seraasocool
အမြဲစိတ်တိုနေတတ်တဲ့ ကိုကို့ကိုလွမ်းတယ်
အမြဲငါ့ကိုမျှော်နေတတ်တဲ့ ကိုကို့ကိုလွမ်းတယ်
ဂိမ်းဆော့တိုင်း အမြဲငါ့ကိုစောင့်တတ်တဲ့ အကျင့်လေးကိုလဲလွမ်းတယ်
ညအိပ်ခါနီးစောစောအိပ်လို့အမြဲပြောပေမယ့် သူဖုန်းခေါ်လို့ ငါအိပ်ငိုက်နေလဲ ဖုန်းပေးမချတဲ့ အဲ့ကိုကိုအစုတ်ပလုတ်ကို လွမ်းတယ်
အရူးမလို့ အမြဲခေါ်တတ်တဲ့ ကိုကို့ကိုလွမ်းတယ်
ရန်ဖြစ်တိုင်း တစ်ခွန်းမကျန် ပြန်ပြန်ပြောတတ်တဲ့ ကိုကို့ကိုလွမ်းတယ်
ရန်ဖြစ်ရတာပျော်တယ် စကားများရတာပျော်တယ် သူပြသာနာရှာလဲပျော်တယ် သူနဲ့ရှိနေရရင်ပျော်တယ်
ခုကျတော့ သူက သူ့ရည်းစားဟောင်းကိုရအောင်ယူမှာပါတဲ့ ငါ့ကိုကျတော့ ရွံတယ်တဲ့ ဘယ်လောက်ထိနင်ကစိတ်ပျက်ဖို့ကောင်းနေလဲ နင့်ကိုယ်နင်ကြည့်အုန်း သူကနင့်လို ပြသာနာလဲမရှာတတ်ဘူး ပြောစရာလဲတစ်ကွက်မှမရှိဘူး နင့်လိုမျိူးလဲ စကားလုံးကြမ်းကြမ်းတွေမပြောခဲ့ဘူးတဲ့
ဘာတစ်ခွန်းမှတောင်ပြန်မပြောနိုင်ဘူး အထိနာလားမနာလား မူးနေတာတောင် အဲ့စကားတွေကခေါင်းထဲလည်နေတာ နားတွေထဲရိုက်နေတယ် တစ်ခွန်းမကျန်အကုန်ပြန်မှတ်မိတဲ့အထိ ငါက ဒီယောကျာ်းအပေါ် ချစ်နေတာပါလား
မဖြစ်နိုင်တာကိုမှ ဇွတ်အတင်း ကပ်တွယ်ခိုင်းနေတဲ့ လောကကြီးကိုလဲ l e e ပါပဲလို့