" လို့ စိတ်ထဲက အော်ဆဲပြီးပဲ ကျော်ဖြတ်ပါ၊ သည်းမခံပါနဲ့၊ ဒါပေမယ့် ထုတ်မပြပါနဲ့၊ သူတောင်းစားနဲ့ ရှင်ဘုရင်က နေရာမတူပါဘူး
ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်ပြီး ဖြစ်အောင်လုပ်ပါ၊ နားသင့်တယ်ထင်ရင် နားပြီး မရပ်တန့်ဘဲ ဆက်သွားနေပါ၊ ပေးကမ်းစရာရှိရင် ဝေမျှပါ၊ ချစ်ခင်ပါ၊ သနားပါ
ကိုယ့်ယုံကြည်တဲ့အရာကို စွမ်းအားကြီးအောင်လုပ်ဖို့ ကိုယ့်တာဝန်သာဖြစ်ပါတယ်၊ ကိုယ်ကမှ မလုပ်ရင် ဘယ်သူကမှ မကိုးကွယ်တဲ့အတွက် ပလုံဆိုပြီး မြှုပ်သွားပါလိမ့်မယ်
မှတ်ထားပါ၊ ကိုယ်ကြိုးစားမှ သူများကို ထူပေးနိုင်မှာပါ၊ ကိုယ်က ကူချင်ပြီး ကိုယ့်မှာအင်အားမရှိရင် သင်ဟာ စောက်ပေါလေကုန်ကြီးဖြစ်နေမှာပါ
ကိုယ့်ကိုယ်ကိုယ် ချစ်ပါပြောပြီး သောက်ရမ်းလည်း တစ်ကိုယ်ကောင်းမဆန်သွားခြင်းဖြင့် ၂၀၂၆ မှာ သာယာကြပါစေ
Happy New Year