shanemann622

တစ်နေ့ အသဲကွဲရမှာသိလည်း ဒီလူသားကိုကျွန်တော်ဟာမြတ်နိုးနေမိတုန်းပဲ။ တစ်ချိန်ကျရင် သူများရင်ခွင်ထဲမှာ ပြုံးပျော်နေမယ့် ထိုအမျိုးသားရဲ့မျက်နှာကိုမြင်ယောင်မိတော့ နှလုံးသားကနာကျင်စွာငြင်းဆိုတယ်။ အချိန်မှမတန်သေးတာတဲ့။ လျှောက်တွေးပြီးနာကျင်နေရင်မင်းပဲပင်ပန်းရလိမ့်မယ်တဲ့လေ။ ဒါပေမဲ့ ဘယ်တော့မှပိုင်ဆိုင်ခွင့်ရမှာမဟုတ်တဲ့ ဒီအမျိုးသားကို ကျွန်တော်ဘာကြိုးတွေနဲ့များချုပ်နှောင်ထားလို့ရနိုင်မှာလဲ။ဒီတော့ တစ်နေ့တစ်နေ့ ငေးကြည့်နေရုံလေးနဲ့ နစ်မှန်းမသိနစ်လာတဲ့အချစ်အနွံမှာ ကျွန်တော်ဟာပြုံးပြုံးလေးနဲ့နစ်မြုပ်ရုံပဲပေါ့။မပိုင်ဆိုင်ရတဲ့လူတစ်ယောက်ကို ချစ်တာထက်ပိုပြီး မြတ်နိုးမိသွားတဲ့အခါ နာကျင်ခြင်းနဲ့မွန်းကျပ်တဲ့သက်ပြင်းတွေဟာကပ်ငြိလာပါလေရော။

mannshane

@mannshane အကောင့်မှာ fic အသစ်တစ်ပုဒ်တင်ဖို့ရှိပါတယ်။ စောင့်ပေးကြပါအုံး။ ဒီတစ်ခါတော့ ကျနော်တကယ်ပျံလာပါပြီ။ @shaneman622 အကောင့်ကဝင်မရတော့ပါဘူး။