sinchen9972
မင်းနဲ့ငါ တူညီတဲ့ဘကောင်းကင်ကြီးအောက်မှာ ဆိုပေမဲ့ နယ်နိမိတ်တွေ ဝန်းရံနေတယ်ပင်လယ်တေြ ခားနေတယ် နိုင်ငံတွေ ကွာဝေးနေသလို ဘာသာတွေလည်းမတူခဲ့ဘူးမင်းက ကိုယ့်ကိကိုယ်ဘဲ ယုံကြည်တဲ့ ဘာသာမဲ့ တစ်ယောက် ငါက မိရိုးဖလာ မဟာယနဗုဒ္ဓဘာသာ အသားအရောင်လည်းမတူဘူး မင်းက မျက်ဆံအပြာလေးတွေ ငါကကအညို မင်းက စီးပွားရေးနယ်ပယ် ငါက ဖျော်ဖြေရေးနယ်ပယ် မတူညီတဲ့ နယ်ပယ်အသီးသီးမှာ မင်းကလည်းမင်းတိုင်းပြည်အတွက်တာဝန်ကျေ ငါကလည်း င့တိုင်းပြည်အတွင် တစ်ထောင့်တစ်နေရာကနေ ကူညီနေတယ် ဘယ်လိုမှ အပ်စက်လို့မရတဲ့ ကံကြမ္မာဘဲ ဒါပေမဲ့ တစ်ခါတစ်ရံတော့ မျက်နှာသာပေးတယ်ထင်ပါရဲ့ ဘယ်လိုမှ စုံစည်းဖို့မဖြစ်နိုင်တဲ့ငါတို့နှစ်ယောက်က ဥရောပ နယ်မြို့လေးရဲ့ church ကျောင်းရဲ့ရှေ့မာ ဆုံခဲ့တယ် အဲ့ church လေးက ရိုးရိုး church မဟုတ်ဘူးသိလား အဲ့မာသာမန်စုံတွဲတွေထက် တခြား စုံတွဲတွေ(သိတယ်မလား ကိုယ်ဘာကို ဆိုလိုတယ်) ရဲ့ မျှော်လင့်ချက်တွေ ပြည့်ဝတဲ့နေရာ ဒီဘုရားကျောင်းမာ လက်ထပ်ပွဲတွေလုပ်လို့ရတယ်တဲ့