ဟဲဟဲ...ဒီရက်ပိုင်းထဲ ပျောက်သွားလိုက်၊ ပေါ်လာရင် ဈေးဗန်းတွေပဲ ခင်းလိုက်များ ဖြစ်နေလား မသိဘူး။
ခုလည်း ခါတော်မှီ Halloween One Shot လေး ၁ ပုဒ်တင်ထားလို့ပါ။
Fic က မနှစ်ကတည်းက ရေးထားတဲ့ အဟောင်းလေးပါ။
စာအုပ် ၁ အုပ်အတွက် နေမကောင်းတဲ့ကြားက အားကျိုးမာန်တက် ရေးပေးလိုက်ပေမယ့် မထုတ်ဖြစ်တဲ့ one shot လေးပေါ့နော်။
Noah ဆိုတဲ့ ကောင်လေးက သာမာန် အထက်တန်းကျောင်းသားလေးပါပဲ။
ဒါပေမဲ့ သူ့ဘဝရဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်အနေနဲ့ သူတို့ Junior year, Halloween ညမှာ အတန်းဖော်ကောင်လေး Rio က ကားမတော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့တယ်။
Rio နဲ့သူဟာ သူငယ်ချင်းအရင်းတွေ မဟုတ်ပေမယ့် ဒီနှစ် Halloween မှာတော့ အိပ်ရာနိုးနိုးချင်းကို သူ Rio ကို သတိရမိတယ်။
လူတိုင်း သူ့လိုပဲ သတိရနေမယ် ထင်ခဲ့ပေမယ့် လူတိုင်းက မေ့မေ့ပျောက်ပျောက်ပဲ...
အဲ့ကိစ္စနဲ့ စိတ်ထဲ အစာမကြေဖြစ်နေတဲ့ Noah ၁ ယောက်၊ သူ့သူငယ်ချင်းမဟုတ်တဲ့ Rio ကို မျက်စိရှေ့မှာ အထင်းသားကြီး ပြန်တွေ့လိုက်ရတဲ့အချိန်မှာတော့....
ဇာတ်လမ်းက အချိုလေးပါပဲ။
ဆူးရဲ့ ထုံးစံအတိုင်း Plot twist ပိစိနဲ့ အချိုအချဥ်လေးတွေတော့ အရသာစုံမှာပေါ့နော်...
ဖတ်ကြည့်ပြီး စိတ်အပန်းပြေစေဖို့ မျှော်လင့်ပါတယ်ရှင်။
(Symphony က ဒီရက်ပိုင်းထဲပဲ Update မှာပါ။
ဆူး အလုပ်ရှုပ်ရမယ့် အပတ်ရှိသေးတာ မေ့ပြီး Chapter 1,2,3 ကို သွားတင်မိတာ။
အစမှာတင် Update ကြာရမှာနဲ့ တိုးလို့ တကယ် အားနာမိပါတယ်ရှင်။
မနက်ဖြန်ဆိုရင် ပြန်အားပါပြီ။)