nobodyelse_79
Hello! ကျွန်တော်အတွက် feiyunxi fic ကိုမှ ကျွန်တော့် taste လဲဖြစ် အရေးအသားကလဲ ကျွန်တော့်အကြိုက်ဖြစ် အဲ့လိုfic ကိုရှာရတာ လင်ကောင်းသားကောင်းရှာရသလို ခက်ခဲလှတယ် ခက်ခက်ခဲခဲရှာရတဲ့အထဲ ခင်ဗျားရေးတဲ့ fanfic တွေက ကျွန်တော့်ကို အင်မတန်သဘောကျစေတယ် ကျွန်တော် ဖတ်ရမှာနှမြောလွန်းလို့ ဥထားရတဲ့အထိသဘောကျရသေးတယ် အပြီးမှဖတ်ချင်တဲ့ ကျွန်တော့်ရဲ့ မကောင်းတဲ့အကျင့်လေးကလဲ ရှိသေး ဒါပေမယ့် မနေနိုင်လွန်းလို့ အရဲစွန့်ဖတ်မိတဲ့အခါ တစ်စပေါ်လျှင်ချည်စငင်သို့ (စကားပုံကဟုတ်ရဲ့လားမသိပါဘူး) ဆိုသလိုပို စဖတ်မိထဲက အစစနဲ့ သံယောဇဉ်အမျှင်တန်းရပါတယ်
ရှားရှားပါးပါး ကျွန်တော့်အကြိုက်နဲ့ကိုက်ညီလှလေသော လင်ကောင်းသားကောင်းလို ရှားပါးလှတဲ့ fic လေးတွေက update မလာတဲ့အခါ လင်ပစ်ခံရသလို ကျွန်တော့်မှာ တိုးလို့တန်းလန်း တစ်စို့ကြီးရယ်
ပြောချင်တာကတော့ အခက်အခဲရယ်လို့ တစ်စုံတစ်ရာမရှိရင် ဖြစ်နိုင်မယ်ဆို update လေးပေးပါလို့ တောင်းဆိုခွင့်ပြုပါဗျ safe & sound ရော Enchanted လေးရောကို အင်မတန်မှသဘောကျလှလို့ပါ
Covid ကြောင့်နေမကောင်းလို့ နားနေတယ်လို့သိရပါတယ် ကျန်းမာရေးအထူးဂရုစိုက်ပါ အားရှိအောင်နေပါ ခုကာလမှာ အစစအရာရာဂရုစိုက်ပါ အဆင်ပြေရင် update ပေးပါ
အဲ..အခု နှစ်ခုလုံးတစ်ပိုင်းစီ update ပေးထားတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်
roya_collins
@phoenixchel Ohhh !! Your words touched my heart ❣️ ဒါလေးကို သဘောတကျနဲ့ဖတ်မိတာ ဘယ်နှစ်ခါမှန်းတောင်မသိတော့ပါဘူး။ ဒီလိုစာမျိုးကို ပထမဆုံးရရှိဖူးတာမို့လို့ တကယ်ကို အားဖြစ်ရပါတယ်။ သဘောကျပေးလို့ ကျေးဇူးအများကြီးတင်သလို ရှေ့လျှောက်လဲ ကြိုးစားပြီးရေးပေးပါ့မယ်။ နေကောင်းတာက သက်သာသွားတာကြာပါပြီ ဒီကြားထဲ ရေးမယ်လုပ်လိုက် စိတ်ကမပါလို့ရပ်ထားလိုက်ဖြစ်တာကြောင့် ကြာသွားတာပါ။ အခုတော့ အနည်းဆုံး တစ်ပတ်ကိုတစ်ပိုင်းစီတော့ သေချာလေး Update လုပ်ပေးပါမယ်၊ ဒီလိုမျိုးရေးပေးတဲ့အတွက်လဲ နောက်တစ်ခါထပ်ပြီးတော့ ကျေးဇူးပါတယ် နောက်အပတ်မှာ အပိုင်းသစ်နဲ့ ပြန်တွေ့ကြတာပေါ့❣️
•
Reply
Fiery_Floria
Hello there
Safe and soundလေးမျှော်နေရတာ<3