sett_nyain
Link to CommentCode of ConductWattpad Safety Portal
Guys...I've uploaded Chapter one of 1788.
https://www.wattpad.com/story/387624876
sett_nyain
နှစ်ဆန်းတရက်နေ့ကို လွန်သွားပေမယ့်လည်း ဆက်ငြိမ်ကို သတိတရရှိနေကြသူများအတွက် နှစ်သစ်ကူးဆုတောင်းလေးပြုချင်ပါတယ်။
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှာ အားလုံးလိုချင်တောင့်တရတဲ့ ငြိမ်းချမ်းတဲ့ဘဝကိုယ်စီကို ပိုင်ဆိုင်နိုင်ကြပါစေ။ လူငယ်လေးတွေလည်း အခွင့်အလမ်းတွေ များများဖမ်းဆုပ်နိုင်ကြပါစေနော်
RenaKhine
တကယ် မျှော်မိပြီး လွမ်းနေပါပြီ အသစ်သစ်သောလက်ရာတွေကိုလဲ မျှော်လင့်မိပါရဲ့ နွေဦးကံ့ကော်နှင့်ပဲ ဖြည်သိမ့်ရလို့တော်ပါသေးရဲ့လို့ဆိုရမလား ဆက်ငြိမ်စာတွေကလေ အထူးသဖြင့်နွေဦးကံ့ကော် ထပ်ခါထပ်ခါညှိတွယ်စေပြီး realistic ဆန်တယ်လို့ခံစားမိတယ် တစ်ခါမှအခုလိုတွေမရေးဖူးပေမယ့် ရေးကြည့်ချင်လာလို့ စာတွေအတွက်ကျေးဇူးတင်ပါတယ်။
sett_nyain
@RenaKhine နှစ်သက်မြတ်နိုးပေးလို့ ကျေးဇူးတင်ပါတယ်။ အားလပ်ချိန်တွေ ပြန်ရတာနဲ့ အသစ်တွေနဲ့ လာခဲ့ပါမယ်နော်
•
Reply
sett_nyain
Happy New Year to you all. May 2025 bring you a balanced life and success.
Sincerely,
Sett Nyain
Thwin24
@sett_nyain ဖဘမှာ Fri ဖြစ်တာရော ဒီaccကို မှတ်မိတာရောကို က ပျော်နေပါပြီ ဘာဘဲ ဖြစ်ဖြစ် ဆက်ငြိမ်ကိုက အမြဲ အမှတ်ရနေတော့မှာ
sett_nyain
ဟိုင်း...ကိုယ်ပါ၊ ဆက်ငြိမ်ပါ။ တိတ်ဆိတ်နေမိတာ နွေတခုစာ ရှိသွားပါပြီ။ ဖေ့စ်ဘွတ်ခ်အကောင့်ကိုလည်း ဖျက်လိုက်တဲ့အတွက် အားလုံးနဲ့ အဆက်အသွယ်ပျက်သွားပါတယ်။
မိုးရာသီရောက်ပြီမို့ ကိုယ့်ရဲ့အစဉ်အလာမပျက်အောင် Anime တကားကို ပြန်ကြည့်ဖြစ်နေပါတယ်။ The Garden of Words ဆိုတာလေးပါ။ တနေ့ကတော့ အနောက်ခြံထဲမှာ ချဉ်ပေါင်ပင်တချို့နဲ့ ခရမ်းပင်တချို့ စိုက်ဖြစ်ပါသေးတယ်။ မိုးရေထဲမှာ ပေါက်တူးကိုင်ရတဲ့ ခံစားချက်ကို ကိုယ်သိပ်သဘောကျတာပါ။ နောက်မနက်မှာတော့ ကိုယ်၊လက်တွေ အတော်နာတာ။ နောက် ရက် ၂၀လောက်ဆိုရင်တော့ မနက်ခင်းမှာ ဇကာခြင်းလေးကိုင်ပြီး ချဉ်ပေါက်ရွက်တချို့ ခူးစားလို့ရမယ်ထင်ပါတယ်။ မနှစ်ကနဲ့ ဒီနှစ် ခံစားချက်တူနိုင်တာက ချဉ်ပေါင်ရွက်တွေ ခူးရတဲ့အချိန်ပဲ ရှိမယ်ထင်တယ်။ အရာအားလုံးက ပြောင်းလဲပြီးရင်း ပြောင်းလဲနေခဲ့တာကိုးလေ။ ရှေ့ ၅ ရက်လောက်ကတော့ အနီးက ဝါးရုံတွေမှာ မျှစ်သွားတူးခဲ့ပါသေးတယ်။ အတူသွားတဲ့ကလေးတယောက် ဓါးရှသွားလို့ တခြားကလေးရဲ့ အင်္ကျီကို ဖြဲပြီး ဒဏ်ရာကို စည်းပေးလိုက်ရတယ် :3။ အင်္ကျီအစုတ်ခံ ဓားအရှခံပြီး တူးခဲ့ကြတဲ့မျှစ်တွေမို့ ပိုစားကောင်းခဲ့သလိုပါပဲ။ မနေ့ကတော့ နာနတ်သီးကို ဒီနှစ်အတွက် ပထမဆုံးအကြိမ် စားရတယ်။ ဒီအချိန် ရှမ်းပြည်မှာ နာနတ်သီးပေါလောက်ပြီ ထင်ပါရဲ့။ ဒီဆောင်းရောက်ရင် ရှမ်းပြည်ဘက် အလည်ရောက်ဖြစ်မယ်ထင်တယ်။
နေ့တိုင်းမှာ စာဖတ်ရင်း၊ စစ်တုရင်လေ့ကျင့်ရင်း၊ အနာဂတ်အတွက်ပြင်ဆင်ရင်း ကြိုးစားနေထိုင်နေပါတယ်။ တမိုးနဲ့ တဆောင်းလွန်ပြီး နွေဦးပေါက်ရင် အားလုံးနဲ့ ပြန်ဆုံနိုင်ဖို့ ကိုယ်မျှော်လင့်နေမိတယ်။ နောက်ထပ်ခွဲခွါစရာတွေ မကြုံဖို့ ခုနေခါမှာ လများစွာ ကြာရှည်တဲ့ခွဲခွါခြင်းတွေနဲ့ ဆုံဖို့လိုတယ်လို့ ကိုယ်က အမြဲမှတ်ယူထားပါတယ်။ တခါတလေမှာ အထီးကျန်ရတာတွေ၊ ခက်ခဲပင်ပန်းရတာတွေ၊ ရုန်းကန်ရတာတွေ သိပ်များပေမယ့်လည်း ငါ့အနာဂတ်က ရှေ့မှာ တောက်ပနေတယ်လို့ အားတင်းရင်း ရှင်သန်နေပါတယ်။
ပြီးတော့ ဇာတ်လမ်းတွေကို unpublished လုပ်ထားမိခဲ့တဲ့အတွက် တောင်းပန်ပါရစေ။ ကိုယ်မရှိနေနိုင်တဲ့နေရာမှာ ကိုယ့်အငွေ့အသက်တွေ မကျန်ပဲ လုံးဝတိတ်ဆိတ်ငြိမ်သက်နေစေချင်တာ ကိုယ့်ဆန္ဒမို့ပါ။ အားလုံးကို သတိရနေမိပါတယ်။ ဒါကြောင့်ပဲ မိုးမှုန်တွေနဲ့အတူ လာနှုတ်ဆက်တာပါ။ ဆက်ငြိမ်က ကျောက်တုံးကြီး မဟုတ်တာမို့ သတိရလွမ်းဆွတ်တတ်ပါကြောင်း။
ဆက်လက်ငြိမ်သက်နေဦးမည့် သင်တို့၏ ဆက်ငြိမ်
Thu86_93
နွေဦးကံ့ကော်ကို လွမ်းနေလို့ ပြန်လာပါတော့နော်