reumi_cali95
မဆုံတာကြာတော့ သတိရပေမယ့်
လက်ထဲက ဖောင်တိန်ကတော့ ဘယ်လိုလုပ်လုပ်
အရင်လို မပြေးဘူး၊ ကိုယ်သာ သတိရတာ
သူကတော့ သတိမရဘူးထင်ပါရဲ့ ။
အတွေးအမြင်လေးရအောင် အခြားစာတွေ
လိုက်ဖတ်ပြန်တော့လည်း . . စာဖတ်သူနေရာကို
တစ်ဝကြီးပျော်မွေ့နေလိုက်တာများ
ကိုယ့်ဖောင်တိန် ပြေးလမ်းကိုတောင် ခပ်မေ့မေ့ ။
မျှော်နေတာကိုမရေးဘဲ စိတ်ထဲရှိတာတွေ
ဘယ်သူ့မှမပြဘဲ ရေးနေမိတော့တာ
ဘယ်သူကများ ဖတ်မယ်ပြောနေလို့လဲမသိ ။
တင်ပြချင်တာတွေ သိပ်များပေမယ့်
စကားလေးတွေ ဖောင်ဖွဲ့ပြီးပဲ ပြောပြချင်တယ်၊
ကိုယ့်အရေးအသားတွေနဲ့ တင်ပြဖို့ရာ
ချို့ယွင်းသွားမှာလည်း စိုးနေရတာကိုး ။
- - -
မျက်နှာပြောင်တိုက်သလို ဖြစ်နေမလား
မသိပေမယ့် အကုန်လုံးကို သတိရဖြစ်ပါတယ်။
Cosmos's Rhythm လေးလည်း လုပ်ငန်း
ပြီးစီးသွားပြီမို့ ကိုယ်လည်းအတော်လေးကို
စိတ်အေးနေရပါတယ်။ ဒီရက်ပိုင်း မိုးအကုန်
ဆောင်းအကူးနဲ့ ရာသီဥတုပြောင်းလဲနေတာမို့
အကုန်လုံးကို ဂရုစိုက်ဖို့မှာချင်ပါတယ်။
ဘာမျှော်လင့်ချက်မှ မပေးနိုင်သေးလို့
အားနာပေမယ့် အချိန်တစ်ခု ထပ်ယူပါဦးမယ်။
အကောင်းဆုံးတွေ မပေးနိုင်သေးရင်တောင်
အတတ်နိုင်ဆုံးတော့ ကြိုးစားပေးချင်မိတာမို့
စောင့်နေပေးကြပါဦး <3