ZaingNet

Uni ​ပြောင်းခိုင်းထားတာ ကြာပါပြီ စာကို အခုမှ​တွေ့လို့ အ​ကောင့်​ထဲ ပြင်​မရလို့ ဒီက ပို့လိုက်​တာပါ ​​တောင်းပန်​ပါတယ်​​နော်​ အား​ပေးတဲ့အတွက် ​ကျေးဇူးတင်​ပါတယ်​ ♥
          
          (Uni)
          brother lover (p 11)
          (ညီအစ်ကို ချစ်သူ)
          
          kit//
          p' က ပြောပီး ကျွန်တော့်ခေါင်းက ဆံပင်တွေကို ပွတ်ဖွလိုက်တော့ ကျွန်တော် ရယ်လိုက်မိသည်။ မျက်နှာမှာ ပြုံးလိုက်ပေမဲ့ ရင်ထဲမှာတော့ ဝမ်းနည်းနေခဲ့သည်။ သူက ပြုံးပီးကြည်​့​နေသည်​။ သူက nong တစ်ယောက်လို ဂရုစိုက်တော့ ကျွန်တော်လည်း သဘောကျနေမိသည်။ ဒါနဲ့ ကျွန်တော်က
          
          ''ကျွန်တော့်ကြောင့် p' တို့နှစ်ယောက်ချိန်းထားတာ ပျက်သွားလို့ ထပ်ပီးတောင်းပန်ပါတယ်နော်''
          
          ''kit kit''
          
          ''ဟင်''
          
          ကျွန်တော်က ပြောပီး မျက်ရည်တွေက ဝဲလာခဲ့ သည်။ ဒါနဲ့ သူက သေချာကြည့်ပီး ခေါ်လိုက်တော့ ကျွန်တော်က ခေါင်းလေးငုံ့ပီး ထူးလိုက်သည် ဒါနဲ့ p' က
          
          ''မင်း ဘာတွေဖြစ်နေတာလဲ kit kit ဖျားပီး ရူးသွားတာလား''
          
          ''ဘာလဲ''
          
          ''ဘာလို့ တောင်းပန်တဲ့ စကားတွေပဲ ထပ်တလဲလဲ ပြောနေတာလဲ''
          
          ''ကျွန်တော့်ကြောင့် p' တို့ အနှောင့်အယှက်ပေး သလိုဖြစ်သွားလို့ပါ''
          
          ''ဒါဆို မင်း ငါတို့ နှစ်ယောက်ကို သဘောတူလိုက် ပီလား''
          
          သူက အဲလိုမေးတော့ ကျွန်တော့်ရင်ထဲ ဆို့နစ်နေသည်။ ကိုယ်ချစ်တဲ့သူကို တခြားသူနဲ့ သဘောတူလားမေးတော့ ဘယ်လိုဖြေရမလဲ ခေါင်းကိုက်လို့မျက်လုံးတွေ ကျိမ်းနေတာကတစ်မျိုး သူ့အမေးကြောင့် ရင်ထဲဆို့နစ်နေလို့ မျက်ဝန်းမှာ မျက်ရည်ကြည်တွေတက်ကာ မျက်သားတွေစပ်နေ တာက တစ်မျိုးနဲ့ မျက်ဝန်းတွေ နီရဲနေသည်။ သူက 
          
          ''မင်း သဘောတူလား မတူဘူးလား ပြောလေ''
          

stjinx12

@ZaingNet ဪ ဟုတ် ကျေးဇူးပါနော်
Reply