sh_ika_529

ပထမဦးဆုံး တစ်ချက်အနေနဲ့
          	
          	Wind Farm ရဲ့ ပထမဆုံးအပိုင်းမှာ ဝမ်ရိပေါ်နဲ့ မိန်းကလေးတစ်ယောက်ရဲ့ sex scene ပါတဲ့အတွက် မကြိုက်ရင်ကျော်ဖတ်ပါ ။ ဒါမှမဟုတ် အစပြုပြီး ဖတ်ကိုမဖတ်ပါနှင့်။  
          	
          	ဒုတိယအနေနဲ့
          	
          	ရှယ်လီရဲ့ ဝမ်ရိပေါ်ရဲ့ အိမ်ထောင်ရေးမှာ လင်မယားအရာမြောက်ခဲ့သလား ဆိုတဲ့ မေးခွန်းမျိုးတွေ လာမမေးပါနဲ့။ ဖြေဖို့အာရုံမရှိပါ။ ကိုယ့်ဘာသာကြိုက်သလိုတွေးပါ။ မကြိုက်ရင် ဖတ်ကိုမဖတ်ပါနဲ့။ 
          	
          	တတိယအနေနဲ့
          	
          	Wind Farm ကိုရေးခဲ့တာ 2019 မှာပါ။ ဘယ်တုန်းကရေးခဲ့တာမှန်းမသိရင် ဒီအထဲက cmt တွေရဲ့ date ကို ပြန်လှန်ကြည့်ပါ။ အတော့်ကိုကြာနေပြီဖြစ်တဲ့ fanfic ဘိုးအေတွေထဲ ပါပါတယ်။ "ဒါမျိုးတွေကြောင့် နောက်ပိုင်း fanfic တွေ မဖတ်တော့တာ" ဆိုတာမျိုးလာမန့်တာမြင်မိရင် ရင်အောင့်လို့ :3 (Fanfic ကိုဟုတ်တိပတ်တိမရေးဖြစ်တော့တာ ၂၀၂၀ ကတည်းကပါရှင်)
          	
          	စတုတ္ထအနေနဲ့
          	
          	"အဲ့ဒါကိုကြိုက်လို့ သူနဲ့တွဲထွက်တာကိုသွားဖတ်ကြည့်တာ ပေါ့ပျက်ပျက်နဲ့ ဖတ်ရတာ အရသာမရှိဘူး။ ပြီးအောင်တောင်မဖတ်နိုင်ပဲပြန်ထွက်ခဲ့ရတယ်" လို့ပြောရင် "ဟုတ်ကဲ့ ဘိုင့်ဘိုင်" လို့ပဲပြောချင်ပါတယ်။ အခုအချိန် ရိုက်ရေးခိုင်းရင်တောင် ဒီလိုပေါ့ပျက်ပျက်လို့ပြောတဲ့ သိပ်ကိုသွက်တဲ့ ရေးဟန်ကို စာရေးသူကျွန်မကိုယ်တိုင်တောင် မရေးတတ်တော့လို့ 2019 ကကျွန်မဖြစ်သူကို အများကြီးမှ အများကြီး ကျေးဇူးတင်ပါတယ်။ 
          	
          	ပုတ်ခတ်လိုကပုတ်ခတ်နိုင်ပါတယ်။ ဒါပေမဲ့ ယှဉ်ယှဉ်ပြောတာမျိုးတော့ မလုပ်ကြနဲ့ပေါ့။ Facebook ကိုတောင် အာရုံနောက်လို့မသုံးတော့တာကို Wattpad အထိ တကူးတက မကြိုက်ကြောင်းလာပြောပေးကြလို့ အပျင်းတွေလည်းပြေရပါတယ်ရှင်။ 
          	
          	မကြိုက်ရင် မဖတ်ပါနဲ့။ ဘယ်သူကမှရိုက်ပြီးမဖတ်ခိုင်းပါဘူးရှင်။ 
          	
          	
          	တော်သေးတာပေါ့။ ရေးဖူးတာ သုံးအုပ်တည်းမို့။ လေးငါးခြောက်အုပ်သာဆို အိုင်လုံချည်ခါးတောင်းကျိုက်ထားရလောက်တယ်။
          	
          	တအားအမြင်ကတ်လာရင် အိုင်နဲ့ ဝမ်ရိပေါ်ချည်းကိုပဲ ဆယ့်ခြောက်အုပ်လောက် OC ပစ်လိုက်မှာပါ :3 :3
          	
          	နိဂျုံးခုတ် အင်း နိဂုံးချုပ်ရရင်
          	
          	1.MC နဲ့ ML ရဲ့ sex sence မှမဟုတ်ရင် ခံစားရတယ်ဆိုသူများက Wind Farm ကိုလက်ရှောင်လိုက်ပါ။ 
          	
          	2.လေးနက်တဲ့ ရေးဟန်တွေကိုကြိုက်ရင် Wind Farm ကိုလက်ရှောင်လိုက်ပါ။
          	
          	3.plot twist တွေ သိပ်ကြိုက်တတ်တဲ့သူဆိုရင် Wind Farm ကို လက်ရှောင်လိုက်ပါ။
          	
          	4. shika529 ကို $မြင်ကတ်နေရင် Wind Farm ကိုရော shika529 ကိုရော လက်ရှောင်လိုက်ပါ။
          	
          	
          	ဘိုင့်!
          	
          	
          	
          	
          	

Chi_Do_Ra7

Wind Farm က ကိုယ်ပထမဆုံး ဝယ်စုမိတဲ့ fanfic စာအုပ်ပဲ။ ရင်ထဲနင့်နေအောင် သဘောကျပြီး ခံစားရလို​့ တော်တော်သဘောကျတာ ဘာနဲ့မှမတူဘူး။ အခုထိလဲသဘောကျနေဆဲပါပဲ။ လက်ရာလှလှလေး ဖန်တီးပေးတဲ့ စာရေးသူကို ကျေးဇူးတင်ပါတယ်ရှင်။ ♥
Reply

thri_5213

Wind Farm ကိုက ရေးထားတဲ့ပုံစံလေးကိုတအားသဘောကျတာ၊ ပြန်ဖတ်တိုင်းလည်းမရိုးရဘူး
Reply

Ngue142034

@sh_ika_529 ကြိုက်လွန်းလို့အမြဲပြန်ဖတ်နေရတဲ့အထိပါ
Reply

Xiao_Lang

ချစ်မေတ္တာဝေလေးမှာ ချစ်ခြင်းလေးတွေ ဆက်ပြီး မဝေမျှပေးချင်ဘူးလားဟင် Author 
          
          အဲ့ဒါလေးက တမြေ့မြေ့တွေးနေမိလို့ ဒီစာမြင်ရင် အဆုံးသတ်ပေးပါဦးလို့ တောင်းဆိုချင်မိပါရဲ့ 

Banana_1005

Welcome back ... 
          
          2019_2020 လောက်ကတည်းက အရမ်းသဘောကျရတဲ့
          YiZhan စာရေးသူကိုပြပါဆို အစ်မတစ်ယောက်တည်းရှိတာ
          ကလောင်စွဲရှိတဲ့ ညီမက အစ်မသာOC ရေးပြီး ကလောင်သွေးရင်တောင်
          ပရိတ်သတ်အဖြစ်ရပ်တည်ပေးမယ်ဆိုတဲ့အထိကို အရေးသားကြိုက်တယ်
          
          အစ်မလို အရေးသားနဲ့ စာရေးသူက အခု fic လောကမှာရှားသွားပြီ
          Plot ရွေး ၊ ဇာတ်ကောင်ရွေး ၊ စာအရေးအသားရွေးဖတ်တဲ့ ညီမက
          အစ်မကို တအားသဘောကျလွန်းလို့ Follow လုပ်ပြီး အကောင့်ထဲ
          အမြဲ အ၀င်ထွက်စောင့်ကြည့်နေတာဆိုလည်းမမှားဘူးပေါ့နော် 
          
          အားနာပါးနာနဲ့ အရင်က အမြဲတမ်း DM မှာ လာပြီးတောင်းဆိုနေကြဖြစ်တဲ့ 
          မှိုင်းလွင့်သော ကို one shot အနေနဲ့မဟုတ်ပဲ Long Fic အမြဲမြင်ခွင့်ရမလားဟင် ။ အဲဒီ မှိုင်းလွင့်သောက နှုတ်မရတဲ့ ဆူးတစ်ချောင်းလိုပဲ 
          ဖတ်မိပြီးကတည်းက ဆူးစူးနေတာ ထုတ်လို့မရဘူး 
          တကယ်လို့ Long Fic အနေနဲ့ပြန်လည်အသက်သွင်းပေးရင် 
          တကယ်ကျေးဇူးတင်မိမှာပါ ။ မအားလို့ မရေးနိုင်ရင်တောင် ကျေးဇူးပါ 
          
          
          
          
                         Thank You 

sh_ika_529

@Kutty95 တောင်းဆိုရင် ဆန္ဒတွေကိုဖြည့်ဆည်းပေးချင်တဲ့အထဲမှာ ဒီကလူလည်းပါပါတယ်။ စာအေးအေးဆေးဆေးရေးနိုင်တဲ့ အခြေအနေကိုရောက်ရင် စဉ်းစားကြည့်ပါ့မယ် (⁠◍⁠•⁠ᴗ⁠•⁠◍⁠)⁠❤
Reply

RJKora

Author 2020 Sep လောက်တုန်းက တရုတ်သီချင်းတစ်ပုဒ်နဲ့ idol or singer တစ်ယောက်ရဲ့အကြောင်းထင်တယ် စာအချို့နဲ့တွဲတင်ထားတာ (သီချင်းချိုချိုလေးတွေအများကြီးဆိုပါအုံး)ဆိုတဲ့စာသားလေးလည်းပါတယ်။ သီချင်းလေးက အသံကြည်ကြည်လေးနဲ့ မြူးမြူးလေး ။ အဲ့သီချင်းလေးကိုကြိုက်လို့ အဲ့တုန်းက google ကို သွားပြီးသီချင်းဆိုပြလို့ရတယ်ဆိုတာလည်းမသိခဲ့တော့ ကြာတော့သီချင်းလေးကိုမေ့သွားတယ်။ ဒီနေ့အဲ့တုန်းက save ထားတဲ့ illustration လေးတွေ့မှ အဲ့သီချင်းကိုအရမ်းနားထောင်ချင်လာလို့ စာသားရော သံစဉ်ရော သီချင်းကိုရော အဆိုရှင်ကိုရောမသိပါဘူး။ အဲ့နေ့ အဲ့အချိန်တုန်းက ခံစားချက်ကောင်းမွန်နေခဲ့တယ်ဆိုတာလေးပဲသတိရတယ် ။ shika များ သီချင်းလေးကိုသိအုံးမလားလို့ မေးကြည့်တာပါ ။ မှတ်မိနေပါစေ လို့မျှော်လင့်လျက်  ။

sh_ika_529

@RJKora Luhan ရဲ့ slow motion (or) သူ့သီချင်းတစ်ပုဒ်ပုဒ်ဖြစ်မယ်ထင်ပါတယ်။
Reply

IDK-but-leepel

Authorအနေနဲ့ စစ်မှန်တဲ့စိတ်ထားမျိုးBJYX CPအပေါ်မရှိဘူးလို့ခံစားရတယ် ရိပေါ်ကိုတခြားသူနဲ့sexရေး ဘာညာလုပ်ရက်တယ်ပေါ့ စီးပွားရေးသမားတစ်ယောက်လိုခံစားရတယ် Bookထွက်ထားမထားတော့မသိပေမယ့်ခံစားရတာကိုပြောတာပါ မီတို့တော့အနုပညာအရ ficအရ ဘာအရတောင်မခံစားနိုင်ဘူး ကိုယ်Shipတာ BL cpလေ Normalမှမဟုတ်တာ
          အထိအခိုက်များတဲ့ရပ်ဝန်းဆိုပိုလို့တောင်ကာကွယ်တန်ဖိုးထားရတယ်
          မီတို့မီယမ်မာလူမျိုးစုအနေနဲ့ကျ သစ္စာရှိတာကိုပိုသဘောကျတယ် ကိုယ့်idolအချင်းချင်းsexဖြစ်တာပဲလက်ခံနိုင်တယ် Cမှာကျတခြားသူနဲ့လည်းအိပ်ခိုင်းဘာညာရေးတယ်ပေါ့ သူတို့နဲ့ကိုယ်တွေကယဥ်ကျေးမှုမှမတူတာနော် လိုက်တုလို့မရဘူးလေ ပြီးရင်ကိစ္စအကြီးအကျယ်ဖြစ်စေတာလည်းCဘက်ကစတာဆိုတော့ Cဘက်ကလူတွေလုပ်ရင်လိုက်တုလို့မရဘူးလေ အပေါ်ယံနဲ့Shipတဲ့သူ ဒီလူနှစ်ယောက်ကိုခုတုံးလုပ်ပြီးစီးပွားရှာ followersရှာတဲ့သူတွေလည်းfdထဲသက်"ကိုရှိသေးတာ ဒီလိုficရေးရင်လည်း Ficကိုficလိုသဘောထားလေဆိုပြီး ရေပေါ်ဆီဖန်တစ်သိုက်လည်းရှိသေးတယ် Authorလည်းfanနဲ့ဘာနဲ့ဆိုတော့ idolကိုတခြားသူနဲ့sexလုပ်တဲ့ficအသစ်ရေးရင်လည်း authorလိုရေပေါ်ဆီတစ်သိုက်ကလာအားပေးဦးမှာပဲ စစ်မှန်တဲ့သဘောထားမရှိပဲဘယ်လိုစိတ်နဲ့များstanရက်လဲပဲအဟုတ်ကိုသိချင်တာ အဲ့လိုရေးတော့ရော ကျန့်ကျန့်ကိုမျက်လုံးထဲမမြင်ယောင်မိဘူးလား yibo biasမို့လို့ပဲ တစ်ဖက်စောင်းနင်းအသည်းမာတာလားတော့မသိဘူး ဒီလိုပြောလို့ muteချင်လည်းmuteလို့ရပါတယ် လွတ်"လပ်"စည်းဘောင်မရှိပဲရေးချင်OCရေးလေသာသာရယ် သူများတွေဖူးဖူးမှုတ်မြတ်နိုးတန်ဖိုးထားရတဲ့လူတွေက authorရေးချင်သလိုရေးဖို့မှမဟုတ်တာ ဒီcpကိုလာstanဖို့authorကိုလည်းဘယ်သူမှရိုက်ပြီးမလုပ်ခိုင်းပါဘူး ဒီရပ်ဝန်းလေးထဲတန်ဖိုးထားသူတွေရှိဖို့ပဲလိုပါတယ် ဒီစာကိုမြင်တွေ့ခဲ့ရင်authorလိုရေပေါ်ဆီ ဒီCpကိုအသုံးချရုံအပေါ်ယံသမားတွေ
          စိတ်တိုပြီးလာကိုက်နိုင်လာကိုက်လောက်ပါတယ်