sithu156426
အလိုက်သိတဲ့မိုး
သူမကိုလွမ်းနေတာမှန်းသိလို့
မျက်ရည်မိုးတွေရွာသွန်းပေးနေတာ
ကျွန်တော့်အလွမ်းမျက်ရည်တွေသယ်ဆောင်ပြီး
သူမပေါ်ရွာသွန်းပေးစမ်းပါဗျာ
ဇိမ်ခံကားကြီးပေါ်ကသူမ
အလွမ်းမိုးတွေခံစားတတ်ပါတော့မလား
နေပါစေတော့ဗျာ
အလွမ်းမိုးတွေထိသွားရင်
အရင်လိုပဲ ကျွန်တော့်အပေါ်
အပြစ်တွေမြင်နေအုံးမယ်
ကျွန်တော့်အလွမ်းတွေအသိအမှတ်ပြုတဲ့
မိုးမင်းကြီးသာ မိုးတိတ်ပေးပါတော့ဗျာ
ကျွန်တော်ရင်တွေကွဲတော့မယ်
အလွမ်းတွေထန်နေပြီမိုးရယ်
မရက်စက်ပါနဲ့တော့
အလိုက်သိတာတွေရပ်လိုက်ပါတော့မိုးးးးးးးးးး
ကြွေမခ
7.11.2024